ကွယ်လွန်သွားတဲ့ ဖခင်ကြီးဦးမေတ္တာကို လွမ်းဆွတ်တမ်တနေကြောင်းရင်ဖွင့်လာတဲ့ မေတ္တာမြင့်မြတ်ဟိန်း

Unicode

ပရိတ်သတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဝါရင့်လူရွှင်တော်ကြီး ဦးမေတ္တာကတော့ ဒီနေ့ အောက်တိုဘာလ (၂)ရက်နေ့မှာတော့ ကွယ်လွန်သွားတာ (၂)လပြည့်မြောက်သွားခဲ့ပါပြီ။ ကွယ်လွန်သွားချိန်မှာလည်း ပရိသတ်တွေက နှမြောတသသဖြစ်ခဲ့ရပြီး အခုချိန်ထိလည်း လွမ်းဆွတ်တမ်းတနေကြစဲပါ။

ဦးမေတ္တာရဲ့ သားဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်းကလည်း ဖခင်ကြီးကို လွမ်ဆွတ်တမ်းတ သတိရနေကြောင်း ဒီနေ့(၂)လပြည့်နေ့လေးမှာ ဝမ်းနည်းစွာနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အခုလိုပဲ ရင်ဖွင့်လာခဲ့ပါတယ်။ “ပြန်မလာနိုင်တော့တဲ့ ခရီးရှည်ကြီးကို ထွက်ခွာသွားတာ(၂)လတောင်ပြည့်ခဲ့ပြီဗျာ။

ဘယ်နေရာဖြစ်ဖြစ် ပွဲသွားကတိုင်း Video call နဲ့” အဆင်ပြေရဲ့လား သား နေကောင်းရဲ့လား ဂရုစိုက်အုံးနော် ” လို့အမြဲမှာတတ်သလို အခုလဲအဝေးကနေ မှာနေမယ်ဆိုတာ သိပါတယ်အဖေ။

ဖေဖေရော အဆင်ပြေရဲ့လား။ မေမေနဲ့ညီမလေးအတွက်လည်း စိတ်ချပါနော်။ အမေနဲ့ ညီမလေးရယ် နောက် အဖေ့ကိုချစ်တဲ့ ကျွန်တော်တို့ကိုချစ်တဲ့ ကျေးဇူးရှင်ပရိသတ်တွေအတွက် အမြဲကြိုးစားရင်း အနုပညာနဲ့ ဂါရဝပြု ရှေ့ဆက်နေပါ့မယ်။

ပွဲကပြီဆို ပရိသတ်တွေကြားထဲကနေ ရုပ်ဖျက်ပြီး လာလာကြည့်တတ်တဲ့ အဖေ။ ပွဲတွေပြန်ကရလို့ စင်ပေါ်ကိုရောက်တိုင်း သားအမြဲမျှော်နေမယ်နော်။ အရမ်းသတိရတယ် ဖေဖေ။ အရမ်းချစ်တယ်။”ဆိုပြီး

ဖခင်ကြီးနဲ့ အမှတ်တရတွေကိုလည်း အောင့်မေ့သတိရဖွယ် လွမ်းဆွတ်ဆမ်းတနေခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးတွေရေ ဦးမေတ္တာကွယ်လွန်သွားတာ (၂)လတောင်ရှိသွားခဲ့ပြီနော်။
Source – Myittar Myint Myat Hein

Zawgyi

ပရိတ္သတ္ႀကီးေရ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ ႐ုပ္ရွင္နဲ႕ ဗီဒီယိုသ႐ုပ္ေဆာင္ ဝါရင့္လူ႐ႊင္ေတာ္ႀကီး ဦးေမတၱာကေတာ့ ဒီေန႕ ေအာက္တိုဘာလ (၂)ရက္ေန႕မွာေတာ့ ကြယ္လြန္သြားတာ (၂)လျပည့္ေျမာက္သြားခဲ့ပါၿပီ။ ကြယ္လြန္သြားခ်ိန္မွာလည္း ပရိသတ္ေတြက ႏွေျမာတသသျဖစ္ခဲ့ရၿပီး အခုခ်ိန္ထိလည္း လြမ္းဆြတ္တမ္းတေနၾကစဲပါ။

ဦးေမတၱာရဲ႕ သားျဖစ္သူ ေမတၱာျမင့္ျမတ္ဟိန္းကလည္း ဖခင္ႀကီးကို လြမ္ဆြတ္တမ္းတ သတိရေနေၾကာင္း ဒီေန႕(၂)လျပည့္ေန႕ေလးမွာ ဝမ္းနည္းစြာနဲ႕ သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန အခုလိုပဲ ရင္ဖြင့္လာခဲ့ပါတယ္။ “ျပန္မလာနိုင္ေတာ့တဲ့ ခရီးရွည္ႀကီးကို ထြက္ခြာသြားတာ(၂)လေတာင္ျပည့္ခဲ့ၿပီဗ်ာ။

ဘယ္ေနရာျဖစ္ျဖစ္ ပြဲသြားကတိုင္း Video call နဲ႕” အဆင္ေျပရဲ႕လား သား ေနေကာင္းရဲ႕လား ဂ႐ုစိုက္အုံးေနာ္ ” လို႔အၿမဲမွာတတ္သလို အခုလဲအေဝးကေန မွာေနမယ္ဆိုတာ သိပါတယ္အေဖ။

ေဖေဖေရာ အဆင္ေျပရဲ႕လား။ ေမေမနဲ႕ညီမေလးအတြက္လည္း စိတ္ခ်ပါေနာ္။ အေမနဲ႕ ညီမေလးရယ္ ေနာက္ အေဖ့ကိုခ်စ္တဲ့ ကြၽန္ေတာ္တို႔ကိုခ်စ္တဲ့ ေက်းဇူးရွင္ပရိသတ္ေတြအတြက္ အၿမဲႀကိဳးစားရင္း အႏုပညာနဲ႕ ဂါရဝျပဳ ေရွ႕ဆက္ေနပါ့မယ္။

ပြဲကၿပီဆို ပရိသတ္ေတြၾကားထဲကေန ႐ုပ္ဖ်က္ၿပီး လာလာၾကည့္တတ္တဲ့ အေဖ။ ပြဲေတြျပန္ကရလို႔ စင္ေပၚကိုေရာက္တိုင္း သားအၿမဲေမွ်ာ္ေနမယ္ေနာ္။ အရမ္းသတိရတယ္ ေဖေဖ။ အရမ္းခ်စ္တယ္။”ဆိုၿပီး

ဖခင္ႀကီးနဲ႕ အမွတ္တရေတြကိုလည္း ေအာင့္ေမ့သတိရဖြယ္ လြမ္းဆြတ္ဆမ္းတေနခဲ့တာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးေတြေရ ဦးေမတၱာကြယ္လြန္သြားတာ (၂)လေတာင္ရွိသြားခဲ့ၿပီေနာ္။
Source – Myittar Myint Myat Hein