အမေစုကိုဦးဖြိုးမင်းသိန်းက သက်သေထွက်ဆိုပေးရတာနဲ့ ပတ်သက်ပြီး ဂယက်ထနေကိစ္စ ပန်ဆယ်လိုပြောပြီ

Unicode

အမေစုကိုဦးဖြိုးမင်းသိန်းက သက်သေထွက်ဆိုပေးရတာနဲ့ ပတ်သက်ပြီး ဂယက်ထနေကိစ္စ ပန်ဆယ်လိုပြောပြီ

အမေစုကို တရားစွဲထားတဲ့အမှုမှာ ဦးဖြိုးမင်းသိန်းက သက်သေထွက်ဆိုပေးရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဂယက် ထနေတဲ့ လူတွေကို အံ့ဩမိတယ်။ ခင်ဗျားတို့က ဘာဖြစ်နေကြတာတုန်း။

အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရော၊ ဦးဝင်းမြင့်ရော၊ ဦးဖြိုးမင်းသိန်းရော၊ အဖမ်းခံထားရသူအားလုံးဟာ သူတို့လက်ခုတ်ထဲ ရောက်သွားတာ။ ခြိမ်းခြောက် အကြပ်ကိုင် လုပ်ချင်တာ လုပ်ခိုင်းတော့မှာ။ ဒါကို သိလျက်နဲ့ သူတို့ဖြစ်စေချင်တဲ့ အချင်းချင်းသံသယဝင်မှုမျိုးတွေ အဖြစ်ခံနေတော့မလား။

ကိုယ်ကတော့ ရှင်းတယ်။ အမေစုအပါအဝင် အဖမ်းခံထားရသူတွေရဲ့ ကျန်းမာရေးကလွဲရင် ကျန်တာ စိတ်ကို မဝင်စားတာ။ ပြောခိုင်းချင်ရာ ပြောခိုင်းပါစေ။ ဘာတစ်ခုမှကို မယုံတာ။

ဦးဖြိုးမင်းသိန်းမကလို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင် သူတို့ပြောစေချင်တဲ့ Plot မျိုးကို ထပြောရရင် တောင် မယုံဘူး။ အဲ့လောက်ကို စိတ်ရှင်းထားတယ်။

စိတ်ရင်းအတိုင်းပြောရရင် အမေစုက စကစရဲ့ တရား စွဲဆိုမှုကို အမှုရင်ဆိုင်နေတာကိုတောင် သိပ်ဘဝင်မကျဘူး။ အာဏာသိမ်းချင်လို့ သိမ်းတယ်။ အမှုဆင်ဖမ်းဆီးတယ်။

အသိအမှတ်လည်း မပြုဘူး၊ အဖက်လည်း မလုပ်ဘူးပဲ ဖြစ်စေချင်တာ။ ဒါပေမယ့် ကိုယ်တွေထက် ပိုဥာဏ်ပညာကြီးမားသူမို့ ကိုယ်တွေဥာဏ်မမှီတာတွေ ရှိနေမှာပါပဲ။

သူတို့သည် သူတို့တာဝန်ကို ပြီးဆုံးအောင် တာဝန်ကျေခဲ့ပြီးပြီ။ စစ်ကောင်စီလက်ထဲရောက်သွားသူတွေရဲ့ ပကတိအရှိတရား အခြေအနေမှန်ကို သဘောပေါက်ထားကြသင့်ပြီ။ သူတို့ကို ဘယ်နေရာမှာ ဖမ်းဆီးထားတယ်တောင် ဘယ်သူမှ မသိရဘူး။

သူတို့ရဲ့ Public ကို ရောက်လာတဲ့ သတင်းမှန်သမျှဟာ စစ်ကောင်စီက ပြည်သူကို ဝေဝါးစေချင်လို့ တမင်ထုတ်တဲ့ သတင်းပဲ။

စကစရဲ့ ဒီPsywar က တော်လှန်ရေးမှာ ထဲထဲဝင်ဝင် မပါသူတွေကိုပဲ ထိတာ။ ထဲထဲဝင်ဝင် ပါနေတဲ့သူက ရင်တောင် မခုန်ဘူး။ စောက်ဖက်ကို မလုပ်တာ။

ဒီပြည်သူတွေ တိုက်နေကြတာက NLD အာဏာရရေးလည်း မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတစ်ခုတည်းလည်း မဟုတ်ဘူး။

လက်နက်ကိုင်ထားရင် လူပါးဝလို့ရတယ်ဆိုတဲ့ အစဉ်အလာဖြစ်နေတဲ့ စောက်ကျင့်ကို တော်လှန်နေတာ။ သန္ဓေဆိုးနဲ့ MaALoe စစ်တပ်ကို အပြီးတိုင် အမြစ်ဖြတ်ဖို့ တော်လှန်နေတာ။

အကွက်တော့ အကွက်ပဲ လေးပေဂျပု အကွက်နဲ့ ရုပ်မထွက်ဘူး။ဘအဟက်
ပန်ဆယ်လို

Zawgyi

အေမစုကိုဦးၿဖိဳးမင္းသိန္းက သက္ေသထြက္ဆိုေပးရတာနဲ႕ ပတ္သက္ၿပီး ဂယက္ထေနကိစၥ ပန္ဆယ္လိုေျပာၿပီ

အေမစုကို တရားစြဲထားတဲ့အမႈမွာ ဦးၿဖိဳးမင္းသိန္းက သက္ေသထြက္ဆိုေပးရတဲ့ကိစၥနဲ႕ ပတ္သက္ၿပီး ဂယက္ ထေနတဲ့ လူေတြကို အံ့ဩမိတယ္။ ခင္ဗ်ားတို႔က ဘာျဖစ္ေနၾကတာတုန္း။

အခုအခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္ေရာ၊ ဦးဝင္းျမင့္ေရာ၊ ဦးၿဖိဳးမင္းသိန္းေရာ၊ အဖမ္းခံထားရသူအားလုံးဟာ သူတို႔လက္ခုတ္ထဲ ေရာက္သြားတာ။ ၿခိမ္းေျခာက္ အၾကပ္ကိုင္ လုပ္ခ်င္တာ လုပ္ခိုင္းေတာ့မွာ။ ဒါကို သိလ်က္နဲ႕ သူတို႔ျဖစ္ေစခ်င္တဲ့ အခ်င္းခ်င္းသံသယဝင္မႈမ်ိဳးေတြ အျဖစ္ခံေနေတာ့မလား။

ကိုယ္ကေတာ့ ရွင္းတယ္။ အေမစုအပါအဝင္ အဖမ္းခံထားရသူေတြရဲ႕ က်န္းမာေရးကလြဲရင္ က်န္တာ စိတ္ကို မဝင္စားတာ။ ေျပာခိုင္းခ်င္ရာ ေျပာခိုင္းပါေစ။ ဘာတစ္ခုမွကို မယုံတာ။

ဦးၿဖိဳးမင္းသိန္းမကလို႔ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္ တိုင္ သူတို႔ေျပာေစခ်င္တဲ့ Plot မ်ိဳးကို ထေျပာရရင္ ေတာင္ မယုံဘူး။ အဲ့ေလာက္ကို စိတ္ရွင္းထားတယ္။

စိတ္ရင္းအတိုင္းေျပာရရင္ အေမစုက စကစရဲ႕ တရား စြဲဆိုမႈကို အမႈရင္ဆိုင္ေနတာကိုေတာင္ သိပ္ဘဝင္မက်ဘဴး။ အာဏာသိမ္းခ်င္လို႔ သိမ္းတယ္။ အမႈဆင္ဖမ္းဆီးတယ္။

အသိအမွတ္လည္း မျပဳဘူး၊ အဖက္လည္း မလုပ္ဘူးပဲ ျဖစ္ေစခ်င္တာ။ ဒါေပမယ့္ ကိုယ္ေတြထက္ ပိုဥာဏ္ပညာႀကီးမားသူမို႔ ကိုယ္ေတြဥာဏ္မမွီတာေတြ ရွိေနမွာပါပဲ။

သူတို႔သည္ သူတို႔တာဝန္ကို ၿပီးဆုံးေအာင္ တာဝန္ေက်ခဲ့ၿပီးၿပီ။ စစ္ေကာင္စီလက္ထဲေရာက္သြားသူေတြရဲ႕ ပကတိအရွိတရား အေျခအေနမွန္ကို သေဘာေပါက္ထားၾကသင့္ၿပီ။ သူတို႔ကို ဘယ္ေနရာမွာ ဖမ္းဆီးထားတယ္ေတာင္ ဘယ္သူမွ မသိရဘူး။

သူတို႔ရဲ႕ Public ကို ေရာက္လာတဲ့ သတင္းမွန္သမွ်ဟာ စစ္ေကာင္စီက ျပည္သူကို ေဝဝါးေစခ်င္လို႔ တမင္ထုတ္တဲ့ သတင္းပဲ။

စကစရဲ႕ ဒီPsywar က ေတာ္လွန္ေရးမွာ ထဲထဲဝင္ဝင္ မပါသူေတြကိုပဲ ထိတာ။ ထဲထဲဝင္ဝင္ ပါေနတဲ့သူက ရင္ေတာင္ မခုန္ဘူး။ ေစာက္ဖက္ကို မလုပ္တာ။

ဒီျပည္သူေတြ တိုက္ေနၾကတာက NLD အာဏာရေရးလည္း မဟုတ္ဘူး။ ေဒၚေအာင္ဆန္းစုၾကည္ လြတ္ေျမာက္ေရးတစ္ခုတည္းလည္း မဟုတ္ဘူး။

လက္နက္ကိုင္ထားရင္ လူပါးဝလို႔ရတယ္ဆိုတဲ့ အစဥ္အလာျဖစ္ေနတဲ့ ေစာက္က်င့္ကို ေတာ္လွန္ေနတာ။ သေႏၶဆိုးနဲ႕ MaALoe စစ္တပ္ကို အၿပီးတိုင္ အျမစ္ျဖတ္ဖို႔ ေတာ္လွန္ေနတာ။

အကြက္ေတာ့ အကြက္ပဲ ေလးေပဂ်ပဳ အကြက္နဲ႕ ႐ုပ္မထြက္ဘူး။ဘအဟက္
ပန္ဆယ္လို