မွေးရာပါ ကလီစာများ အပြင်ထွက်နေရှာတဲ့ သနားစရာ ကလေးငယ်လေးကို မွေးစား စောင့်ရှောက် ပေးမယ့် ခိုင်နှင်းဝေ

Unicode

သရုပ်ဆောင်ခိုင်နှင်းဝေကတော့ လက်ရှိအခြေအနေမှာ ပရဟိတအလုပ်တွေကို မလစ်ဟင်းစေဘဲ ပြည်သူတွေအတွက် အင်တိုက်အားတိုက် ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။

ဒါ့အပြင် သူမရဲ့ ရင်သွေးလေးများဂေဟာက ကလေးငယ်လေးတွေကိုလည်း လိုလေသေးမရှိအောင် ဂရုစိုက်စောင့်ရှောက်ပေးနေတာကိုလည်း လေးစားစွာ တွေ့ရပါတယ်။

ခိုင်နှင်းဝေက အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခံလိုက်ရတဲ့ ရင်သွေးငယ်လေးတွေကို သူမရဲ့သားသမီးအရင်းအချာတွေလို ကယ်တင်စောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ် ။

အခုလည်း မွေးရာပါ ကလီစာများ အပြင်ထွက်နေတဲ့ သနားစရာ ကလေးငယ်လေးကို မွေးစား စောင့်ရှောက် ပေးခဲ့ပြန်ပါတယ် ။

အကြောင်းအရာ အပြည့်အစုံကိုလည်း ” ပဌာန်းဆက် ရေစက်တွေကြောင့် ထပ်မံ မွေးစား ဆေးကုသပေးသွားမဲ့ သမီးလေးပါရှင်…ရှမ်းပြည်နယ် တောဘက်မှ ဖြစ်ပြီး မွေးရာပါ ကလီစာများ အပြင်ထွက်နေသောကြောင့်

အရေးပေါ် ခွဲစိတ်ကုသမှုများ ခံယူရမည့် ၃ ရက်သမီးလေးပါ..သက်ရှည်ကျန်းမာပါစေကြောင်း ဆုတောင်းရင်း တတ်နိုင်သမျှ ကယ်တင်သွားဖြစ်ပါမယ်ရှင်…” ရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။
Photo – Khine Hnin Wai

Zawgyi

သ႐ုပ္ေဆာင္ခိုင္ႏွင္းေဝကေတာ့ လက္ရွိအေျခအေနမွာ ပရဟိတအလုပ္ေတြကို မလစ္ဟင္းေစဘဲ ျပည္သူေတြအတြက္ အင္တိုက္အားတိုက္ ေဆာင္႐ြက္ေနတာပဲျဖစ္ပါတယ္။

ဒါ့အျပင္ သူမရဲ႕ ရင္ေသြးေလးမ်ားေဂဟာက ကေလးငယ္ေလးေတြကိုလည္း လိုေလေသးမရွိေအာင္ ဂ႐ုစိုက္ေစာင့္ေရွာက္ေပးေနတာကိုလည္း ေလးစားစြာ ေတြ႕ရပါတယ္။

ခိုင္ႏွင္းေဝက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စြန႔္ပစ္ခံလိုက္ရတဲ့ ရင္ေသြးငယ္ေလးေတြကို သူမရဲ႕သားသမီးအရင္းအခ်ာေတြလို ကယ္တင္ေစာင့္ေရွာက္ေပးေနတာ ျဖစ္ပါတယ္ ။

အခုလည္း ေမြးရာပါ ကလီစာမ်ား အျပင္ထြက္ေနတဲ့ သနားစရာ ကေလးငယ္ေလးကို ေမြးစား ေစာင့္ေရွာက္ ေပးခဲ့ျပန္ပါတယ္ ။

အေၾကာင္းအရာ အျပည့္အစုံကိုလည္း ” ပဌာန္းဆက္ ေရစက္ေတြေၾကာင့္ ထပ္မံ ေမြးစား ေဆးကုသေပးသြားမဲ့ သမီးေလးပါရွင္…ရွမ္းျပည္နယ္ ေတာဘက္မွ ျဖစ္ၿပီး ေမြးရာပါ ကလီစာမ်ား အျပင္ထြက္ေနေသာေၾကာင့္

အေရးေပၚ ခြဲစိတ္ကုသမႈမ်ား ခံယူရမည့္ ၃ ရက္သမီးေလးပါ..သက္ရွည္က်န္းမာပါေစေၾကာင္း ဆုေတာင္းရင္း တတ္နိုင္သမွ် ကယ္တင္သြားျဖစ္ပါမယ္ရွင္…” ေရးသားထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။
Photo – Khine Hnin Wai