PDF ထဲဝင်သွားလို့ သားအဖြစ်မှ စွန့်လွှတ်ခံလိုက်ရတဲ့ GZ ညီငယ် တစ်ယောက် ကြေကွဲစွာရေးထားတဲ့ စာ

Unicode

PDF ထဲဝင်သွားလို့ သားအဖြစ်မှ စွန့်လွှတ်ခံလိုက်ရတဲ့ GZ ညီငယ် တစ်ယောက် ကြေကွဲစွာရေးထားတဲ့ စာ

အရာအားလုံးဆုံးရှုံးရမယ်ဆိုတာ သိပြီးသားပါ အမေ။
အမေ့ကို စွန့်ခွာခဲ့တဲ့သားကို (လုံး၀) ခွင့်မလွှတ်ပါနဲ့။

ပြည်သူအားလုံးအတွက် သားမှန်တဲ့လမ်းရွေးခဲ့တာဖြစ်လို့

သားနောင်တမရဘူး အဆုံးထိဆက်လျှောက်မယ်။

သား စစ်ပညာတွေ အားလုံးတတ်မြောက်အောင်သင်ယူခွင့်ပေးပါ။

သား တော်လှန်ရေးရဲဘော်တွေကို ကာကွယ်ခွင့်ပေးပါ။

သား လက်တစ်စုပ်စာအာဏာရှင်ကို အမြစ်ဖြတ်ခွင့်ပေးပါ။

သား ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ် ကာကွယ်ခွင့်ပေးပါ။

တိုင်းရင်းသားအားလုံးပါ၀င်တဲ့ ငြိမ်းချမ်းသော ဖက်ဒရယ် ပြည်ထောင်စုကြီးကို သား ခြေ သား လက်နဲ့တည်ဆောက်ခွင့်ပေးပါအမေ။

တစ်နိုင်ငံလုံးမတရားမှုကြီးအောက်က လွတ်မြောက်ဖို့အရာအားလုံးစွန့်လွှတ်ပြီး တော်လှန်ပေးနေတဲ့ သား နဲ့အတူရဲဘော်တွေ ထမင်းစားဖို့ သား အလှူခံစားရပါတယ်။

ကိုယ့်ကျိုးအတွက် အလှူခံနေတာမဟုတ်ကြောင်း ယုံကြည်အောင် သားရဲ့စစ်မှန်တဲ့ပြည်သူ့စစ်သားဘ၀ကိုချပြလိုက်ရတာပါ။

5 လလောက် မဆက်သွယ်ပဲ ပစ်ထားမိခဲ့တာ နားလည်ပေးပါ အမေ

“မိဘကိုမကြည့်ပဲ ပြည်သူကိုသာကြည့်မိခဲ့တယ်”ဒီအတွက်‌အမေ့မှာအပြစ်မရှိပါဘူး။ အားလုံးသားအပစ်တွေပါ။

မိဘကိုစွန့်လွှတ်လိုက်ရတာထက်

ဒီထက်ဆုံးရှုံးစရာဘာမှမရှိတော့ပါဘူး။

တော်လှန်ရေးအောင်မြင်ပြီးဆုံးတဲ့နေ့ အသက်ရှင်နေသေးရင် အိမ်ပြန်စရာမရှိတဲ့သူတစ်ယောက် ဖြစ်ရုံကလွဲလို့ အဆင်ပြေပါတယ် အမေ

သား အမေ့ကို အရမ်းချစ်ပါတယ်
Our Hero – ရှိုင်းထက်ဇော်

Zawgyi

PDF ထဲဝင္သြားလို႔ သားအျဖစ္မွ စြန့္လႊတ္ခံလိုက္ရတဲ့ GZ ညီငယ္ တစ္ေယာက္ ေၾကကြဲစြာေရးထားတဲ့ စာ

အရာအားလုံးဆုံးရႈံးရမယ္ဆိုတာ သိၿပီးသားပါ အေမ။
အေမ့ကို စြန႔္ခြာခဲ့တဲ့သားကို (လုံး၀) ခြင့္မလႊတ္ပါနဲ႕။

ျပည္သူအားလုံးအတြက္ သားမွန္တဲ့လမ္းေ႐ြးခဲ့တာျဖစ္လို႔

သားေနာင္တမရဘူး အဆုံးထိဆက္ေလွ်ာက္မယ္။

သား စစ္ပညာေတြ အားလုံးတတ္ေျမာက္ေအာင္သင္ယူခြင့္ေပးပါ။

သား ေတာ္လွန္ေရးရဲေဘာ္ေတြကို ကာကြယ္ခြင့္ေပးပါ။

သား လက္တစ္စုပ္စာအာဏာရွင္ကို အျမစ္ျဖတ္ခြင့္ေပးပါ။

သား ျပည္သူလူထုရဲ႕အသက္အိုးအိမ္စည္းစိမ္ ကာကြယ္ခြင့္ေပးပါ။

တိုင္းရင္းသားအားလုံးပါ၀င္တဲ့ ၿငိမ္းခ်မ္းေသာ ဖက္ဒရယ္ ျပည္ေထာင္စုႀကီးကို သား ေျခ သား လက္နဲ႕တည္ေဆာက္ခြင့္ေပးပါအေမ။

တစ္နိုင္ငံလုံးမတရားမႈႀကီးေအာက္က လြတ္ေျမာက္ဖို႔အရာအားလုံးစြန႔္လႊတ္ၿပီး ေတာ္လွန္ေပးေနတဲ့ သား နဲ႕အတူရဲေဘာ္ေတြ ထမင္းစားဖို႔ သား အလႉခံစားရပါတယ္။

ကိုယ့္က်ိဳးအတြက္ အလႉခံေနတာမဟုတ္ေၾကာင္း ယုံၾကည္ေအာင္ သားရဲ႕စစ္မွန္တဲ့ျပည္သူ႕စစ္သားဘ၀ကိုခ်ျပလိုက္ရတာပါ။

5 လေလာက္ မဆက္သြယ္ပဲ ပစ္ထားမိခဲ့တာ နားလည္ေပးပါ အေမ

“မိဘကိုမၾကည့္ပဲ ျပည္သူကိုသာၾကည့္မိခဲ့တယ္”ဒီအတြက္‌အေမ့မွာအျပစ္မရွိပါဘူး။ အားလုံးသားအပစ္ေတြပါ။

မိဘကိုစြန႔္လႊတ္လိုက္ရတာထက္

ဒီထက္ဆုံးရႈံးစရာဘာမွမရွိေတာ့ပါဘူး။

ေတာ္လွန္ေရးေအာင္ျမင္ၿပီးဆုံးတဲ့ေန႕ အသက္ရွင္ေနေသးရင္ အိမ္ျပန္စရာမရွိတဲ့သူတစ္ေယာက္ ျဖစ္႐ုံကလြဲလို႔ အဆင္ေျပပါတယ္ အေမ

သား အေမ့ကို အရမ္းခ်စ္ပါတယ္
Our Hero – ရွိုင္းထက္ေဇာ္