မကြာခင်ရန်ကုန်ကိုပြန်လာမယ်ဆိုတဲ့စကားနဲ့အတူ ခေတ်မီလက်နက်တွေနဲ့သူ့ပုံလေးတွေကိုပါ တင်ပေးလာတဲ့ သရုပ်ဆောင် မင်းမော်ကွန်း…
Unicode
မကြာခင်ရန်ကုန်ကိုပြန်လာမယ်ဆိုတဲ့စကားနဲ့အတူ ခေတ်မီလက်နက်တွေနဲ့သူ့ပုံလေးတွေကိုပါ တင်ပေးလာတဲ့ သရုပ်ဆောင် မင်းမော်ကွန်း…
သရုပ်ဆောင် မင်းမော်ကွန်းကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများတွင် ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။
အခုလိုပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့်တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။အခြေအနေအရပ်ရပ်ကြောင့် တိမ်းရှောင်နေရပေမယ့်လည်း လူမှုကွန်ယက်များမှတစ်ဆင့် တတ်နိုင်သလောက် speak out လုပ်ပေးနေတာဖြစ်ပါတယ်။
ပရိသတ်တွေကတော့ မင်းမော်ကွန်းရဲ့ အားကြိုးမာန်တက် ပါဝင်ဆောင်ရွက်ခဲ့တာကို လေးစားအားကျနေကြတာဖြစ်ပါတယ်။ တိကျတဲ့သတင်းအချက်များကိုလည်းအားလုံးကို ပြန်လည်ဝေမျှပေးလေ့ရှိရာ
မကြာသေးခင် နာရီပိုင်းလောက်ကလည်း မင်းမော်ကွန်းရဲ့Facebook Story တွင် ပုံလေးနှစ်ပုံတင်ထားတာဖြစ်ပါတယ်။ ဒါကတော့လက်နက်အပြည့်အစုံတပ်ဆင်ထားပြီး အပြတ်အသတ်ကို မိုက်နေတဲ့မင်းမော်ကွန်းရဲ့ပုံရိပ်တစ်ချို့ ဖြစ်ပါတယ်။
သူကလည်း ” ပြေးလာချင်တယ် ရန်ကုန် ” ၊ ” ရန်ကုန်ကို လာမယ် ” ဆိုတဲ့ Captionတွေနဲ့အတူရေးသားဝေမျှထားတာကိုလည်းမြင်တွေ့ရပါတယ်။
မင်းမော်ကွန်းကတော့ တောထဲတစ်နေရာမှာ နေထိုင်နေရတာတောင် သူ့ရဲ့ ပုံစံကတော့ခန့်ညားနေဆဲပါပဲနော်။ကဲပရိသတ်ကြီးလည်းကြည့်ရှုလို့ရအောင် မင်းမော်ကွန်းရဲ့ပုံလေးတွေကို တင်ဆက်ပေးလိုက် ရပါတယ်နော်။Crd
Zawgyi