ပြင်ဦးလွင်မြို့မှာရှိတဲ့ ဘုန်းကြီးကျောင်း လမ်းခင်းဖို့အတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တဲ့ ဝတ်မှုံရွှေရည်တို့မိသားစု

Unicode

သရုပ်ဆောင်မင်းသမီးချော ဝတ်မှုံရွှေရည်ကတော့ ပြည်ပနိုင်ငံက ချီးမြှင့်ပေးအပ်တဲ့ ထူးချွန်ဆုတွေရရှိထားကာ ထိပ်တန်းကနေ အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

အရေးတော်ပုံကြီးမှာ အနုပညာရှင် ညီအစ်ကိုမောင်နှမတွေနဲ့အတူ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာလည်း ပြည်သူတွေနဲ့ရပ်တည်ခဲ့ပြီး လိုအပ်နေတဲ့ပြည်သူတွေအတွက်လည်း တတ်နိုင်သလောက်ဖေးမကူညီ လှူဒါန်းနေတာ ဖြစ်ပါတယ်

အားလုံးက ချစ်ခင်အားပေးနေကြရတဲ့ ရွှေကစ်လေးကတော့ ဒီကနေ့မှာလည်း ပြင်ဦးလွင်မြို့မှာရှိတဲ့ ဘုန်းကြီးကျောင်း လမ်းခင်းဖို့အတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စားဝတ်နေရေးတွေအပြင် စီးပွားကြပ်တည်းနေတဲ့ အခုလိုအချိန်ကာလကြီးမှာလည်း လှူဒါန်းမှုတွေကို မကြာခဏပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

ပြင်ဦးလွင်မြို့ ပြင်စာနောင်ဝယ်ရွာစိတ္တပါလ ဗုဒ္ဓ ဝိပသနာကျောင်း လမ်းခင်းဖို့အတွက် အလှူငွေ (၁)သိန်း နဲ့ အမိုးမိုးဖို့အတွက် အလှူငွေ(၁)သိန်းကို မိသားစုတွေနဲ့အတူ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

မွန်မြတ်လွန်းတဲ့ ကောင်းမှုလေးတွေနဲ့ ကုသိုလ်ယူနေတဲ့ ဝတ်မှုံရွှေရည်တို့မိသားစု အလှူလေးကို အားလုံးက ဝမ်းသာစွာ သာဓုခေါ်ဆုတောင်းပေးနေကြတာလည်း ဖြစ်ပါတယ်။
Credit

Zawgyi

သ႐ုပ္ေဆာင္မင္းသမီးေခ်ာ ဝတ္မႈံေ႐ႊရည္ကေတာ့ ျပည္ပနိုင္ငံက ခ်ီးျမႇင့္ေပးအပ္တဲ့ ထူးခြၽန္ဆုေတြရရွိထားကာ ထိပ္တန္းကေန ေအာင္ျမင္ေနတဲ့ အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။

အေရးေတာ္ပုံႀကီးမွာ အႏုပညာရွင္ ညီအစ္ကိုေမာင္ႏွမေတြနဲ႕အတူ လမ္းေပၚထြက္လႈပ္ရွားမႈေတြမွာလည္း ျပည္သူေတြနဲ႕ရပ္တည္ခဲ့ၿပီး လိုအပ္ေနတဲ့ျပည္သူေတြအတြက္လည္း တတ္နိုင္သေလာက္ေဖးမကူညီ လႉဒါန္းေနတာ ျဖစ္ပါတယ္

အားလုံးက ခ်စ္ခင္အားေပးေနၾကရတဲ့ ေ႐ႊကစ္ေလးကေတာ့ ဒီကေန႕မွာလည္း ျပင္ဦးလြင္ၿမိဳ႕မွာရွိတဲ့ ဘုန္းႀကီးေက်ာင္း လမ္းခင္းဖို႔အတြက္ လႉဒါန္းမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

စားဝတ္ေနေရးေတြအျပင္ စီးပြားၾကပ္တည္းေနတဲ့ အခုလိုအခ်ိန္ကာလႀကီးမွာလည္း လႉဒါန္းမႈေတြကို မၾကာခဏျပဳလုပ္ေနတာလည္း ျဖစ္ပါတယ္။

ျပင္ဦးလြင္ၿမိဳ႕ ျပင္စာေနာင္ဝယ္႐ြာစိတၱပါလ ဗုဒၶ ဝိပသနာေက်ာင္း လမ္းခင္းဖို႔အတြက္ အလႉေငြ (၁)သိန္း နဲ႕ အမိုးမိုးဖို႔အတြက္ အလႉေငြ(၁)သိန္းကို မိသားစုေတြနဲ႕အတူ လႉဒါန္းခဲ့တာ ျဖစ္ပါတယ္။

မြန္ျမတ္လြန္းတဲ့ ေကာင္းမႈေလးေတြနဲ႕ ကုသိုလ္ယူေနတဲ့ ဝတ္မႈံေ႐ႊရည္တို႔မိသားစု အလႉေလးကို အားလုံးက ဝမ္းသာစြာ သာဓုေခၚဆုေတာင္းေပးေနၾကတာလည္း ျဖစ္ပါတယ္။
Credit