ယနေ့မှာ ကျရောက်တဲ့ ချစ်ဇနီးရဲ့ မွေးနေ့လေးကို အဝေးကနေပဲ အမှတ်တရ ဆုတောင်း စကားလေး ဆိုလာတဲ့ ညီနန္ဒ

Unicode

ညီနန္ဒက အနုပညာလောကမှာလည်း အောင်မြင်မှုတွေရရှိထားတဲ့ ဝါရင့်အနုပညာရှင်ဖြစ်သလို ကိုယ်ပိုင်စီးပွားရေးလေးဖြစ်တဲ့ ကိုနန္ဒထောပတ်ထမင်းကလည်း အတော်လေးအောင်မြင်မှုရရှိထားတာဖြစ်ပါတယ်။

ဒါပေမယ့် ခုချိန်မှာ ၅၀၅ (က)နဲ့ တရားဆွဲဆို ခဲထားရတာကြောင့် ရှောင်ပုန်းနေရပြီး မိသားစုနဲ့လည်းခွဲခွာနေရသလို အရင်လိုထောပတ်ထမင်းလုပ်ငန်းကိုလည်း မလုပ်နိုင်တော့တာဖြစ်ပါတယ်။

ပရိသတ်တွေကလည်း ဒီနေ့ ဒီချိန်အထိ ညီနန္ဒ ဘေးအန္တရာယ် ကင်းဖို့နဲ့ မိသားစု နဲ့ အတူ ပြန်လည် အမြန်ဆုံးတွေ့ဆုံနိုင်ဖို့ ဆုတောင်းပေးနေကြတာ တွေ့ရပါတယ် ။ ယနေ့မှာတော့ ညီနန္ဒက ချစ်ရတဲ့ ဇနီးဖြစ်သူရဲ့ မွေးနေ့လေးကို အဝေးကနေပဲ အမှတ်တရ စကားလေးတွေနဲ့ ဆုမွန်ကောင်းတောင်းပေးလာတာ တွေ့ရပါတယ် ။

မွေးနေ့ဆုတောင်းလေးကတော့ ” Happy Birthday ပါ ချစ်ရပါသောမိန်းမရေ…မိန်းမရဲ့ ဒီနေ့ကျရောက်တဲ့ မွေးနေ့ကစပြီး တစ်သက်လုံးစိတ်ချမ်းသာပါစေ

ယောကျ်ားအပေါ်မှာရော သမီးလေးအပေါ်မှာပါ တာဝန်ကျေလွန်းတဲ့အတွက် ပိုပြီးတန်ဖိုးထားချစ်ရပါတယ်…ကိုနန္ဒ ထောပတ်ထမင်း” ရဲ့ မျိုးဆက်ဖြစ်တဲ့ “စနိုးဦး ထောပတ်ထမင်း” ကို

တစ်ယောက်တည်း အောင်မြင်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့အရည်အချင်းကို တန်ဖိုးထား ဂုဏ်ယူပါတယ် မိန်းမရေ…မိန်းမအဖြစ်ချင်ဆုံးဆန္ဒ “သာသနာပြုနိုင်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီး” အမြန်ဆုံးဖြစ်ပါစေ…” ဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။
Photo – Nyi Nanda

Zawgyi





ယောက်ျားအပေါ်မှာရော သမီးလေးအပေါ်မှာပါ တာဝန်ကျေလွန်းတဲ့အတွက် ပိုပြီးတန်ဖိုးထားချစ်ရပါတယ်…ကိုနန္ဒ ထောပတ်ထမင်း” ရဲ့ မျိုးဆက်ဖြစ်တဲ့ “စနိုးဦး ထောပတ်ထမင်း” ကို

Photo – Nyi Nanda