Live Sale ရောင်းချပေးရာကနေရရှိတဲ့ အနုပညာကြေးတွေအားလုံး မိခင်ကြီးကို ကန်တော့ခဲ့တဲ့ နေဒွေး

Unicode

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသားချောနေဒွေးကတော့ လက်ရှိမှာ ကိုယ်ပိုင်စီးပွားရေးနဲ့အတူ

အနုပညာအလုပ်တွေကိုလည်းလုပ်ကိုင်ပြီး မိခင်ကြီးကို လုပ်ကိုင်ကျွေးမွေးနေခဲ့ပါတယ်။

မိခင်ကြီးကိုလိုလေသေးမရှိပြည့်စုံအောင်ထားပြီး မိခင်ကြီးအားကိုးရတဲ့သားလိမ္မာတစ်ယောက်လည်းဖြစ်ပါတယ်။

လတ်တလောမှာလည်း နေဒွေးက Live Sale ရောင်းချရာကနေရရှိတဲ့ အနုပညာကြေးတွေအားလုံးကိုမသုံးမစွဲဘဲ မိခင်ကြီးကို အကုန်အပ်ခဲ့ပါသေးတယ်။

နေဒွေးက အစကတော့ လုပ်အားခအနုပညာကြေးတွေကို အသစ်ထွက်ရှိတဲ့ Iphone (13)

ဝယ်ယူဖို့ရည်ရွယ်ထားခဲ့ပေမဲ့လည်း မိခင်ကြီး လှူဒါန်းချင်တာတွေ စိတ်ကြိုက်လှူဒါန်းလို့ရအောင် မိခင်ကြီးကိုအကုန်ကန်တော့ခဲ့ပါတယ်တဲ့။

CeleZone ပရိသတ်ကြီးရေ နေဒွေးကတော့ အလုပ်ကိစ္စတွေနဲ့ ခရီးတွေထွက်ရရင်တောင်မိခင်ကြီးကို အပါခေါ်တဲ့သားလိမ္မာလေးဖြစ်ပြီး

နေဒွေးလို သားလိမ္မာလေးရရှိထားတဲ့ နေဒွေးရဲ့မေမေကတော့ ကြည်နူးပီတိဖြစ်နေရမှာအသေအချာပါပဲနော်။
Source – Nay Dway

Zawgyi









Source – Nay Dway