လွတ်မြောက်နယ်မြေကနေ အောင်ပွဲနဲ့အတူပြန်လာခဲ့မယ်လို့ မျက်ရည်တွေနဲ့ ကတိပေးလာတဲ့ မြနှင်းရည်လွင်

Unicode

လွတ်မြောက်နယ်မြေကနေ အောင်ပွဲနဲ့အတူပြန်လာခဲ့မယ်လို့ မျက်ရည်တွေနဲ့ကတိပေးလာတဲ့ မြနှင်းရည်လွင်

လက်ရှိရောက်နေတဲ့နေရာမှာ အခက်အခဲများစွာကြုံတွေ့နေရပေမယ့် စစ်အာဏာရှင်ပြုတ်ကျရေးအတွက်အဆုံးထိတိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတယ်လို့

သရုပ်ဆောင် မြနှင်းရည်လွင်ကပြောလိုက်ပါတယ်သူဟာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် နာမည်ကြီး အနုပညာရှင်တွေနဲ့အတူ

ရန်ကုန် လူထုဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့်ဧပြီ ၆ ရက်နေ့မှာ ပုဒ်မ ၅၀၅(က) တပ်မတော်ကိုအကြည်ညိုပျက်စေမှုနဲ့ ဖမ်းဝရမ်း lအထုတ်ခံခဲ့ရပါတယ်

ဒါကြောင့် ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ရင်းပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတစ်ခုကို ရောက်ရှိလာတာပါ

သရုပ်ဆောင် မြနှင်းရည်လွင်ဟာစစ်အာဏာမသိမ်းခင် က MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးခဲ့ပြီး ငွေစက္ကူ ခုနစ်ရွက်၊ မာယာလှည့်ကွက်၊ အခန်းနံပါတ်စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ လူသိများထင်ရှားလာသူဖြစ်ပါတယ်။

ဇာတ်လမ်းတွဲပေါင်း (၁၀)ခု၊ လူကြိုက်များတဲ့ ကြော်ငြာသုံးခုနဲ့အတူ ရိုက်ကူးပြီး၊ရိုက်ကူးဆဲရုပ်ရှင်ဇာတ်ကားကြီး လေးခုမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

သရုပ်ဆောင် မြနှင်းရည်လွင်ရဲ့ ပြောကြားချက်တွေကို ထုတ်လွှင့်ပေးလိုက်ပါတယ်။RFA ဝိုင်းတော်သူမအေးအေးမွန်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

ရုပ်သံကြည့်ရန်

Zawgyi




ရန်ကုန် လူထု ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့တာကြောင့်ဧပြီ ၆ ရက်နေ့မှာ ပုဒ်မ ၅၀၅ (က)တပ်မတော်ကို lအကြည်ညိုပျက်စေမှုနဲ့ ဖမ်းဝရမ်းအထုတ်ခံခဲ့ရပါတယ်



ဇာတ်လမ်းတွဲပေါင်း (၁၀) lခု၊ လူကြိုက်များတဲ့ ကြော်ငြာ သုံးခုနဲ့အတူ ရိုက်ကူးပြီး၊ရိုက်ကူးဆဲရုပ်ရှင်ဇာတ်ကားကြီး လေးခုမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။


ရုပ်သံကြည့်ရန်