ပိုလီယို ရောဂါခံစားနေရတဲ့ သမီးလေးကို လိုအပ်တာတွေ သွားလှူပေးရင်း ကြည်နူးပီတိခဲ့ရတဲ့ အကြောင်းတွေကို ပြေပြလာတဲ့ ဝေဠုကျော်

Unicode

ဝေဠုကျော်ကတော့ ခုလို ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူတွေ အတွက် အခြေခံ စားသောက်ကုန်တွေ ပေးဝေလှူဒါန်းပြီး တတ်နိုင်သလောက် ဖေးမကူညီနေတာလည်း ဖြစ်ပါတယ်။

သူကိုယ်တိုင်လည်း ဖောင်ဒေးရှင်းတစ်ခု  တည်ထောင်ထားပြီး  အဖွဲ့သားများနဲ့အတူ  လိုအပ်တဲ့ နေရာများကို ကိုယ်တိုင် သွားရောက် လေ့လာကာ  ကူညီလှူဒါန်းပေးနတောတွေကို  မြင်တွေ့ရတာလည်း ကြည်နူးစရာ ကောင်းလွန်းလှပါတယ်နော်။

အခုလည်း ပိုလီယို ရောဂါခံစားနေရတဲ့ သမီးငယ်လေးရဲ့ ဆီကို ကိုယ်တိုင်သွားရောက်ကာ လိုအပ်တာများ လှူဒါန်းခဲ့ပါတယ် ။ မိခင်ဖြစ်သူက မုဆိုးမ ဖြစ်ပြီး ဘဝကို အတော်လေး ရုန်းကန်ရှာဖွေ စားသောက်နေရတယ်လို့ သိရပါတယ် ။

ဝေဠုကျော်အနေနဲ့ တတ်နိုင်သလောက် လှူဒါန်းမှုတွေ ပြုလုပ်ပေးခဲ့တဲ့ အကြောင်းကို ” ပိုလီယို သမီးလေးအတွက် အဝတ်အစားလေးတွေ ယူသွားပြီး လှူပေးခဲ့ပါတယ်။

သူ့အမေ မုဆိုးမ ရုန်းကန်နေရသူအတွက်ကတော့ ဆန်ဆီငါး စားနပ်ရိက္ခာ အလှူပေါ့။ သမီးလေးကတော့ သူ့မြင်လိုက်တိုင်း ပြုံးပျော်နေတာပါပဲ စကားမပြောနိူင်၊ လမ်းမလျှောက်နိူင် ပိုလီယိုသမားလေးမို့ တွန့်လိမ်ကွေးနေပေမယ့် အဝတ်တွေလျှော်တာမျိုးတော့ လုပ်တယ်ဆိုပဲ။

အရွယ်ရောက်လာရင်တော့ ဒီလို မသန်စွမ်းတွေ အတွက် ထောက်ပံ့မှုတွေ လိုအပ်အုံးမှာပါ။ အမြဲတမ်းပျော်ရွှင်စွာနဲ့ ဘဝခရီးလမ်းကို မသန်ပေမယ့် စွမ်းဆောင်နိူင်ပြီး အခက်အခဲမရှိ လျှောက်လှမ်းနိူင်ပါစေ သမီးရယ်။ ” ရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။
Photo – Wai Lu Kyaw

Zawgyi

ေဝဠုေက်ာ္ကေတာ့ ခုလို ကာလေတြမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စားဝတ္ေနေရး ခက္ခဲေနၾကတဲ့ ျပည္သူေတြ အတြက္ အေျခခံ စားေသာက္ကုန္ေတြ ေပးေဝလႉဒါန္းၿပီး တတ္နိုင္သေလာက္ ေဖးမကူညီေနတာလည္း ျဖစ္ပါတယ္။

သူကိုယ္တိုင္လည္း ေဖာင္ေဒးရွင္းတစ္ခု  တည္ေထာင္ထားၿပီး  အဖြဲ႕သားမ်ားနဲ႕အတူ  လိုအပ္တဲ့ ေနရာမ်ားကို ကိုယ္တိုင္ သြားေရာက္ ေလ့လာကာ  ကူညီလႉဒါန္းေပးနေတာေတြကို  ျမင္ေတြ႕ရတာလည္း ၾကည္ႏူးစရာ ေကာင္းလြန္းလွပါတယ္ေနာ္။

အခုလည္း ပိုလီယို ေရာဂါခံစားေနရတဲ့ သမီးငယ္ေလးရဲ႕ ဆီကို ကိုယ္တိုင္သြားေရာက္ကာ လိုအပ္တာမ်ား လႉဒါန္းခဲ့ပါတယ္ ။ မိခင္ျဖစ္သူက မုဆိုးမ ျဖစ္ၿပီး ဘဝကို အေတာ္ေလး ႐ုန္းကန္ရွာေဖြ စားေသာက္ေနရတယ္လို႔ သိရပါတယ္ ။

ေဝဠုေက်ာ္အေနနဲ႕ တတ္နိုင္သေလာက္ လႉဒါန္းမႈေတြ ျပဳလုပ္ေပးခဲ့တဲ့ အေၾကာင္းကို ” ပိုလီယို သမီးေလးအတြက္ အဝတ္အစားေလးေတြ ယူသြားၿပီး လႉေပးခဲ့ပါတယ္။

သူ႕အေမ မုဆိုးမ ႐ုန္းကန္ေနရသူအတြက္ကေတာ့ ဆန္ဆီငါး စားနပ္ရိကၡာ အလႉေပါ့။ သမီးေလးကေတာ့ သူ႕ျမင္လိုက္တိုင္း ၿပဳံးေပ်ာ္ေနတာပါပဲ စကားမေျပာနိူင္၊ လမ္းမေလွ်ာက္နိူင္ ပိုလီယိုသမားေလးမို႔ တြန႔္လိမ္ေကြးေနေပမယ့္ အဝတ္ေတြေလွ်ာ္တာမ်ိဳးေတာ့ လုပ္တယ္ဆိုပဲ။

အ႐ြယ္ေရာက္လာရင္ေတာ့ ဒီလို မသန္စြမ္းေတြ အတြက္ ေထာက္ပံ့မႈေတြ လိုအပ္အုံးမွာပါ။ အၿမဲတမ္းေပ်ာ္႐ႊင္စြာနဲ႕ ဘဝခရီးလမ္းကို မသန္ေပမယ့္ စြမ္းေဆာင္နိူင္ၿပီး အခက္အခဲမရွိ ေလွ်ာက္လွမ္းနိူင္ပါေစ သမီးရယ္။ ” ေရးသားထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္ ။
Photo – Wai Lu Kyaw