ရိုသားကြိုးစားတဲ့ ဝန်ထမ်းကို တန်းဖိုးကြီးဆုလက်ဆောင်ပေးလိုက်တဲ့ ရွှေရည်သိန်းတန်
Unicode
ရိုသားကြိုးစားတဲ့ ဝန်ထမ်းကို တန်းဖိုးကြီးဆုလက်ဆောင်ပေးလိုက်တဲ့ ရွှေရည်သိန်းတန်
နိုင်ငံကျော် ဂန္တဝင်တေးသံရှင်ကြီး တွံတေးသိန်းတန်ရဲ့ သမီးဖြစ်သူ မြန်မာသံအဆိုတော် ရွှေရည်သိန်းတန် ကတော့ခင်ပွန်းကွယ် လွန်ပြီး ယနေတိုင်အောင် ခင်ပွန်းဖြစ်သူကို တစ်ရက်မှ မေ့မရနိုင်သေးပါဖူး။
ခင်ပွန်းဖြစ်သူ နေလ အတွက်လဲ ကွယ်လွန်တဲ့နေ့ကစပြီး တော့ ယခု အချိန်ထိ တိုင်အောင် နေ့စဥ်ရက်ဆက် ကုသိုလ် ကောင်းမှု့တွေ ပြုလုပ် နေတာကို လဲတွေ့ရပါတယ်။
ဒီနေ့ မှာတော့ သူမ အပေါ် သိတတ်တဲ့ ဝန်ထမ်းကို ဆုချ ခဲ့တဲ့အကြောင်း လေးကို ဖော်ပြ ပေးချင်ပါတယ်။
ရွှေရည် က သူမအပေါ် တာဝန်ကျေ တာထက်ပိုပြီး စေတနာထားခဲ့တဲ့ သူမအိမ်မှာနေတဲ့ အလုပ် သမားမိန်းကလေးကို တန်ဖိုး ကြီးတဲ့ နားကပ်လေးတစ်ရံကို ဆုချ ခဲ့ပါတယ်။
”ခင်ရာဆွေမျိုး..မိန်ရာဟင်းကောင်းသတဲ့..မိုးလင်းမိုးချုပ်…အလုပ်ရှင်ကို တာဝန်ကျေတာ ထက်ပိုတဲ့စေတနာတွေအတွက်.. ဆုချတာပါ.
မမ အပေါ်အမြဲစေတနာထားပြီးလိမ်မာပါသမီးရေ အိပ်ဆေးနက် ဝမ်းနှုတ်ဆေးတော့ မှားမတိုက်နက်ပေါ့အေ”ဆိုပြီး သူမရဲ့ ဖေ့ဘွတ်မှာ ရေးသား ထားပါ တယ်။
စေတနာရောင်ပြန်ဟပ်ပြီး နားကပ်လေးကို လက်ခံရရှိတဲ့ သူမရဲ့ဝန်ထမ်းလေးကတော့ အတိုင်းမသိ ဝမ်းသာပျော်ရွှင်နေပါတယ်။ ချီးကျူး ထိုက်သူကို ချီးကျူးတာ မင်္ဂလာတစ်ပါးပါပဲနော်။
ရွှေရည်သိန်းတန် ကတော့ ရဲ့ခင်ပွန်းကွယ်လွန်တာဆိုရင်တော့ အခုဆိုရင်တော့ ၂လ ပြည့်ခဲ့ပြီးပဲဖြစ်ပါတယ်။
သူမကတော့ ခင်ပွန်းကိုလွမ်းတဲ့ စိတ်နဲ့ အလုပ်တွေ ကြိုးစား လုပ်ကိုင်ရင်း ဝန်ထမ်းတွေနဲ့ အတူ အချိန်တွေကိုကုန်ဆုံးနေပါတယ်။
ပရိသတ်ကြီးရေ ခင်ရာဆွေမျိုး..မိန်ရာ ဟင်းကောင်း ပါပဲ။ ဒါအပြင် အလုပ်သမား ဝန်ထမ်းတွေအပေါ် ရက်ရောတတ်တဲ့ ရွှေရည်သိန်းတန် ကို ချီးကျူးစကားလေးတွေကို ကောမန့်မှာ ပြောခဲ့ပါအုန်း။
Credit
Zawgyi
Credit