သူမဘဝမှာပြင်ဆင်လို့မရတဲ့မိုက်မဲမှုတစ်ခုကြောင့် ကလေးတစ်ယောက်မွေးခဲ့ရတဲ့အကြောင်း ပရိတ်သတ်ကိုရင်ဖွင့်လာခဲ့တဲ့ လပြည့်ကဗျာ

Unicode

အဆိုတော်ရေမွန်ရဲ့ ညီမလေးလပြည့်ကဗျာက ငါ့မိုက်မဲမူတစ်ခုကြောင့်ကလေးတစ်ယောက်မွေးလာတယ်ဆိုပြီးပရိတ်သတ်တွေကိုအခုလိုရင်ဖွင့်ပြောပြလာခဲ့ပါတယ်နော်။

လပြည့်ကဗျာကကလေး တယောက်လူလောကထဲကို၀င်လာတဲ့အခါအဖေအမေ ဘယ်သူလဲဆိုတာအရေးပါလာတယ်

Celeလို့သတ်မှတ်ထားတဲ့သူဆိုပိုပီးတောင် စိတ်၀င်စားကြသေးတယ​် အမေးရှိရင်အဖြေလဲရှိရမယ်လေ

ဘယ်သူ့ကလေးလဲလို့မေးခဲ့တဲ့အခါပြောပြရမယ့်တာ၀န်ငါ့မှာရှိတယ်၊ ပြောတဲ့ စကားတွေထဲလဲတခွန်းမှကလိမ်ကကျစ်ပြောမထားဘူး။

ငါ့မိုက်မဲမူတခုကြောင့်ကလေးတယောက်ကို ၆နှစ်ကျော်တာ၀န်ယူ ပီးမွေးလာတယ်ဆက်ပြီးလဲ လူတလုံးသူတလုံးဖြစ်အောင်ပြုစုပျိုးထောင်ပီးမွေးဦးမှာ၊

ကိုယ်လူစိတ်မရှိခဲ့လို့ဖြစ်ခဲ့တဲ့ကိစ္စမှာအကုန်လုံးက ဝိုင်းဆဲတော့မှအရှက်ကွဲသလိုလာမလုပ်နဲ့၊ ပြောသွားတဲ့အထဲလဲနာမည်အပြည့်အစုံတလုံးမှပြောမထားဘူး။

လူစိတ်မရှိနှမချင်းသားချင်း ကိုယ်ချင်းမစာတဲ့လုပ်ရပ်လုပ်ထားပီအဆဲခံရတော့မှစပ်မနေနဲ့၊ နင့်အကြောင်းကော၊ နင့်မိသားစုအကြောင်းကော၊

ရွံလွန်းလို့နာမည်တောင်ထည့်သုံးမထားဘူး၊ အရင်လိုပဲနော် ၊ရုံးချိန်းနီးရင်သူငယ်ချင်းနဲ့ပုံတွေတင်၊ ကလေးအမေတယောက်ကိုအရှက်လိုက်ခွဲပီးယုတ်မာတတ်တုန်းပဲ။

တရားရုံးမှာသာနင်တို့နိုင်မယ်၊ သံသရာမှာကော၊ လူ့လောကအသိုင်းဝိုင်းမှာကောနင်တို့ဟာအရှုံးသမားပဲ၊အဲ့တာမြဲမြဲမှတ်ထား၊ နင်နဲ့ပတ်သက်ပီး ပြောတဲ့စကားကဒီစာနောက်ဆုံးပဲ

ငါ့ဘ၀မှာအမုန်းဆုံး၊ အရွံဆုံးလို့သတ်မှတ်ထားတဲ့လူတယောက်အကြောင်းကိုအဖက်လုပ်ပီးပြောမနေဘူးဆိုပြီးရေးသားထားပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
Credit

Zawgyi









Credit