အောင်ပွဲတွေနဲ့အတူ အိမ်ကိုတကယ်ပြန်ချင်တာကြောင့် ပြည်သူတွေကို တောင်းတောင်းပန်ပန်နဲ့ မေတ္တာရပ်ခံလာတဲ့ ထားထက်ထက်

Unicode

နွေဦးတော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်နေတဲ့ ထားထက်ထက်ကတော့ သူမလုပ်နိုင်တဲ့ ဝန်ကိုထမ်းပြီး တတ်နိုင်သလောက် တာဝန်ကျေပွန်နေတာ ဖြစ်ပါတယ် ။

ထားထက်ထက်က ဆန္ဒပြပွဲတွေစတင်စဥ်ကာလကတည်းက ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ် ။ အခုချိန်မှာတော့ ထားထက်ထက်က လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေတာ ဖြစ်ပါတယ် ။

အခက်အခဲတွေကြားမှာ ရှင်သန်နေထိုင်နေတဲ့ ထားထက်ထက်က အခုတော့ ပြည်သူလူထုကို အနူးအညွတ် မေတ္တာရပ်ခံလာခဲ့တာ ဖြစ်ပါတယ် ။

ထားထက်ထက်က ရည်မှန်းချက်တူသူ အချင်းချင်း၊ ပြန်တွေ့ကြဖို့ မသေချာသူတွေ အချင်းချင်းတိုက်ခိုက်နေတာမျိုးတွေ မပြုလုပ်ကြဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ် ။

အပြစ်မဲ့ပြည်သူတွေ ဖမ်းဆီးနှိပ်စက်ခံရပြီး အသက်တွေဆုံးရှုံးနေရတာကို မြင်ပါလျှက်နဲ့ အချင်းချင်း မတိုက်ခိုက်ဖို့ ထားထက်ထက်က ပြောဆိုထားတာ ဖြစ်ပါတယ် ။

တောထဲကိုရောက်နေတဲ့ သူမတို့အနေနဲ့ဆိုရင်လည်း အိမ်နဲ့ ချစ်ရတဲ့သူတွေကို လွမ်းနေရတာကြောင့် အခွင့်အရေးရရင် အိပ်ပြန်ချင်တယ်ဆိုပြီး ပြောထားပါသေးတယ်။

ဒါကြောင့် “ကျည်လွတ်မြေက ကူနေတဲ့သူတွေကို မုဒိတာထားကြမယ်လေ…အန္တရာယ်ကြားက တိုက်ပွဲဝင်နေသူတွေကို မေတ္တာပို့ကြမယ်လေ… အိမ်ပြန်မရောက်နိုင်တော့တဲ့ ရဲဘော်မိသားစုတွေကို ကရုဏာပြကြမယ်လေ…

နောက်ဆုံး အာဏာရှင်တော်လှန်ရေးမှာပါဝင်နေသူ အချင်းချင်းမလို့ သိပ်အမြင်ကပ်နေရင်တောင် ဥပေက္ခာပြုပေးလိုက်ကြမယ်လေ…”ဆိုပြီး ထားထက်ထက်က ပြောထားတာ ဖြစ်ပါတယ် ။

အောင်ပွဲတွေနဲ့အတူ အိမ်ကိုတကယ်ပြန်ချင်တာကြောင့် တော်လှန်ရေးကာလလေးပဲဖြစ်ဖြစ် စည်းလုံးညီညွတ်ကြဖို့ တောင်းပန်ထားတာ ဖြစ်ပါတယ် ။
Credit mm load

Zawgyi

ေႏြဦးေတာ္လွန္ေရးမွာ တစ္ေထာင့္တစ္ေနရာကေန ပါဝင္ေနတဲ့ ထားထက္ထက္ကေတာ့ သူမလုပ္နိုင္တဲ့ ဝန္ကိုထမ္းၿပီး တတ္နိုင္သေလာက္ တာဝန္ေက်ပြန္ေနတာ ျဖစ္ပါတယ္ ။

ထားထက္ထက္က ဆႏၵျပပြဲေတြစတင္စဥ္ကာလကတည္းက ျပည္သူေတြနဲ႕အတူ လမ္းေပၚထြက္ၿပီး ဆႏၵထုတ္ေဖာ္ခဲ့တာ ျဖစ္ပါတယ္ ။ အခုခ်ိန္မွာေတာ့ ထားထက္ထက္က လြတ္ေျမာက္နယ္ေျမတစ္ေနရာကို ေရာက္ရွိေနတာ ျဖစ္ပါတယ္ ။

အခက္အခဲေတြၾကားမွာ ရွင္သန္ေနထိုင္ေနတဲ့ ထားထက္ထက္က အခုေတာ့ ျပည္သူလူထုကို အႏူးအၫြတ္ ေမတၱာရပ္ခံလာခဲ့တာ ျဖစ္ပါတယ္ ။

ထားထက္ထက္က ရည္မွန္းခ်က္တူသူ အခ်င္းခ်င္း၊ ျပန္ေတြ႕ၾကဖို႔ မေသခ်ာသူေတြ အခ်င္းခ်င္းတိုက္ခိုက္ေနတာမ်ိဳးေတြ မျပဳလုပ္ၾကဖို႔ ေတာင္းဆိုလိုက္တာ ျဖစ္ပါတယ္ ။

အျပစ္မဲ့ျပည္သူေတြ ဖမ္းဆီးႏွိပ္စက္ခံရၿပီး အသက္ေတြဆုံးရႈံးေနရတာကို ျမင္ပါလွ်က္နဲ႕ အခ်င္းခ်င္း မတိုက္ခိုက္ဖို႔ ထားထက္ထက္က ေျပာဆိုထားတာ ျဖစ္ပါတယ္ ။

ေတာထဲကိုေရာက္ေနတဲ့ သူမတို႔အေနနဲ႕ဆိုရင္လည္း အိမ္နဲ႕ ခ်စ္ရတဲ့သူေတြကို လြမ္းေနရတာေၾကာင့္ အခြင့္အေရးရရင္ အိပ္ျပန္ခ်င္တယ္ဆိုၿပီး ေျပာထားပါေသးတယ္။

ဒါေၾကာင့္ “က်ည္လြတ္ေျမက ကူေနတဲ့သူေတြကို မုဒိတာထားၾကမယ္ေလ…အႏၲရာယ္ၾကားက တိုက္ပြဲဝင္ေနသူေတြကို ေမတၱာပို႔ၾကမယ္ေလ… အိမ္ျပန္မေရာက္နိုင္ေတာ့တဲ့ ရဲေဘာ္မိသားစုေတြကို က႐ုဏာျပၾကမယ္ေလ…

ေနာက္ဆုံး အာဏာရွင္ေတာ္လွန္ေရးမွာပါဝင္ေနသူ အခ်င္းခ်င္းမလို႔ သိပ္အျမင္ကပ္ေနရင္ေတာင္ ဥေပကၡာျပဳေပးလိုက္ၾကမယ္ေလ…”ဆိုၿပီး ထားထက္ထက္က ေျပာထားတာ ျဖစ္ပါတယ္ ။

ေအာင္ပြဲေတြနဲ႕အတူ အိမ္ကိုတကယ္ျပန္ခ်င္တာေၾကာင့္ ေတာ္လွန္ေရးကာလေလးပဲျဖစ္ျဖစ္ စည္းလုံးညီၫြတ္ၾကဖို႔ ေတာင္းပန္ထားတာ ျဖစ္ပါတယ္ ။
Credit mm load