အန်တီတူးရဲ့ နှစ်ပေါင်းများစွာ ခံစားနေရတဲ့ ဒူးဝေဒနာကို သက်သာပျောက်ကင်းအောင် ကုသပေးခဲ့တဲ့ ထူးခန့်ကျော်

Unicode

သရုပ်ဆောင် မင်းသားတစ်ဦးဖြစ်တဲ့ ထူးခန့်ကျော်ကတော့ ပီပြင်ပြောင်မြောက်လွန်းတဲ့ သရုပ်ဆောင်စွမ်းရည်တွေနဲ့ ပရိသတ်တွေကို ရသမျိုးစုံ ပေးစွမ်းနိုင်ခဲ့သူပဲ ဖြစ်ပါတယ် ။

အက်ရှင်ဇာတ်ရုပ်တွေကိုလည်း ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်တတ်တဲ့ ထူးခန့်ကျော်က ယနေ့အချိန်အထိ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီးပြီ ဖြစ်ပါတယ် ။ 

ထူးခန့်ကျော်က အနုပညာအလုပ်တွေအပြင် လေဖြတ်လူနာတွေကို ဆေးကုသတဲ့အလုပ်ကိုလည်း လုပ်ကိုင်နေသူတစ်ယောက် ဖြစ်ပါတယ် ။ စိတ်ကောင်းစေတနာထားပြီး လူနာတွေကို ဂရုတစိုက်ကုသတတ်တဲ့ ထူးခန့်ကျော်က နာမည်ရနေတာလည်း ဖြစ်ပါတယ် ။ 

အခုလည်း ထူးခန့်ကျော်က အန်တီ တူးရဲ့ ဒူးနာ ဝေဒနာကို သက်သာပျောက်ကင်းအောင် ကုပေးနိုင်ခဲ့ပြန်ပါတယ် ။ ဒူးနာဝေဒနာကို နှစ်ပေါင်းများစွာ တိုင်အောင် ခံစားနေရတဲ့ အန်တူးရဲ့ အကြောင်းကိုလည်း ” အန်တီတူးအတွက်အင်မတန်ဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်နော် 

ရုပ်ရှင်နှင့်ဗွီဒီယိုဟာသသရုပ်ဆောင်  ဘာလာလာဒေါင်းအောင်  သရုပ်ဆောင်ကောင်းလွန်းလှသည့်မတူးခေါ်  အန်တီတူးရဲ့နှစ်ပေါင်းများစွာနာနေသောဒူးဝေဒနားအား  ကုသပေးရာ၌သက်သာမှု့ရခဲ့လို့ဝမ်းသာပီတိဖြစ်ခဲ့ရပြန်ပြီလေ 

ဒီထက်မကအန်တီတူးရဲ့နာကျင်နေသော  ဒူးဝေဒနာအမြန်မကြာသက်သာပျောက်ကင်းပါစေ  ၇ရက်သားသမီးများ၏ဝေဒနာများအားဒိထက်မကပါရမီဖြည့်ကုသနိုင်ပါစေလို့  ဆုတောင်းမေတ္တာပို့သရင်း  အမျိုးများအားလုံးကျန်းမာလို့ချမ်းသာကြပါစေ ” ရေးသားထားရာ ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။
Photo – Htoo Khant Kyaw 

Zawgyi






Photo – Htoo Khant Kyaw