လွန်ခဲ့တဲ့ (၁၅) နှစ်က သမီးကြီးနဲ့ ပတ်သက်ပြီး အမှတ်ရနေတဲ့ အဖြစ်အပျက်လေးတစ်ခုကို ဖွင့်ဟပြောပြလာတဲ့ ပိုင်ဇေရဲထွန်း

Unicode

ပရိသတ်ကြီးရေ သရုပ်ဆောင် ပိုင်ဇေရဲထွန်းကတော့ လက်ရှိမှာ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာ ဖြစ်ပါတယ်နော်

အနုပညာလှုပ်ရှားမှုတွေ လုပ်ကိုင်ခြင်း မရှိတော့ဘဲ မိသားစုကိုသာ အချိန်ပေးဖြစ်နေတာလည်း ဖြစ်ပါတယ်နော်

ဒီနေ့ကတော့ ပိုင်ဇေရဲထွန်းရဲ့ သမီးကြီးမွေးနေ့ရက်မြတ်ဖြစ်ပါတယ်နော်

အခုမှာတော့ ပိုင်ဇေရဲထွန်းနဲ့ ဇနီး ဇင်သဲနိုင်တို့မှ သူတို့ရဲ့ လူမှုကွန်ယက်တွင် သမီးလေးရဲ့ မွေးနေ့အတွက်ဆုတောင်းပေးထားကြတာ ဖြစ်ပါတယ်နော်။

“အချစ်ဆုံးပဲသမီးရေမေမေ့ဘဝထဲရောက်လာပေးလို့လည်းကျေးဇူးတင်တယ် အသက်ငယ်ငယ်မှာ အမေဖြစ်ခွင့်ပေးလို့လည်းကျေးဇူးတင်တယ်

မေမေ့အဖော်ဖြစ်ပေးလို့လည်းကျေးဇူးတင်တယ်

လိမ်လိမ်မာမာ ကျန်းကျန်းမာမာနဲ့ကြီးပြင်းခဲ့လို့လည်းကျေးဇူးတင်တယ်သမီးလေးရှိနေခြင်းဟာ

မေမေ့တွက်အဓိပ္ပါယ်တွေ အားတွေအများကြီးရှိစေတယ်Happy 15th Birthday Thamee Lay

ဒီနှစ်တော့ သူငယ်ချင်းတွေနဲ့ birthdayမလုပ်ရပေမဲ့ မိဘ ဖိုးဖွား ညီကိုမောင်နှမ

သမီးကိုချစ်ကြသူတွေရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့လုံလောက်ပီမို့ ပျော်ပါစေသမီးရေ”

“ လွန်ခဲ့တဲ့  ၁၅ နှစ်လောက်ကပေါ့ သူတစ်ရေးအိပ်ဖို့  သူ့ကိုချီပြီး တစ်နာရီလောက်သီချင်းပေါင်းစုံဆိုပြီး

လမ်းလျှောက်နေမှ အိပ်ပျော်တဲ့သမီးတစ်ညလုံးချီခိုင်းထားပြီး အောက်ချလိုက်တာနဲ့ ငိုတတ်တဲ့သမီးလေး

အခု  ဖေဖေမေမေ  ကိုတစ်ချိန်လုံးချွဲနေတဲ့  သမီးလေးလိမ်လိမ်မာမာနဲ့ကြီးပြင်းလာပေးတဲ့အတွက်ကျေးဇူးပါသမီးဒီနေ့တစ်နေ့လုံး 

သမီးပိုင်တဲ့နေ့လေးပါ အရမ်းချစ်ရတဲ့သမီးလေးအတွက်  Happy Birthday ” လို့ ရေးသားပြီး မွေးနေ့ဆုတောင်း ပေးခဲ့ကြပါတယ်နော်။
newsathitnews

Zawgyi











newsathitnews