ရေမွန် ကွယ်လွန်ခြင်း ၃လပြည့်အတွက် Eternal Gosh ဖန်တီးထားတဲ့ “ ကြယ်တံခွန် ” သီချင်း Music Video

Unicode

ရေမွန် ကွယ်လွန်ခြင်း ၃လပြည့်အတွက် Eternal Gosh ဖန်တီးထားတဲ့ “ ကြယ်တံခွန် ” သီချင်း

ဧရာဝတီ ၊ စက်တင်ဘာ ၂၄ ၊ ၂၀၂၁ ။

အဆိုတော်ရေမွန် ကွယ်လွန်ခြင်း ၃လပြည့်အနေနဲ့ အဆိုတော်ဟန်နေတာက “ကြယ်တံခွန်” ဆိုတဲ့ သီချင်းကို ဖန်တီးခဲ့ပါတယ်။

“ကိုတွတ် ၃လပြည့်မှာ ကြယ်တံခွန် ဆိုတဲ့သီချင်းလေးနဲ့ ကိုတွတ်ကို အတူတူလွမ်းကြအောင်ဗျာ” လို့ ဟန်နေတာက ပြောပါတယ်။

ကြယ်တံခွန် သီချင်းထဲမှာတော့ ရေမွန်နဲ့အတူ ဖြတ်သန်းခဲ့တဲ့ အမှတ်တရတွေကို ရေမွန်ရဲ့မိတ်ဆွေတွေက ပါဝင်အားဖြည့် ဖန်တီးထားကြပါတယ်။

“ခွဲခွာခြင်းဆိုတဲ့ ကံတရားတွေထဲ လူတယောက်တန်ဖိုးဟာ မရှိချိန်မှ နားလည်။ မင်းနဲ့နောက်ထပ်မတွေ့ရတော့ဘူး။

ကြယ်တံခွန်လို မိုးသားထဲ ခရီးထွက်သွားတော့ အကောင်းဆုံးပေးဆပ်သွားခဲ့တာပဲ…” စတဲ့ စာသားတွေနဲ့ ရေးဖွဲ့ထားပါတယ်။

ရေမွန်ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့ အချိန်ကစလို့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တောက်လျှောက် ပါဝင်ခဲ့ပြီးတဲ့နောက်

လွတ်မြောက်နယ်မြေတခုမှာ အစာအိမ် သွေးကြောပေါက်တဲ့ ဝေဒနာနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်ကဆုံးပါး ခဲ့ရတာ ဖြစ်ပါတယ်။

သီချင်းနားဆင်ရန်

Zawgyi

ေရမြန္ ကြယ္လြန္ျခင္း ၃လျပည့္အတြက္ Eternal Gosh ဖန္တီးထားတဲ့ “ ၾကယ္တံခြန္ ” သီခ်င္း

ဧရာဝတီ ၊ စက္တင္ဘာ ၂၄ ၊ ၂၀၂၁ ။

အဆိုေတာ္ေရမြန္ ကြယ္လြန္ျခင္း ၃လျပည့္အေနနဲ႕ အဆိုေတာ္ဟန္ေနတာက “ၾကယ္တံခြန္” ဆိုတဲ့ သီခ်င္းကို ဖန္တီးခဲ့ပါတယ္။

“ကိုတြတ္ ၃လျပည့္မွာ ၾကယ္တံခြန္ ဆိုတဲ့သီခ်င္းေလးနဲ႕ ကိုတြတ္ကို အတူတူလြမ္းၾကေအာင္ဗ်ာ” လို႔ ဟန္ေနတာက ေျပာပါတယ္။

ၾကယ္တံခြန္ သီခ်င္းထဲမွာေတာ့ ေရမြန္နဲ႕အတူ ျဖတ္သန္းခဲ့တဲ့ အမွတ္တရေတြကို ေရမြန္ရဲ႕မိတ္ေဆြေတြက ပါဝင္အားျဖည့္ ဖန္တီးထားၾကပါတယ္။

“ခြဲခြာျခင္းဆိုတဲ့ ကံတရားေတြထဲ လူတေယာက္တန္ဖိုးဟာ မရွိခ်ိန္မွ နားလည္။ မင္းနဲ႕ေနာက္ထပ္မေတြ႕ရေတာ့ဘူး။

ၾကယ္တံခြန္လို မိုးသားထဲ ခရီးထြက္သြားေတာ့ အေကာင္းဆုံးေပးဆပ္သြားခဲ့တာပဲ…” စတဲ့ စာသားေတြနဲ႕ ေရးဖြဲ႕ထားပါတယ္။

ေရမြန္ဟာ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ အခ်ိန္ကစလို႔ စစ္အာဏာရွင္ ဆန႔္က်င္ေရး ဆႏၵျပပြဲေတြမွာ ေတာက္ေလွ်ာက္ ပါဝင္ခဲ့ၿပီးတဲ့ေနာက္

လြတ္ေျမာက္နယ္ေျမတခုမွာ အစာအိမ္ ေသြးေၾကာေပါက္တဲ့ ေဝဒနာနဲ႕ ၿပီးခဲ့တဲ့ ဇြန္လ ၂၃ ရက္ကဆုံးပါး ခဲ့ရတာ ျဖစ္ပါတယ္။