အသက် (၄၅)နှစ်ပြည့်မြောက်သွားတဲ့ ပရိသတ်အချစ်တော် ရဝေအောင်

Unicode

ပရိသတ်ကြီးရေ VCD/DVD ကာရာအိုခေ ခေတ်တွေတုန်းက နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တော်ဖြစ်ခဲ့တဲ့ မင်းသားချော ရဝေအောင်ကိုတော့ ပရိသတ်တွေမှတ်မိနေဦးမယ်ထင်ပါတယ်။

ဒီနေ့ စက်တင်ဘာလ (၂၂)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် ရဝေအောင်ရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။

ဒီနှစ်မွေးနေ့ရက်လေးမှာတော့ ပရိသတ်အချစ်တော် ရဝေအောင်က အသက် (၄၅)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ ရဝေအောင်က အနုပညာအလုပ်တွေကိုလုပ်ကိုင်ခြင်းမရှိတော့ဘဲ သာမာန်လူတစ်ယောက်အနေနဲ့သာ ဘဝကိုအေးချမ်းစွာနဲ့ ဖြတ်သန်းနေခဲ့ပေမဲ့ ပရိသတ်တွေကတော့ ချစ်ခင်ကြပြီး သတိတရနဲ့ ရှိနေကြစဲပါ။

Happy Birthday ပါ အကိုရေ ဒီနှစ်မွေးနေ့လေးကနေစပြီး ကျန်းမာပျော်ရွှင်စွာနဲ့ အခုလိုပဲ တစ်နေ့ထက်တစ်နေ့ ပိုပိုနုပြီးခန့်ညားနေပါစေလို့

CeleZone ကနေ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။ CeleZone ပရိသတ်ကြီးတွေထဲမှာရော ရဝေအောင်ကို ငယ်ငယ်ကနှစ်သက်အားပေးခဲ့တဲ့သူတွေရှိလား။
CRD – CeleZone

Zawgyi






CRD – CeleZone