ငယ်ငယ်ကတည်းက ခံစားခဲ့ရတဲ့ရောဂါဆိုးကြီးကြောင့် ဘဝမှာလိုချင်လျက်နဲ့ စွန့်လွှတ်လိုက်ရတာ အများကြီးဘဲဆိုပြီး ပြောလာတဲ့ ခင်သဇင်

Unicode

ငယ်ငယ်ကတည်းကခံစားခဲ့ရတဲ့ရောဂါဆိုးကြီးကြောင့် ဘဝမှာလိုချင်လျက်နဲ့ စွန့်လွှတ်လိုက်ရတာ အများကြီးဘဲဆိုပြီးပြောလာတဲ့ခင်သဇင်

ပရိသတ်တွေချစ်ခင်အားပေးရတဲ့ သရုပ်ဆောင်ခင်သဇင်ကတော့ လေယာဥ်မယ်ဘဝကနေ အနုပညာလောကထဲရောက်ရှိလာခဲ့တဲ့သူတစ်ယောက်ပါ။

ခင်သဇင်ကတော့နောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်နေတာဘဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ခင်သဇင်က အရင်ကရောဂါဟောင်းကြောင့်ဆေးရုံတတ်ရတဲ့အကြောင်းအခုလိုပြောပြလာပါတယ်။

အစာအိမ်နဲ့ဆေးရုံရောက်သွားတာပါ။ စိတ်ခံစားချက်ပြင်းထန်တာလူကိုထိခိုက်စေပါတယ်။ ဝိတ်လည်းမလျှော့ပါဘူး အားကစားပဲပုံမှန်လုပ်တာပါ ငယ်ကတည်းက ဖြစ်လာတဲ့ရောဂါဖြစ်တဲ့အတွက်အစာအိမ်နဲ့ဆေးရုံခနခနရောက်တာကိုယ့်အတွက်ရိုးတောင်ရိုးနေပါပြီ။

ဒီကာလကြီးတွေကပျော်စရာကောင်းမနေပါဘူးစိတ်ဆင်းရဲ စိတ်ဓာတ်ကျတာတွေနဲ့လူတိုင်း နီးပါးရင်ဆိုင်နေရမယ် ထင်ပါတယ်ကျန်းမာရေး အထူး ဂရုစိုက်ကြပါနော်။

နာတာရှည်ရောဂါမျိုးဇင့်လိုအဖြစ်မခံကြပါနဲ့။ လောကကြီးမှာရှင်သန်ရတာတပန်းရှုံးပါတယ်။ ဒီအစာအိမ်ရောဂါကြောင့်ဘဝမှာ လိုချင်ရက်နဲ့စွန့်လွှတ်လိုက်ရတဲ့ကိစ္စတွေခနခနကြုံခဲ့ရပါတယ်။

ကျန်းမာခြင်းကတကယ်တော့ လာဘ်ကြီးတပါးပါပဲ။စိတ်ပူပေးသူများ အားလုံးကိုကျေးဇူးတငလာဘ်ကြီးတပါးပါပဲ။ စိတ်ပူပေးသူများအားလုံးကိုကျေးဇူးတင်ပါတယ်။ဇင်လည်းအမြန်နေကောင်း အောင်ကြိုးစားပါမယ်နော်ဆိုပြီးခင်သဇင်ကမျှဝေလာတာဘဲဖြစ်ပါတယ်။

Zawgyi






