ထွက်ပြေးတိမ်းရှောင်နေရင်း ဒီကနေ့မှာပဲ အသက် (၂၇)နှစ်ပြည့်သွားပြီဖြစ်တဲ့ မင်းသမီးချောလေး ခင်ဝင့်ဝါ
Unicode
ထွက်ပြေးတိမ်းရှောင်နေရင်းဒီကနေ့မှာပဲ အသက် (၂၇)နှစ်ပြည့်သွားပြီဖြစ်တဲ့ မင်းသမီးချောလေး ခင်ဝင့်ဝါ
မင်းသမီးချော ခင်ဝင့်ဝါဆိုတာနဲ့ ချစ်စရာကောင်းတဲ့မျက်နှာလေးကို ပရိတ်သတ်ကြီးကတန်းမြင်မိကြပါတယ်။သူမဟာနိုင်ငံ့ဂုဏ်ဆောင်အလှမယ်တစ်ယောက်အနေနဲ့
အနုပညာလောကထဲစတင်ဝင်ရောက်လာတာဖြစ်ပါတယ်။အဲ့နောက်ပိုင်းမှာတော့အနုပညာအလုပ်တွေဖြစ်တဲ့မော်ဒယ်နှင့်သရုပ်ဆောင်ပိုင်းကိုပါ ဆက်လက်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။
ချစ်စရာကောင်းလွန်းတဲ့မျက်နှာနဲ့ အမူအရာတွေကြောင့်ပရိတ်သတ်ပေါင်းများစွာရဲ့ ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိခဲ့သူလေးဖြစ်ပါတယ်။
ယခုကာလမှာတော့ သူမဟာနိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နှင့် တရားစွဲဆိုခံထားရတာဖြစ်ပြီး
ရှောင်တိမ်းနေရတာကြာမြင့်နေပြီဖြစ်လို့ ပရိတ်သတ်အားလုံးက သတိရလွမ်းဆွတ်နေကြပါတယ်။
ယနေ့ စက်တင်ဘာ(၂၁)ရက်ဟာဆိုရင် သူမ ရဲ့(၂၇)နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။အနုပညာရှင်များနှင့် ပရိတ်သတ်များစွာက သူမကို မွေးနေ့ဆုမွန်ကောင်းတောင်းထားကြတာဖြစ်ပါတယ်။
ပရိတ်သတ်ကြီးလည်း သူမကို ဘေးကင်းကျန်းမာအောင်မွေးနေ့ဆုတောင်းလေးတွေ ဆုတောင်းပေးကြပါဦးနော်။Credit
Zawgyi