ဇနီးဖြစ်သူ အူဝဲကို သွားတွေ့ရင်း မျက်နှာကြီး ဆူပုတ်ကာပြန်လာတဲ့ ပြေတီဦးရဲ့ ထောင်ထဲက ရယ်ရခက် ငိုရခက် အဖြစ်လေးကို ပြောပြလာတဲ့ ပြည်သူတစ်ဦး
Unicode
ပရိသတ်တွေရဲ့ အချစ်တွေကို နှစ်အတော်ကြာ သိမ်းပိုက်ထားတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကတော့ ခုချိန်မှာ (၅၀၅ – က)နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲပဲဖြစ်ပါတယ်
ပရိသတ်တွေကတော့ ဒီကနေ့အထိ တစ်ရက်လေးမှ မမေ့ဘဲ သတိရလွမ်းဆွတ်ကြောင်းတွေ ဖော်ပြပေးကြသလိုအမြန်လွတ်မြောက်ဖို့ကိုလည်းဆုတောင်းပေးနေကြပါတယ်
အခုလည်း သူတို့ ဇနီးမောင်နှံနဲ့ ထောင်ထဲမှာဆုံခဲ့ရတဲ့ ပြည်သူတစ်ဦးက
ပြေတီဦးတို့ လင်မယားနှစ်ယောက်ရဲ့ငိုရခက် ရယ်ရခက် အဖြစ်လေးကို အမှတ်တရရေးသားဖော်ပြလာပါတယ် ။
စာလေးဖတ်ပြီးရယ်နေရတာအမှန်ပါပဲ ဒါ့အပြင်အူဝဲတို့ ဇနီးမောင်နှံ
နှစ်ယောက်ရဲ့စိတ်သဘောထားပြည့်ဝပုံတွေကိုလည်း ချီးကျူးစကားဆိုထားပါသေးတယ်
အကြောင်းအရာလေးကတော့ ” မအူဝဲဗီဒီယိုလေးတွေ့တော့သတိရလို့ ဦးတီနဲ့ မအူဝဲတို့လင်မယားရီရတာပြောဦးမယ် ထောင်မှာ
တရားဝင်လင်မယား အချုပ်တူတူကျရင် 2ပတ်တစ်ခါပဲရတွေ့ခွင့်ရှိတယ်
တနင်္ဂနွေပေါ့ အဲ့မှာ ဦးတီကမိန်းမနဲ့တွေ့မယ့်နေ့ဆိုတော့ ရှိုးစမိုးနဲ့ရှယ်တွေပြင်ပြီးသွား‌တာပေါ့
ပြန်လာတော့မျက်နှာကြီးဆူပုတ်ပြီးပြန်လာတာဗျာ ဆူပုတ်နေပေမယ့် ပြုံးပြရှာပါတယ်မင်္ဂလာပါဘာညာပေါ့
ကိုယ်တွေသိတယ်လေ နည်းနည်းတော့လွဲနေပြီ‌ဆိုတာကို ဘာဖြစ်တာလဲဆိုတာမသိမသာလေးမေးကြည့်တော့ နို့ထမင်းလှူတာမှာ
စာရင်းလွဲလို့ဆိုလား မအူဝဲကဆူလိုက်လို့တဲ့ဗျာ တနေကုန်စိတ်ထိုင်ကောက်နေတာ အခုရောအဆင်များပြေကြရဲ့လားမသိဘူး…
၂ယောက်လုံးကတအားသဘောကောင်းကြတယ်” ဆိုပြီးရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။Yuan – Cele Zone
Zawgyi