ဓားသွေးတဲ့အလုပ်ကို လုပ်ပြီး ဝမ်းရေးဖြေရှင်းနေရတဲ့ မျက်မမြင်အဖိုးကို အလှူငွေတွေ လှူဒါန်းပေးခဲ့တဲ့ မိုးစက်

Unicode

ဓားသွေးတဲ့အလုပ်ကိုလုပ်ပြီး ဝမ်းရေးဖြေရှင်းနေရတဲ့ မျက်မမြင်အဖိုးကို အလှူငွေတွေ လှူဒါန်းပေးခဲ့တဲ့ မိုးစက်

ပရိသတ်ကြီးရေလူရွှင်တော်မိုးစက်ကတော့လတ်တလောမှာ ချို့တဲ့တဲ့ အနုပညာရှင်တွေ စားဝတ်နေရေးခက်ခဲတဲ့သက်ကြီးရွယ်အိုတွေအတွက်

လှူဒါန်းမှုတွေပြုနေတာပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါနော်။ မိုးစက်က

သူ့ရဲ့အလှူရှင်တွေရဲ့လှူဒါန်းမှုနဲ့သူ့ရဲ့ချွေးနည်းစာတွေကို စုပေါင်းပြီးလှူဒါန်းပေးနေခဲ့တာပဲဖြစ်ပါတယ်။

ဒီနေ့မှာလည်း မိုးစက်ကစားဝတ်နေရေးအတွက် ဓားသွေးတဲ့ အလုပ်ကိုလုပ်ပြီး ဖြေရှင်းနေရတဲ့အသက် (၇၀)အရွယ် မျက်မမြင်အဖိုးကို

နေပူပူမှာ အလုပ်လုပ်နေရတဲ့အတွက် မကြည့်ရက်တာကြောင့် အလှူငွေတွေသွားရောက်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

အဘိုးအတွက် တစ်လစာအသုံးစရိတ်အနေနဲ့ အလှူငွေ (၁)သိန်းခွဲကို သွားရောက်လှူဒါန်းပေးခဲ့ပါတယ်တဲ့။

အခုလို လာရောက်  လှူဒါန်းပေးတဲ့အတွက် ကျေးဇူးတင်နေတဲ့အဖိုးကိုကြည့်ပြီး လှူဒါန်းခဲ့ရတာကို ဝမ်းသာပီတိဖြစ်နေခဲ့ပြီး မိုးစက်က အလှူလေးပြုလုပ်ဖြစ်ခဲ့တဲ့ အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့တာပါ။
Source – Moe Sat

Zawgyi








Source – Moe Sat