သားကြီးလေးရဲ့ မွေးနေ့အလှူအဖြစ် စားသောက်ကုန်လှူဒါန်းတဲ့ အလှူလေးပြုလုပ်ခဲ့တဲ့ သဇင်

Unicode

ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါက အဆိုတော် သရုပ်ဆောင် မင်းသမီတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိခဲ့တဲ့ သဇင်ကိုတော့ ပရိသတ်တွေ မှတ်မိနေဦးမယ်ထင်ပါတယ်။

သဇင်ကတော့ လက်ရှိမှာအနုပညာအလုပ်တွေကို မလုပ်ကိုင်တော့ဘဲ မိသားစုနဲ့အေးချမ်းစွာဘဝကိုဖြတ်သန်းနေပါတယ်။

သားသမီးရတနာအနေနဲ့ သားတစ်ယောက် သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ဒီနေ့ စက်တင်ဘာလ(၁၇)ရက်နေ့လေး သားကြီးလေးရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့နေ့လေးပါ။

သားကြီးလေးရဲ့ (၃)နှစ်ပြည့်မွေးနေ့အလှူလေးအနေနဲ့ လတ်တလောကာလမှာ စားဝတ်နေရေးခက်ခဲနေတဲ့ မိသားစု (၂၀)စာအတွက် ဆန်၊ဆီ၊နဲ့ ခေါက်ဆွဲခြောက် ကြက်ဥတို့ကို လှူဒါန်းတဲ့ အလှူလေးပြုလုပ်ခဲ့ပါတယ်။

Happy Birthday ပါ သားသားလေး နေဘုန်းနိုင်ရေ။ မိဘအားကိုးရတဲ့ သားလိမ္မာလေးတစ်ယောက်ဖြစ်ပြီး ပညာချွန်တဲ့ ပညာတတ်ကြီးဖြစ်ပါစေလို့ CeleZone ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

CeleZone ပရိသတ်ကြီးတွေလည်း အလှူလေးကိုသာဓုခေါ်ရင်း သားသားလေးရဲ့မွေးနေ့အတွက် ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦးနော်။
Source – Awin Lay

Zawgyi






Source – Awin Lay