ဒီကနေ့ စက်တင်ဘာလ ၁၇ ရက်နေ့က ပြည်သူချစ်အနုပညာရှင် မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်

Unicode

စက်တင်ဘာလ ၁၇ ရက် မော်ဒယ်မင်းသား ပိုင်တံခွန်၏ ၂၅ နှစ်မြောက် မွေးနေ့ မပြုလုပ်နိူင်ဟုဆို

ရန်ကုန်၊ စက်တင်ဘာလ ၁၇၊ ၂၀၂၁ ခုနှစ်။

ဒီကနေ့ စက်တင်ဘာလ ၁၇ ရက်သည် မော်ဒယ်မင်းသား ပိုင်တံခွန်၏ ၂၅ နှစ်မြောက် မွေးနေ့လေးပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်မက ကမ္ဘာ့နိုင်ငံများအထိပါ နာမည်ကျော်၍ ပရိတ်သတ် ချစ်ခင်အားပေးမှု ရရှိခဲ့သူ မင်းသား ပိုင်တံခွန်သည်

မြန်မာ့နွေဦးတော်လှန်ရေးတွင် မြန်မာပြည်သူလူထုနှင့် တသားထဲ ရပ်တည်ကာ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်တော်လှန်ခဲ့သူတယောက်လည်း ဖြစ်သည်။

၅၀၅(က)ဖြင့် ထွက်ပြေးတိမ်းရှောင်နေရာမှ နေမကောင်းဖြစ်၍ ရန်ကုန်ရှိ နေအိမ်သို့ ပြန်လာရာမှ စစ်ကောင်စီ၏ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ တယောက်လည်း ဖြစ်သည်။

ပိုင်တံခွန်အတွက် မွေးနေ့ဆုမွန်အဖြစ် ကျန်းမာစွာဖြင့် အမြန်ဆုံး ပြန်လည် လွတ်မြောက်ပါစေကြောင်း ချစ်ခင်သူ ပရိတ်သတ်များ ဆုတောင်းပေးနိုင်ရန် အသိပေး တင်ဆက်လိုက်ပါသည်။

Credit Photo PaingTakhon FB

Zawgyi

စက်တင်ဘာလ ၁၇ ရက် မော်ဒယ်မင်းသား ပိုင်တံခွန်၏ ၂၅ နှစ်မြောက် မွေးနေ့ မပြုလုပ်နိုင်ဟုဆို






