စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား နာမည်တပ်ပြီး ဆဲဆိုစိန်ခေါ်လိုက်တဲ့ မဘသမျိုးချစ် ဘောမ ဒလန်တစ်ဦး.

Unicode

ပရိသတ်ကြီးအားလုံး သိကြတဲ့အတိုင်းပါပဲ။စစ်ကောင်စီရဲ့ အရေးကြီးတဲ့ ထောက်တိုင်တွေထဲမှာဒလန်တွေကလည်း အဓိကပါပဲနော်။

ဒလန်တွေဟာ အရေးပါဆုံးဖြစ်ပြီးဒလန်တွေကြောင့်သာ တော်လှန်ရေးနှောင့်နှေးနေရတယ်လို့လည်းပြောလို့ရပါတယ်နော်။

ယနေ့မှာတော့ မန်းလေးမြို့ရဲ့အကြီးစားဒလန်ကြီးဖြစ်သူ ချစ်ကိုကိုကတော့ သူ့ကိုအရေးယူမယ်လို့ ပြောလာတဲ့ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကိုပေါ်တင်ပဲ စိန်ခေါ်လိုက်ပြီဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ဒလန်တစ်ယောက်က စစ်ကောင်စီရဲ့ရာထူးအကြီးဆုံးထဲမှာ ပါသူတစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ဆဲဆိုကြိမ်းမောင်းပြီး ပေါ်တင်စိန်ခေါ်ရဲတယ်ဆိုတာဟာ

သူ့အနေနဲ့ စိုးထွဋ်ရဲ့အကြံအဖန်လုပ်ရပ်တွေဂွင်တွေကိုအူမ ချေးခါးမကျန်သိထားလို့သာဖြစ်ပါတယ်။နေ့စားရရုံလောက်နဲ့တော့

တော်ရုံဒလန်က ဒီလိုရာထူးအဆင့်မျိုး မပြောနဲ့ အောက်ခြေအဆင့်လောက်ကိုတောင် ပြန်မလှန်ရဲ မော်မကြည့်ရဲတာ အသေအချာပါပဲ။

အခုအနေအထားက ဒလန်ချစ်ကိုကိုမှ စိုးထွဋ်ရေ မင်းလောက်ကတော့ ငါ မမှုဘူးဆိုတဲ့ အနေအထားပုံစံမျိုးဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးဒုဗိုလ်ချုပ်ကြီးဆိုတာဟာ သူ့အတွက် မြောင်းထဲမှာလောက်ပဲလို့ဆိုလိုက်သလိုပါပဲနော်။

တကယ်ကိုပဲ စစ်ကောင်စီတပ်ဟာရာထူးအကြီးပိုင်းကလူတွေက ရပ်ကွက်မြို့ရွာထဲက ဒလန်တွေအဆင့်ကိုတောင်ကြောက်နေရပြီလားဆိုတာချစ်ကိုကိုရဲ့ပြောဆိုကြိမ်းမောင်းမှုတွေကို ကြည့်ပြီး တွေးစရာတွေဖြစ်ပေါ်လာနေပါတယ်။

တကယ်လို့သာ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ဟာချစ်ကိုကိုပြောသလို “ငါကွ စရဖချုပ်ကွ”လို့ ကြွေးကြော်သလိုအမှန်တကယ် လက်တွေ့မှာလည်းလက်စွမ်းထက်သူဆိုပါက

ယခုပွဲဟာ ဒလန်ကြီးကြီးတကောင်နဲ့ စစ်ကောင်စီရဲ့ဒုဗိုလ်ချုပ်ကြီး ဘယ်သူဟာခြေရာကြီးတယ်ဆိုတာကိုမြင်တွေ့ရတော့မယ့် ပွဲလို့သာဆိုရတော့မယ့်အခြေစိုက်နေတယ်လို့ မြင်တွေ့သုံးသပ်ရပါတယ်။

နောက်ဆုံးမှာချစ်ကိုကို ဖော်ကောင်လုပ်မယ့် အပိုင်ကွက်တွေကို စိုးရွံ့ပြီး ဝန်ကြီးစိုးထွဋ်ကပဲနောက်ကွယ်မှာချစ်ကိုကိုအား ပြန်လည်တောင်းပန်ကာကျေအေးပေးဖို့ဆိုလေမလား။

ဒုတိယဗိုလ်ချုပ်ကြီးဆိုတဲ့ဂုဏ်သိက္ခာကိုမထီမဲ့မြင်ပြုကာထိပါးစော်ကား

ဆဲဆိုလာတဲ့ဒလန်အဆင့်လေးကိုအပြတ်ရှင်းဖို့ထိ လုပ်ရဲလေမလားဆိုတာကတော့ငွေရောင်ပိတ်ကားပေါ်မှာစောင့်ကြည့်ရမှာပါပဲနော်။

ပရိသတ်ကြီးအနေနဲ့ကောဒလန်ချစ်ကိုကိုကအသာစီးရလေမလား? ဒုဗိုလ်ချုပ်ကြီးရဲ့ရာဇမာန်ကပဲပိုပြင်းပြလေမလား?

ဘယ်သူကသွေးပိုရဲပြီးဘယ်သူကကြောက်ဒူးတုန်ကာ နောက်ဆုတ်သွားလေမယ်လို့ ထင်လဲယူဆခန့်မှန်းချက်လေးတွေ ပြောပေးခဲ့ကြပါဦး။

Zawgyi















Add a Comment

Your email address will not be published. Required fields are marked *