စစ်သားတွေ ကျဆုံးတုန်းက မဟုတ်ပါဘူးဟု ပြုံးပြုံးလေး ငြင်းခဲ့သမျှ.. “Mytel တာဝါတိုင်တွေ ဖျက်ဆီးက မိသားစုပါ သေဒဏ်ချမည်”ဟု ဒေါသတကြီးပေါက်ကွဲလာတဲ့ ဇော်မဲလုံး..

Unicode

Mytel တာဝါတိုင်များဖျက်ဆီးနေခြင်းမှာ အစွန်းရောက်တာလီ ဘန်ဆန်နေဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြောဆို..

စက်တင်ဘာလ၁၁ရက်.. “My Tel တာဝါတိုင်တွေကို PDF တွေဗုံးခွဲဖျ က်ဆီး နေကြခြင်းဟာ နိုင်ငံတော်ကို ပုန်ကန်ခြင်း မြောက်တဲ့အတွက်

စစ်ကောင်စီက ဖမ်းမိခဲ့ရင်သေဒဏ်မှတပါး အခြားမရှိဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက အရေးကြီးသတင်း တစ်ရပ်အနေနဲ့ ယနေ့ ညနေ ၃နာရီခန့်က ပြောကြားလိုက်ပါတယ်။

မိမိတို့စစ်ကောင်စီ အနေဖြင့် အထပ်ထပ် အခါခါ ခွင့်လွှတ်သည်းခံ ခဲ့သော်လည်း ဤအစွန်းရောက်များက အိုင်အက်စ်အိုင်အက်စ် ဆန်ဆန် ၊ တာလီ ဘန်ဆန်ဆန်

လူထုဒုက္ခရောက်အောင် အမျိုးမျိုး ဒုက္ခပေး ဖျက်ဆီးနေကြခြင်းမှာတိုင်းပြည်ကို အလုံးစုံ ပျက်စီးရေးချောက်ထဲ ဆွဲချနေခြင်းသာဖြစ်ပါတယ်။

ကျွန်တော်တို့ အိမ်စောင့်အစိုးရရဲ့အကြီးအကဲဖြစ်သူ ဥက္ကဌဗိုလ်ချုပ်မှူးကြီး ကလည်း တာဝါတိုင်တွေကို ပီဒီအက်စ်သူပုန်တွေ ဖျက်ဆီးနေကြတာဟာ အကျိုးမရှိကြောင်း

မနေ့က အစည်းအဝေးမှာ ထည့်သွင်းပြောဆိုခဲ့ပြီး ဖြစ်ပါတယ်၊ ပီဒီအက်စ်တွေ ဒီလိုဆက်လုပ်နေမယ်ဆိုရင် စစ်ကောင်စီဟာ အရေးပေါ် ဥပဒေတစ်ရပ်ပြဌါန်းပြီး

ပီဒီအက်စ်တွေရဲ့ မိသားစုတွေကိုတိုင်းပြည်အတွင်း ရှာဖွေ ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒ ဏ်၊သေဒဏ်စီရင် ခံရနိုင်တဲ့အထိ ဥပဒေ ပြဌါန်းရပါ လိမ့်မယ်။

အခုလည်း မြို့တွင်းတိုက်ပွဲဆိုပြီး PDFတွေ ရန်ကုန် နဲ့မန္တလေးမှာ နေရာအနှံ့ဗုံး ခွဲတိုက် ခိုက်နေကြခြင်းကြောင့် အပြစ်မဲ့တပ်မတော်သားတွေ ရဲဝန်ထမ်းတွေ သေကြေပျက်စီးမှု့တွေ ဖြစ်ခဲ့ရပြီးဖြစ်ပါတယ်။

ထို့ကြောင့်ပြည်သူများအနေဖြင့် အဖျက်အ မှောင့်ပြုနေသူ ပီဒီအက်စ်ဆိုသူများကိုသိရှိပါက တပ်မတော်စစ်ရုံးများသို့ တိုက်ရိုက်သတင်းလာပေးပို့နိုင်ကြောင်း

အသိပေးအပ်ပါတယ်”ဆိုပြီး တပ်ခေါင်းဆောင် ရှယ်ယာပါဝင်သောမိုင်တဲတာဝါ ချိုးနေသူများအား ဒေါကြီးမောကြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

Zawgyi












Add a Comment

Your email address will not be published. Required fields are marked *