နင်တို့မီးရှို့လိုက်တဲ့အိမ်က ငါတို့မိသားစု အနှစ်နှစ် အလလ ကြိုးစားတည်ဆောက်ထားရတာပါဆိုပြီး ရင်နင့်စွားရေးသားလာတဲ့ ဂန့်ဂေါမြို့မှ မိန်းကလေးတစ်ဦး

Unicode

ဒီစာလေးကို ဂန့်ဂေါ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှုမှာ ပါသွားခဲ့ရတဲ့ ပြည်သူတစ်ဦးကလူမှုကွန်ယက်မှာ သူရဲ့ ခံစားချက်ကို ရင်ဖွင့်ရေးသားထားခဲ့တာဖြစ်ပါတယ်။

“လုပ်ရက်ကျတယ်နော် ပြန်မရနိုင်တော့တဲ့ အိမ်လေး ဒီအိမ်တစ်လုံးဖြစ်လာဖို့ တစ်မိသားစုလုံး လူပင်ပန်းစိတ်ပင်ပန်း ကိုယ့်မိသားစုချွေးနဲစာလေးနဲ့ ကြိုးစားပြီးဆောက်ထားတာလေ ။

အိမ်ဆောက်ပြီးတာမှမကြာသေးဘူး မိသားစုစုံစုံလင်လင်နဲ့ တောင်မနေရသေးဘူးလေ။မောင်လေးဆိုအဝေးရောက်နေလို့ ။

အိမ်ကိုတောင် ဓါတ်ပုံထဲမှပဲတွေ့ဖူးသေးတာလေ။တောထဲကို စစ်ဘေးရှောင်သွားနေရတဲ့မေမေကမီးဖိုချောင်လေး မီးမကူး ရအောင်လို့တဲ့

အဝေးကြီးကနေ တစ်ယောက်ထဲပြန်လာပြီးမီးငြိမ်းနေတာတဲ့ ရင်တွေနာလိုက်တာ ငါတို့ကဘာမှားနေလို့လဲ ?

ဝဋ်ကြွေးတွေဆိုလည်း ကျေပါတော့” လို့ ရင်နင့်ဝမ်းနည်းစွာရေးသားဖော်ပြထားလာခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ။

တကယ့်ကို စိတ်မကောင်းစရာပါပဲနော် အိမ်တစ်လုံးဖြစ်ဖို့ဆိုတာ တကယ့်တော့ လွယ်ကူခြင်းလုံးဝမရှိပါဘူးနော်။အိမ်လေးတစ်လုံး ဖြစ်ဖို့ရုန်းကန်ကြရကြိုးစားကြရသလို

ဘဟ်လိုအိမ်လေး ဘယ်လိုပုံစံလေးဆောက်ကြမလဲ ဆိုပြီး တွေးတောကြစဉ်းစားတိုင်ပင်ကြဆွေးနွေးကြနဲ့ ရင်ခုန်စိတ်လှုပ်ရှားခဲ့ကြရတာပါနော်။

အခုတော့ ဒီလိုမျှော်လင့်ချက်တွေ အားထုတ်မှုတွေနဲ့ တည်ဆောက်ခဲ့တဲ့အိမ်လေးတစ်လုံးဟာမိသားစုအကုန်စုံအောင်တောင် မနေထိုင်ဖူးသေးခင်ပျက်ဆီးခဲ့ရတယ်ဆိုတော့

အိမ်ပိုင်ရှင်တွေ ဘယ်လိုတောင်ရင်ကျိုးဝမ်းနည်းစိတ်မကောင်း ဖြစ်ရမလဲလေနော်တွေးကြည့်ရတာနဲ့တင် မခံစားနိုင်အောင့်ပါပဲနော် ရင်ထဲမကောင်းလိုက်တာနော်။

အားလုံးအေးချမ်းပြီး ပြည်သူတွေလိုလားတောင့်တသောဘဝနေ့ရက်တွေ အမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးရင်း ဒီအကြောင်းလေးကို စိတ်မကောင်းစွာဖော်ပြပေးလိုက်ပါတယ်နော်။

Zawgyi












Add a Comment

Your email address will not be published. Required fields are marked *