မြညိုရယ်လို့ အသိမှတ်ပြုခံရအောင် သင်ကြားပြသပေးခဲ့တဲ့ ဆရာဖြစ်သူကို သွားရောက်ကန်တော့ ခဲ့တဲ့ မြတ်သူသူ

Unicode

ပရိသတ်ကြီးရေ မြတ်သူသူကတော့ ပရိသတ်တွေက သူ့ကို မြညိုရယ်လို အသိအမှတ်ပြုခံရဖို့ မြညိုဇာတ်ရုပ်အတွက် သင်ကြားပြသပေးတဲ့ ဆရာဖြစ်သူဒါရိုက်တာ ဟိန်းစိုးကို သွားရောက်ဂါရဝပြုကန်တော့ခဲ့ပါတယ်။

ပျားရည်အိုင် ရုပ်သံဇာတ်လမ်းတွဲလေးကလက်ရှိမှာလည်း ပြန်လည်ပြသနေခဲ့ပြီး ဒုတိယအကြိမ်ပြန်လည်ခဲ့တာတောင်မှ ပရိသတ်တွေရဲ့ ဝက်ဝက်ကွဲအားပေးခြင်းကိုခံနေရစဲပါ။

မြတ်သူသူကတော့သူမကို အခုလိုအသိမှတ်ပြုခံရအောင် သင်ကြားပြသပေးတဲ့ ဆရာဖြစ်သူကိုသူကိုယ်တိုင်လည်းအခုကာလရိုက်ကူးရေးတွေမရှိလို့ ဝင်ငွေနည်းပါးနေချိန်မှာတောင် ဆရာဖြစ်သူအတွက် သတိတရသိတတ်စွာနဲ့

ဆန် ဆီ ဆေးဖိုးတွေပါ သူတတ်နိုင်သလောက် သွားရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါတယ်။မြတ်သူသူကတော့ ဆရာဖြစ်သူရဲ့ ဆုံးမစကားတွေကိုလည်း

ဒီနေ့အထိမှတ်သားလိုက်နာပြီးပတ်ဝန်းကျင်ကို အကျိုးပြုနိုင်တဲ့သူတစ်ယောက်ဖြစ်အောင်လည်းကြိုးစားနေပါတယ်တဲ့။

ဆရာဖြစ်သူအပါအဝင် သူ့ကိုအခုလိုပရိသတ်အားပေးလက်ခံမှုတွေရအောင်ရွေးချယ်ပေးခဲ့ကြသူအခွင့်အရေးပေးသူအားလုံးကိုလည်း

တကယ်အများကြီးကျေးဇူးတင်ပါတယ်လို့လည်း ကျေးဇူးတင်စကားဆိုထားပါသေးတယ်။CeleZone ပရိသတ်ကြီးရေ မြတ်သူသူကတော့ တကယ်ကိုတပည့်ကောင်းပီသလှပါပေတယ်နော်။
Source – Myat Thu Thu – မြတ်သူသူ

Zawgyi









Add a Comment

Your email address will not be published. Required fields are marked *