ကမ္ဘာပေါ်မှာ ပထမဦးဆုံးကိုယ်ဝန်ဆောင်ခဲ့တဲ့ အမျိုးသားကလေး ၃ ယောက်မွေးဖွား

Unicode

မင်္ဂလာပါစာဖတ် ပရိတ်သတ်ကြီးရေ ယခုတစ်ခါမှာတော့ ကမ္ဘာပေါ်မှာ ပထမဆုံးကိုယ်ဝန်ဆောင်ခဲ့တဲ့ အမျိုးသားအကြောင်းပဲဖြစ်ပါတယ်။ အဲ့ဒီလူရဲ့ နာမည်ဟာ Thomas Beatie ဖြစ်ပြီးသူဟာ အမေရိကန် လူမျိုးတစ်ယောက်ဖြစ်ပါတယ်။

သူဟာဆိုရင် ကမ္ဘာပေါ်မှာ ပထမဦးဆုံးကိုယ်ဝန်ဆောင်ခဲ့တဲ့ အမျိုးသား ‘The Pregnant Man’ လို့လဲ လူသိများပါတယ်။ လူမှုကွန်ယက်ဆိုရှယ်မီဒီယာပေါ်မှာတော့ အမျိုးသားတစ်ဦး ဗိုက်ကြီးနေတဲ့ ပုံတွေပြန့်နှံ့လာခဲ့ပါတယ်။

တစ်ချို့သော မိန်းကလေးတွေက သူတို့ချစ်ချစ်တွေကို mention ခေါ်ပြီး ‘ကိုကို့ ချစ်ကိုယ်စား ကိုယ်ဝန်ဆောင်ပေးနော်’တို့ ဟားဟား တို့မိန်းမတွေ ကိုယ်ဝန်ဆောင်စရာ မလိုတော့ဘူးကွ’ တို့ပြောလာကြပါတယ်။

အဲ့ဒီမှာယောက်ျားတစ်ယောက်က ဘာလို့ကိုယ်ဝန်ဆောင်လို့ရတာလဲလို့ မေးတဲ့အခါမှာတော့ သူကလိင်ပြောင်းထားတဲ့သူမို့လို့ ဆောင်လို့ရတာပါလို့ ပြန်လည်ဖြေကြားချင်ပါတယ်။

သူကိုယ်ဝန်ဆောင်ခဲ့ရတဲ့ အကြောင်းအရင်းကတော့ သူယူလိုက်တဲ့ မိန်းမဟာ ကိုယ်ဝန်ယူလို့မရတဲ့အတွက် သူ့မိန်းမအစား မျိုးဥ အလှူခံပြီးဆောင်ခဲ့တာပါ။ သူဟာဆိုရင် စုစုပေါင်းကလေး သုံးယောက်မွေးဖွားခဲ့ပါတယ်။ ၂၀၁၂ မှာတော့ သူ့မိန်းမနဲ့ ကွာရှင်းခဲ့ပြီး ယခုအချိန်မှာတော့သူက မိန်းမနောက်တစ်ယောက်နဲ့ လက်ထပ်ထားပါတယ်။

ဆေးပညာအရ ယခုအချိန်ထိတော့ ယောက်ျားစစ်စစ်တွေက ကိုယ်ဝန်ဆောင်လို့ မရသေးပါဘူးနော်။ အဆုံးထိဖတ်ရှုပေးကြတဲ့ စာဖတ်ပရိတ်သတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ သာယာပျော်ရွှင်သော နေ့ရက်လေးများ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်နော်။
crd

Zawgyi






crd

Add a Comment

Your email address will not be published. Required fields are marked *