ဒီပို့စ်ကိုမြင်ရင် ကောင်မလေးရဲ့အမျိုးသား အမြန်ဆုံးကျွန်တော်ဆီဆက်သွယ်ပါလို့ ရေးသားလာတဲ့ လူရွှင်တော် မိုးစက်
Unicode
ဒီပို့စ်ကိုမြင်ရင် ကောင်မလေးရဲ့အမျိုးသား အမြန်ဆုံးကျွန်တော်ဆီဆက်သွယ်ပါလို့ ရေးသားလာတဲ့ လူရွှင်တော် မိုးစက်
ပရိသတ်ကြီးရေ ဒီတခါဖော်ပြပေးမဲ့ အကြောင်းလေးကတော့ နယ်ပြန်သွားပြီး ပြန်မလာသေးတဲ့ခင်ပွန်းကို မျှော်နေရှာတဲ့ ကိုယ်ဝန်သည် အ မျိုးသမီးတစ်ဦးအကြောင်းပဲ ဖြစ်ပါတယ်။မြစ်ထဲခုန်ချ ဖို့အထိတောင် တွေးထားခဲ့တယ်လို့လဲသိရပါတယ်။
ဖော်ပြပါ ကိုယ်ဝန်သည် အမျိုးသမီးက ဇာတိခဏ ပြန်ဦးမယ်ဆိုပြီး ပြန်မလာသေးတဲ့ ခင်ပွန်းဖြစ်သူကို မျှော်နေရှာတာပဲ ဖြစ်ပါတယ် ။
အခုအချိန်မှာ စားဝတ်နေရေး ခက်ခဲလာလို့ လူ ရွှင်တော် မိုးစက်က ကူညီ စောင့်ရှောက် ပေးထားတာပဲ ဖြစ်ပါတယ် ။ မိုးစက်က အဆိုပါ အ မျိုးသမီးရဲ့ ဖြစ်စဉ်ကို အခုလိုပြန်လည် ပြောပြလာတာပဲ ဖြစ်ပါတယ် ။
ညီမမျက်နှာပုံကို ဖျက်မတင်ပါနဲ့ ညီမအမျိုးသား တွေ့ရင်သူပြန် လာမယ်ထင်ပါတယ်။ အခက်အခဲတွေ အရမ်းများလွန်းလို့ မြစ်ထဲခုန်ချပြီး အ ဆုံးစီရင်ဖို့တောင် တွေးထားမိတာတဲ့ဗျာ။
ထိုင်းနိုင်ငံမှာ အလုပ်အတူ တူလုပ်ပြီး ပြန်လာတဲ့အချိန် သူ့ဇာတိခဏ ပြန်ဦးမယ်ဆိုပြီး အ ဆက်အသွယ်ပါ ပြတ်သွားခဲ့တာပါတဲ့။
သူ့မှာ ကိုယ်ဝန် ကျန်ခဲ့တာကိုလည်း သိမသွားပါဘူးတဲ့။ အစက တော့ အဝတ်လျှော် စက်ချုပ်ပြီး မိဘနှစ်ပါးကို ရှာကျွေးခဲ့တယ်။ အခုတော့ ကိုယ် ဝန်က ၈ လထဲ ရောက်နေပြီမို့ ဘာမှအ ဆင်မပြေတော့တဲ့အခါ ကျွန်တော့်ဆီကို အကူအညီလာတောင်းခံပါတယ်။
ကျွန်တော်လဲ ပိုက်ဆံတွေချည်းဘဲ ပေးခဲ့ချင်ပေမယ့် ကြွေးမှီ တောင်းတဲ့ လူတွေ ရှိခဲ့ရင် နောက်ရက်တွေ စားရေးသောက်ရေး အခက်အခဲ ရှိနေမှာစိုးလို့ ဆန်တစ်အိတ်နဲ့ ငွေ ၃၀၀၀၀ အရင်ပေးခဲ့ပါတယ် ။
ကဲ ဒီပိုစ့်ကို ကောင်မလေးရဲ့ အမျိုးသားတွေ့ရင် အမြန်ဆုံးကျွန် တော် မိုးစက်ဆီ ဆက်သွယ်ပါ။ လောလော ဆယ်တော့ ဒီအမျိုး သမီး မီးဖွားဖို့ကို ကျွန်တော် တာဝန်ယူ ထားပါမယ်လို့ မိုးစက်က သူ့ဖေ့ဘွတ်စ်ပေါ်မှာ ရေးသား ထားတာကို ပ ရိသတ်တွေ အတွက် ပြန်လည် မျှဝေပေး လိုက်ပါတယ် ။ပရိသတ် ကြီးလည်း အမျိုးသမီး ရဲ့ ခင်ပွန်း နဲ့အမြန်ဆုံး ပြန်လည်တွေ့ ဆုံရအောင် share ပေးချင်းဖြင့် ကူညီပေးခဲ့ ကြပါအုံးနော်။Crd
Zawgyi
Add a Comment
Your email address will not be published. Required fields are marked *