အတူရှိခဲ့တာ (၁၂)နှစ်တောင်ရှိသွားပြီဖြစ်ပေမယ့် တစ်ယောက်ကိုတစ်ယောက် အချစ်စစ်နဲ့ချစ်ကြပြီး ဂရုစိုက်ကြင်နာနေဆဲဖြစ်တဲ့ အောင်လတို့ဇနီးမောင်နှံ

Unicode

Burmese Python လို့တင်စားခေါ်ဝေါ်ရတဲ့အောင်လအန်ဆန်ကတော့ ပြီးခဲ့တဲ့ဇူလိုင်လကကျင်းပခဲ့တဲ့ ATAIDES နဲ့ပွဲစဥ်မှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်

ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်(၂)ခုကိုစွန့်လွှတ်လိုက်ခဲ့ရတဲ့ အောင်လအန်ဆန်က တစ်ကျော့ပြန်ချန်ပီယံဖြစ်ဖို့အတွက်လက်ရှိအချိန်မှာ လေ့ကျင့်မှုတွေအပြင်းအထန်ပြုလုပ်နေတာဖြစ်ပါတယ်။တစ်ဖက်မှာဆိုရင်လည်းအောင်လအန်ဆန်းက သူ့ရဲ့မိသားစုကို အချိန်ပေးပြီးဂရုစိုက်နေတာတွေ့ရပါတယ်

အောင်လအန်ဆန်က သားတစ်ယောက်၊သမီးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ကလေးနှစ်ယောက်ရဲ့ဖခင်လည်းဖြစ်ပါတယ် ။ အောင်လအန်ဆန်ကကလေးတွေအပေါ်မှာဖခင်တစ်ယောက်ရဲ့မေတ္တာတွေအပြည့်အဝပေးထားသလို

ဇနီးဖြစ်သူအပေါ်မှာလည်း ခင်ပွန်းကောင်းပီသနေတာဖြစ်ပါတယ် ။ ယနေ့စက်တင်ဘာလ (၆)ရက်နေ့မှာတော့အောင်လအန်ဆန်က သူတို့ဇနီးမောင်နှံရဲ့မင်္ဂလာနှစ်ပတ်လည်နေ့ အမှတ်တရအဖြစ် ပုံတစ်ချို့ကိုမျှဝေခဲ့တာဖြစ်ပါတယ်

ချစ်သူဘဝကတည်းက အတူရှိခဲ့တာ (၁၂)နှစ်တောင်ရှိသွားပြီဖြစ်တဲ့ အောင်လအန်ဆန်တို့ဇနီးမောင်နှံကယနေ့မှာပဲ အိမ်ထောင်သက်တမ်း (၈)နှစ်ပြည့်သွားခဲ့တာဖြစ်ပါတယ်

ဒါကြောင့် အောင်လက သူ့ရဲ့ချစ်ဇနီးကို “I love growing old with you” ဆိုပြီး ကြင်ကြင်နာနာစကားလေးတစ်ခွန်းဆိုလိုက်တာဖြစ်ပါတယ် မင်္ဂလာနှစ်ပတ်လည်နေ့မှာ ချစ်ဇနီးနဲ့အမှတ်တရတွေကို ပြသလာတဲ့အောင်လအန်ဆန်ရဲ့ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Zawgyi



အောင်လအန်ဆန်က သားတစ်ယောက်၊သမီးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ ကလေးနှစ်ယောက်ရဲ့ဖခင်လည်း ဖြစ်ပါတယ် အောင်လအန်ဆန်ကကလေးတွေအပေါ်မှာဖခင်တစ်ယောက်ရဲ့မေတ္တာတွေ အပြည့်အဝပေးထားသလို




Add a Comment

Your email address will not be published. Required fields are marked *