ဒါရိုက်တာ ကိုပေါက်ရဲ့လက်စွမ်းကို သဘောကျ ချီးကျူးလိုက်တဲ့ သည်ခေတ်နေ

Unicode

တော်လှန်ရေးနယ်မြေမှာ သူ့ရဲ့ဆံပင်ကိုကိုယ်တိုင်ညှပ်ပေးနေတဲ့ ကိုပေါက်ရဲ့လက်စွမ်းကိုသဘောကျကာချီးကျူးလိုက်တဲ့ ဒါရိုက်တာသည်ခေတ်နေ

တော်လှန်ရေးအရေးတော်ပုံကြီးအတွက် ပြည်သူတွေနဲ့အတူ အနုပညာရှင်တွေကလည်း သူတို့ရဲ့အောင်မြင်ကျော်ကြားမှုနဲ့ ချမ်းသာကြွယ်ဝမှုတွေကို စွန့်လွှတ်ကာတိုက်ပွဲဝင်နေကြတာ တွေ့ရပါတယ်။

အခက်အခဲတွေအမျိုးမျိုးကြားက မိသားစုလိုက် လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့သူတွေရှိသလိုနှောင်ကြိုးတွေကို နောက်ဆံတင်းစွာထားခဲ့ပြီး

အများအကျိုးအတွက် ကြိုးစားနေကြတဲ့အနုပညာရှင်တွေလည်း ရှိနေကြပါတယ်.ချီးကျူးစရာကောင်းလောက်အောင်ကျရာတာဝန်ကိုထမ်းကာ

လွတ်မြောက်နယ်မြေကို ရောက်ရှိနေကြတဲ့ အနုပညာရှင်တွေထဲမှာ ဒါရိုက်တာကိုပေါက်၊ ဒါရိုက်တာသည်ခေတ်နေနဲ့ မင်းမော်ကွန်းတို့ မိသားစုတွေကလည်းအပါအဝင်ပါပဲ

သူတို့ဟာလွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီး နေထိုင်ဖြတ်သန်းနေတဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေလေ့ရှိကြတာလည်းဖြစ်ပါတယ်။

အခုတစ်ခါမှာလည်း ဒါရိုက်တာသည်ခေတ်နေတစ်ယောက် သူ့ကို ဆံပင်ညှပ်ပေးနေတဲ့စွယ်စုံအနုပညာရှင်ကြီးဒါရိုက်တာကိုပေါက်နဲ့ ပုံရိပ်တွေကိုဝေမျှလာပါတယ်။

ကိုပေါက်ဟာလွတ်မြောက်နယ်မြေမှာ ဟင်းချက်တာဝန်ယူထားတဲ့အပြင် အားကိုးရလောက်အောင် ဘတ်စုံတော်ပြီးဆံပင်ပါညှပ်တတ်တဲ့ ဒါရိုက်တာကိုပေါက်ကို သဘောကျစွာချီးကျူးလိုက်တာဖြစ်ပါတယ်။

ဒါရိုက်တာတစ်ယောက်အဖြစ်၊ ဇာတ်ညွှန်းရေး ဝတ္တုရေးသလို ပန်းချီဆွဲတာနဲ့ သီချင်းရေးတာအပြင် ဟင်းလည်းချက်တတ်ပြီး

အခုလည်း သူ့ရဲ့ဆံပင်ကို သေသေချာချာကျကျနန ညှပ်ပေးနေတဲ့ ကိုပေါက်ရဲ့လက်စွမ်းကိုလည်းပြသထားပါသေးတယ်

ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ရဲ့ ပုံလေးတွေကြည့်ကာ သဘောကျနေကြပြီး တော်လှန်ရေးသူရဲကောင်းတွေအားလုံး

ရောက်တဲ့နေရာတိုင်းမှာ အန္တရာယ်ကင်းပြီးဘေးရှင်းစွာနဲ့ အောင်ပွဲနှင့်အတူ.ပြန်လာကြဖို့ဆုတောင်းရင်းအားပေးထားကြပါတယ်နော်.

Zawgyi













Add a Comment

Your email address will not be published. Required fields are marked *