ကျောက်ဆည်မှာ ထူးဆန်းပြီး အလွန်ကြီးမားတဲ့ အဆိပ်ပြင်း တောကြီး မြွေဟောက်ကို ထိပ်တိုက်ရင်ဆိုင်ခဲ့ရတဲ့ ပြည်သူ

Unicode

ကျောက်ဆည်မှာ ထူးဆန်းပြီး အလွန်ကြီးမားတဲ့အဆိပ်ပြင်း တောကြီး မြွေဟောက်ကို ထိပ်တိုက်ရင်ဆိုင်ခဲ့ရတဲ့ပြည်သူ

ကိုယ့်ပတ်ဝန်းကျင်မှာ နေ့စဉ်တိုင်းအလွယ်တကူမြင်တွေ့နေရတဲ့ ပုံမှန် တိစ္ဆာန်တွေများစွာရှိသလိုတစ်ခါမှတောင် မမြင်ဖူးတဲ့ ထူးဆန်းလွန်းတဲ့အကောင်တွေလည်းများစွာရှိပါတယ် ။

အထူးသဖြင့် ဒီလိုထူးထူးဆန်းဆန်းတိရစ္ဆာန်တွေကို တောတောင်တွေ နယ်ဘက်တွေထဲမှာအများဆုံးတွေ့ကြရပါတယ်

အခုလည်းကျောက်ဆည်ဘက်မှာနေတဲ့ ပြည်သူတစ်ဦးက သူရဲ့ အိမ်အနီးနားပတ်ဝန်းကျင်မှာရှိတဲ့သစ်ပင်တစ်ပင်အပေါ်မှာ ထူးဆန်းလွန်းတဲ့

မြွေကြီး နှစ်ကောင်ကို တွေ့ခဲ့တာကြောင့် ဗဟုသုတအနေနဲ့ လူမှုကွန်ရက် စာမျက်နှာထက်မှာဖော်ပြထားတာတွေ့ရပါတယ် မြွေက မြင်နေကျပုံစံမျိုးမဟုတ်ဘဲအကောင်လည်းအတော်လေးကြီးတာကိုပုံထဲမှာတွေ့ရမှာပါ

မြွေက အစကနှစ်ကောင်လို့သိရပြီး တစ်ကောင်ကသစ်ပင်အပေါ်ကနေ ပြန်ဆင်းပြေးသွားတယ်လို့လည်းသိရပါတယ်။မြွေကိုတွေ့ချိန်မှာသူနဲ့အကြည့်ချင်းဆုံခဲ့ရလို့အတော်လေးကြက်သီးထကာ ကြောက်မိတယ်လို့လည်း ဖော်ပြထားပါတယ် ။

တတ်သိနားလည်တဲ့ သူတွေပြောပြချက်အရ မြွေက တောကြီးမြွေဟောက်၊ ငန်းပုတ် / King Cobra (Ophiophagus hannah)အဆိပ်ပြင်းတယ်လို့လည်းသိရပါတယ်။ပရိသတ်ကြီးလည်းဒီသတင်းကို သိရှိနိုင်စေရန်ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Zawgyi


ကိုယ့်ပတ်ဝန်းကျင်မှာ နေ့စဉ်တိုင်း အလွယ်တကူ မြင်တွေ့နေရတဲ့ ပုံမှန် တိရစ္ဆာန်တွေများစွာရှိသလို တစ်ခါမှတောင် မမြင်ဖူးတဲ့ ထူးဆန်းလွန်းတဲ့အကောင်တွေလည်းများစွာရှိပါတယ်








Add a Comment

Your email address will not be published. Required fields are marked *