မိခင်ဖြစ်သူဖမ်းခံထားရတာတောင် ဝယ်သူတွေကိုအလေးထားပြီး ပုဇွန်ခြောက်ထုပ်ကို ရောက်အောင်ပို့ပေးခဲ့တဲ့ ညီညီအောင်ထက်နိုင်ရဲ့ အမွှာအစ်ကို

Unicode

မိခင်ဖြစ်သူဖမ်းခံထားရတာတောင် ဝယ်သူတွေကိုအလေးထားပြီး ပုဇွန်ခြောက်ထုပ်ကို ရောက်အောင်ပို့ပေးခဲ့တဲ့ ညီညီအောင်ထက်နိုင်ရဲ့ အမွှာအစ်ကို

လက်ရှိကာလမှာဆိုရင်တော့ တချို့မိသားစုတွေလည်း တော်လှန်ရေးအတွက် အရာရာကိုပေးဆပ်ထားရတာတွေလည်းရှိပါတယ်။ဖေဖော်ဝါရီလ (၂၈)ရက်နေ့က လှည်းတန်းမှာကျဆုံးသွားတဲ့ ညီညီအောင်ထက်နိုင်ကိုလည်း ပြည်သူတွေက ယနေ့အချိန်ထိသတိရနေကြဆဲဖြစ်ပါတယ်။

ကျန်နေရစ်ခဲ့တဲ့ အမွှာအစ်ကိုဖြစ်သူကတော့ မိဘနှစ်ပါးကိုညီလေးရဲ့ကိုယ်စားပါ ဂရုစိုက်စောင့်ရှောက်ပေးပြီး ကုသိုလ်ကောင်းမှူတွေကိုလည်း လုပ်ဆောင်နေတာဖြစ်ပါတယ်။

ညီညီအောင်ထက်နိုင်ရဲ့ ကျန်ရစ်သူမိသားစုက သားလေးတစ်ယောက်ကို ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းပူဆွေးနေရပေမယ့် ဘယ်သူ့ဆီကမှအခွင့်အရေးမယူတာဖြစ်ပါတယ်။ဒါ့အပြင် စားဝတ်နေရေးအတွက် ပုဇွန်ခြောက်၊ငါးခြောက်တွေရောင်းပြီး သမာအာဇီဝကျစွာလုပ်ကိုင်စားသောက်နေတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ (၂)ရက်လောက်ကတော့ ညီညီအောင်ထက်နိုင်ရဲ့ မိခင်ဖြစ်သူကို တရားမဝင်ပုဇွန်ခြောက်ရောင်းမှုနဲ့ ဖမ်းဆီးသွားခဲ့လို့ ပြည်သူတွေလည်းအရမ်းစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

ပြည်သူတွေက ညီညီအောင်ထက်နိုင်ရဲ့မိခင်ဆီကနေ ပုဇွန်ခြောက်တွေအားပေးဝယ်ယူကြတာဖြစ်ပါတယ်။အခုလိုမျိုး မိခင်ဖြစ်သူကိုဖမ်းဆီးသွားခဲ့ပေမယ့်လည်း ကိုကိုအောင်ထက်နိုင်ကတော့ ဝယ်သူတွေမှာယူထားတဲ့ ပုဇွန်ခြောက်ကို ရောက်အောင်သွားပို့ပေးခဲ့တာဖြစ်ပါတယ်။

ရှောင်တိမ်းနေထိုင်နေရတာတောင် ဝယ်သူတွေကိုအလေးထားပြီး အန္တရာယ်တွေကြားကနေ သွားပို့ပေးခဲ့တဲ့ ကိုကိုအောင်ထက်နိုင်ရဲ့လုပ်ရပ်ကို ပြည်သူတွေကလေးစားနေကြတာဖြစ်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
crd-original

Zawgyi

မိခင္ျဖစ္သူဖမ္းခံထားရတာေတာင္ ဝယ္သူေတြကိုအေလးထားၿပီး ပုဇြန္ေျခာက္ထုပ္ကို ေရာက္ေအာင္ပို႔ေပးခဲ့တဲ့ ညီညီေအာင္ထက္နိုင္ရဲ႕ အမႊာအစ္ကို

လက္ရွိကာလမွာဆိုရင္ေတာ့ တခ်ိဳ႕မိသားစုေတြလည္း ေတာ္လွန္ေရးအတြက္ အရာရာကိုေပးဆပ္ထားရတာေတြလည္းရွိပါတယ္။ေဖေဖာ္ဝါရီလ (၂၈)ရက္ေန႕က လွည္းတန္းမွာက်ဆဳံးသြားတဲ့ ညီညီေအာင္ထက္နိုင္ကိုလည္း ျပည္သူေတြက ယေန႕အခ်ိန္ထိသတိရေနၾကဆဲျဖစ္ပါတယ္။

က်န္ေနရစ္ခဲ့တဲ့ အမႊာအစ္ကိုျဖစ္သူကေတာ့ မိဘႏွစ္ပါးကိုညီေလးရဲ႕ကိုယ္စားပါ ဂ႐ုစိုက္ေစာင့္ေရွာက္ေပးၿပီး ကုသိုလ္ေကာင္းမႉေတြကိုလည္း လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

ညီညီေအာင္ထက္နိုင္ရဲ႕ က်န္ရစ္သူမိသားစုက သားေလးတစ္ေယာက္ကို ဆုံးရႈံးလိုက္ရလို႔ ဝမ္းနည္းပူေဆြးေနရေပမယ့္ ဘယ္သူ႕ဆီကမွအခြင့္အေရးမယူတာျဖစ္ပါတယ္။ဒါ့အျပင္ စားဝတ္ေနေရးအတြက္ ပုဇြန္ေျခာက္၊ငါးေျခာက္ေတြေရာင္းၿပီး သမာအာဇီဝက်စြာလုပ္ကိုင္စားေသာက္ေနတာပဲျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ (၂)ရက္ေလာက္ကေတာ့ ညီညီေအာင္ထက္နိုင္ရဲ႕ မိခင္ျဖစ္သူကို တရားမဝင္ပုဇြန္ေျခာက္ေရာင္းမႈနဲ႕ ဖမ္းဆီးသြားခဲ့လို႔ ျပည္သူေတြလည္းအရမ္းစိတ္မေကာင္းျဖစ္ခဲ့ရပါတယ္။

ျပည္သူေတြက ညီညီေအာင္ထက္နိုင္ရဲ႕မိခင္ဆီကေန ပုဇြန္ေျခာက္ေတြအားေပးဝယ္ယူၾကတာျဖစ္ပါတယ္။အခုလိုမ်ိဳး မိခင္ျဖစ္သူကိုဖမ္းဆီးသြားခဲ့ေပမယ့္လည္း ကိုကိုေအာင္ထက္နိုင္ကေတာ့ ဝယ္သူေတြမွာယူထားတဲ့ ပုဇြန္ေျခာက္ကို ေရာက္ေအာင္သြားပို႔ေပးခဲ့တာျဖစ္ပါတယ္။

ေရွာင္တိမ္းေနထိုင္ေနရတာေတာင္ ဝယ္သူေတြကိုအေလးထားၿပီး အႏၲရာယ္ေတြၾကားကေန သြားပို႔ေပးခဲ့တဲ့ ကိုကိုေအာင္ထက္နိုင္ရဲ႕လုပ္ရပ္ကို ျပည္သူေတြကေလးစားေနၾကတာျဖစ္လို႔ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။
crd-original

Add a Comment

Your email address will not be published. Required fields are marked *