သန်လျင်ဘက်မှာ စွန့်ပစ်သွားတဲ့သမီးငယ်လေးကို မိခင်စိတ်အပြည့်နဲ့ ထပ်မံခေါ်ယူမွေးစားလိုက်တဲ့ ခိုင်နှင်းဝေ

Unicode

ပရိသတ်ကြီးရေ ပရဟိတလုပ်ငန်းတွေကို ကိုယ်ကျိုးစွန့်လုပ်ကိုင်နေတာကြောင့် ပရိသတ်တွေချစ်ခင်လေးစားနေရတဲ့ ခိုင်နှင်းဝေကတော့ ဒီနေ့မှာလည်း သူရဲ့ ဂေဟာလေးမှာ သမီးလေးတစ်ယောက်ကို ထပ်မံခေါ်ယူမွေးစားလိုက်ပါတယ်။ ခိုင်နှင်းဝေကတော့ လူမမယ်ကလေးငယ်တွေရဲ့ ဘဝကို သူတတ်နိုင်သလောက် ကယ်တင်ပေးနေခဲ့ပြီး

မနေ့ကလည်း သန်လျင်ဘက်မှာလာရောက်စွန့်ပစ်ခြင်းခံရတဲ့ ကလေးငယ်လေးကို မိခင်စိတ်အပြည့်နဲ့ ခေါ်ယူမွေးစားခဲ့ပါတယ်။ သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သမီးလေးကို မွေးစားတဲ့ အကြောင်းနဲ့ ပတ်သက်လို့လည်း “သန်လျင်ဘက်မှာ သမီးလေး တစ်ယောက် လာပစ်သွားကြောင်း

ကျွန်မတို့ ဂေဟာကို ပို့ချင်ကြောင်း ရပ်ကွက်မှ အကြောင်းကြားလာပါတယ်ရှင်။ နို့ဗူးထဲမှာ ထမင်းရည်လေး ထည့်ထားပြီး အင်္ကျီ အဝတ်အစား အနည်းငယ် ထည့်ထားပါတယ်။

သမီး မိန်းကလေးမို့ စိတ်ထဲ မကောင်းဖြစ်မိပါတယ်။စုံစမ်းစရာများ စုံစမ်း၍ အမှန် တကယ် စွန့်ပစိခံရပါက ကျမ ဂေဟာသို့ ခေါ်ယူ မွေးစားသွားပါမယ်ရှင်။”ဆိုပြီးတော့ ဖော်ပြထားခဲ့ပါသေးတယ်။

CeleZone ပရိသတ်ကြီးရေ စွန့်ပစ်ခံရတဲ့ သမီးလေးကတော့ မေမေခိုင်နှင်းဝေရဲ့ မေတ္တာတွေကြောင့် အေးချမ်းပျော်ရွှင်ရမျာတော့ အသေအချာပါပဲနော်။
Source – Khine Hnin Wai

Zawgyi





Source – Khine Hnin Wai

Add a Comment

Your email address will not be published. Required fields are marked *