သရုပ်ဆောင် ပိုင်တံခွန်နှင့် ရဲတိုက်တို့ အင်းစိန်ထောင်တွင် ကျန်းမာရေးကောင်းမွန်လျက်ရှိ

Unicode

စစ်အာဏာရှင်ကို ပြည်သူများနှင့် တသားတည်းဆန့်ကျင်ခဲ့ကြသည့် အနုပညာရှင်များထဲမှ သရုပ်ဆောင်ရဲတိုက်နှင့် ပိုင်တံခွန်တို့သည် အင်းစိန်အကျဉ်းထောင်အတွင်းဖမ်းဆီးခံထားရပြီး ထောင်အတွင်းကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း ၎င်းတို့၏ရှေ့နေများထံကသိရသည်။

“ပိုင်တံခွန်တို့ရဲတိုက်တို့နဲ့ ပတ်သက်လို့ကတော့ အကျဉ်းထောင် တာဝန်ခံတွေနဲ့ အဆက်မပြတ်မေးမြန်းချက်အရ ကျန်းမာရေး ကောင်းမွန်တယ်လို့ သိထားတယ်။

ထိန်းသိမ်းခံထားရတဲ့ သူတွေကလည်း သူတို့မိသားစုဝင်တွေနဲ့ စာအဆက်အသွယ်ရပြီး ကျန်းကျန်းမာမာ ရှိနေတယ်လို့ပြောကြတယ်။ လတ်တလောအနေနဲ့ ကူးစက်မှုတွေမရှိဘူးလို့သိရတယ်” ဟု ရှေ့နေဦးခင်မောင်မြင့်ကပြောသည်။

ကိုဗစ်ကူးစက်မှုကြောင့် ထောင်တွင်းထိန်းသိမ်းခံရသူများနှင့် ပြင်ပလူများ၏တွေ့ဆုံမှုကို တားမြစ်ထားသည့်အတွက် ပစ္စည်းပို့ခွင့်နှင့် စာချင်းဆက်သွယ်ခွင့်သာ ရရှိကြောင်းသိရသည်။

လက်ရှိတွင်၎င်းတို့၏အမှုများကို စစ်ဆေးမှုရပ်ဆိုင်းထားပြီး ယခင် သတ်မှတ်ထားသည့်ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ် စစ်ဆေးမှုအစီအစဉ်လည်း ပျက်ပြယ်ကြောင်းသိရသည်။

ဦးခင်မောင်မြင့်က “မူလကတော့ရုံးချိန်းတွေကို အတိအကျ သတ်မှတ်ထားတာရှိတယ်။ အသေးစိတ်စီစဉ်ထားတာ စွဲချက်တင်တဲ့ အခြေအနေအထိပေါ့။

ကြားထဲမှာ အင်းစိန်ထောင်က လော့ဒေါင်းချလိုက်တာရယ် နစကက ရုံးပိတ်ရက်တွေ ကြေညာထားလိုက်တာရယ်။ ဒါတွေကြောင့် ကျနော်တို့ စီစဉ်ထားတာတွေက ပျက်ပြယ်သွားပြီပေါ့” ဟုပြောသည်။

သရုပ်ဆောင် မော်ဒယ်ပိုင်တံခွန်အား ဧပြီလ ၈ ရက်က ရန်ကုန်မြို့ မြောက်ဒဂုံနေအိမ်တွင် စစ်ကောင်စီအဖွဲ့က ဖမ်းဆီးခဲ့ကြခြင်းဖြစ်ပြီး ပုဒ်မ ၅၀၅- က ဖြင့် တရားစွဲဆိုထားကာ အဆိုပါ အမှုအား တရားရုံးစွဲတင်ခဲ့သည့် မေလ ၄ ရက်မှစတင်၍ ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးသွားမည် ဖြစ်ကြောင်း သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။

သရုပ်ဆောင်ရဲတိုက်ကို လသာမြို့မရဲစခန်းတွင် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားပြီး မရမ်းကုန်းမြို့မရဲစခန်းတွင် မူး ယစ်ပုဒ်မ ၁၆(ဂ) ဖြင့် တရားစွဲဆိုထားပြီး ၎င်း၏အမှု ၂ ခုကိုလည်း ၁ မှုလျှင် ရက်ပေါင်း ၁၈၀ အတွင်း စစ်ဆေးသွားရန် သတ်မှတ်ထားခဲ့သည်။

အင်းစိန်ထောင်တွင်း ကိုဗစ်ကူးစက်မှု အခြေအနေများကြောင့် ထောင်တွင်း ရုံးထုတ်စစ်ဆေးမှုများကို ဇူလိုင်လ ၈ ရက်မှ စတင်ပြီး စက်တင်ဘာလ ၁၀ ရက်ထိရပ်ဆိုင်းထားသည်။

အင်းစိန်ထောင်တွင်း ထိန်းသိမ်းခံထားရသူများနှင့် ပြင်ပမှမိသားစုများတွေ့ဆုံမှုအား ၂၀၂၀ ပြည့်နှစ် မတ်လမှစတင်၍ တားမြစ်ထားပြီး ပစ္စည်းပို့ခွင့်၊ စာရေးသားခွင့်သာရှိကြောင်းသိရသည်။

Zawgyi

စစ္အာဏာရွင္ကို ျပည္သူမ်ားႏွင့္ တသားတည္းဆန့္က်င္ခဲ့ၾကသည့္ အႏုပညာရွင္မ်ားထဲမွ သ႐ုပ္ေဆာင္ရဲတိုက္ႏွင့္ ပိုင္တံခြန္တို႔သည္ အင္းစိန္အက်ဥ္းေထာင္အတြင္း ဖမ္းဆီးခံထားရၿပီး ေထာင္အတြင္းက်န္းမာေရး ေကာင္းမြန္လ်က္ရွိေၾကာင္း ၎တို႔၏ေရွ႕ေနမ်ားထံက သိရသည္။

“ပိုင္တံခြန္တို႔ရဲတိုက္တို႔နဲ႕ ပတ္သက္လို႔ကေတာ့ အက်ဥ္းေထာင္ တာဝန္ခံေတြနဲ႕ အဆက္မျပတ္ေမးျမန္းခ်က္အရ က်န္းမာေရး ေကာင္းမြန္တယ္လို႔ သိထားတယ္။

ထိန္းသိမ္းခံထားရတဲ့ သူေတြကလည္း သူတို႔မိသားစုဝင္ေတြနဲ႕ စာအဆက္အသြယ္ရၿပီး က်န္းက်န္းမာမာ ရွိေနတယ္လို႔ေျပာၾကတယ္။ လတ္တေလာအေနနဲ႕ ကူးစက္မႈေတြမရွိဘူးလို႔သိရတယ္” ဟု ေရွ႕ေနဦးခင္ေမာင္ျမင့္ကေျပာသည္။

ကိုဗစ္ကူးစက္မႈေၾကာင့္ ေထာင္တြင္းထိန္းသိမ္းခံရသူမ်ားႏွင့္ ျပင္ပလူမ်ား၏ေတြ႕ဆုံမႈကို တားျမစ္ထားသည့္အတြက္ ပစၥည္းပို႔ခြင့္ႏွင့္ စာခ်င္းဆက္သြယ္ခြင့္သာ ရရွိေၾကာင္းသိရသည္။

လက္ရွိတြင္၎တို႔၏အမႈမ်ားကို စစ္ေဆးမႈရပ္ဆိုင္းထားၿပီး ယခင္ သတ္မွတ္ထားသည့္ရက္ေပါင္း ၁၈၀ အတြင္း အၿပီးသတ္ စစ္ေဆးမႈအစီအစဥ္လည္း ပ်က္ျပယ္ေၾကာင္းသိရသည္။

ဦးခင္ေမာင္ျမင့္က “မူလကေတာ့႐ုံးခ်ိန္းေတြကို အတိအက် သတ္မွတ္ထားတာရွိတယ္။ အေသးစိတ္စီစဥ္ထားတာ စြဲခ်က္တင္တဲ့ အေျခအေနအထိေပါ့။

ၾကားထဲမွာ အင္းစိန္ေထာင္က ေလာ့ေဒါင္းခ်လိဳက္တာရယ္ နစကက ႐ုံးပိတ္ရက္ ေတြ ေၾကညာထားလိုက္တာရယ္။ ဒါေတြေၾကာင့္ က်ေနာ္တို႔ စီစဥ္ထားတာေတြက ပ်က္ျပယ္သြားၿပီေပါ့” ဟုေျပာသည္။

သ႐ုပ္ေဆာင္ ေမာ္ဒယ္ပိုင္တံခြန္အား ဧၿပီလ ၈ ရက္က ရန္ကုန္ၿမိဳ႕ ေျမာက္ဒဂုံေနအိမ္တြင္ စစ္ေကာင္စီအဖြဲ႕က ဖမ္းဆီးခဲ့ၾကျခင္းျဖစ္ၿပီး ပုဒ္မ ၅၀၅- က ျဖင့္ တရားစြဲဆိုထားကာ အဆိုပါ အမႈအား တရား႐ုံးစြဲတင္ခဲ့သည့္ ေမလ ၄ ရက္မွစတင္၍ ရက္ေပါင္း ၁၈၀ အတြင္း အၿပီးစစ္ေဆးသြားမည္ ျဖစ္ေၾကာင္း သတ္မွတ္ထားခဲ့ျခင္းျဖစ္သည္။

သ႐ုပ္ေဆာင္ရဲတိုက္ကို လသာၿမိဳ႕မရဲစခန္းတြင္ ပုဒ္မ ၅၀၅ (က) ျဖင့္ တရားစြဲဆိုထားၿပီး မရမ္းကုန္းၿမိဳ႕မရဲစခန္းတြင္ မူးယစ္ပုဒ္မ ၁၆(ဂ) ျဖင့္ တရားစြဲဆိုထားၿပီး ၎၏အမႈ ၂ ခုကိုလည္း ၁ မႈလွ်င္ ရက္ေပါင္း ၁၈၀ အတြင္း စစ္ေဆးသြားရန္ သတ္မွတ္ထားခဲ့သည္။

အင္းစိန္ေထာင္တြင္း ကိုဗစ္ကူးစက္မႈ အေျခအေနမ်ားေၾကာင့္ ေထာင္တြင္း ႐ုံးထုတ္စစ္ေဆးမႈမ်ားကို ဇူလိုင္လ ၈ ရက္မွ စတင္ၿပီး စက္တင္ဘာလ ၁၀ ရက္ထိရပ္ဆိုင္းထားသည္။

အင္းစိန္ေထာင္တြင္း ထိန္းသိမ္းခံထားရသူမ်ားႏွင့္ ျပင္ပမွမိသားစုမ်ားေတြ႕ဆုံမႈအား ၂၀၂၀ ျပည့္ႏွစ္ မတ္လမွစတင္၍ တားျမစ္ထားၿပီး ပစၥည္းပို႔ခြင့္၊ စာေရးသားခြင့္သာရွိေၾကာင္းသိရသည္။

Add a Comment

Your email address will not be published. Required fields are marked *