“စစ်သားသမီးမို့လို့ ဘယ်သူတွေဘာပြောပြော စစ်သားတွေကို ချစ်တယ်” ဆိုတဲ့သရုပ်ဆောင် စိုးမြတ်သူဇာ

Unicode

“စစ်သားသမီးမို့လို့ ဘယ်သူတွေဘာပြောပြော စစ်သားတွေကို ချစ်တယ်” ဆိုတဲ့သရုပ်ဆောင် စိုးမြတ်သူဇာ

ပရိသတ်ကြီးရေ အကယ်ဒမီစိုးမြတ်သူဇာဆိုရင်အားလုံးသိတဲ့ နိုင်ငံကျော်ဝါရင့်သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်

သူမက ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်တဲ့အပြင် ကြော်ငြာတွေမှာလည်းအောင်မြင်တဲ့မင်းသမီးကြီးတစ်လက်ဖြစ်ပါတယ်

စီးပွားရေးလုပ်ငန်းအနေနဲ့ သူမတို့ မိသားစုပိုင်ပိုးထည်တိုက်တစ်ခုကို ဖွင့်လှစ်ထားပါတယ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပြည်သူတွေရဲ့blockစာရင်းထဲပါဝင်ခဲ့ပေမဲ့ ဘာတစ်ခုမှတုံ့ပြန်ပြောဆိုခြင်းတော့မရှိခဲ့ပါဘူး

သူမဟာ ဘာကြောင့်ပြည်သူတွေဘက်က မရပ်တည်နိုင်ခဲ့လဲဆိုတဲ့ အကြောင်းရင်းကတော့သူမဟာစစ်တပ်အသိုင်းအဝိုင်းကဆင်းသက်လာတာဖြစ်ပြီးတော့သူမရဲ့ဖေဖေဟာလဲစစ်တပ်က ဗိုလ်တစ်ယောက်ဖြစ်နေလို့ပါပဲ

အရင်က အင်တာဗျူးတစ်ခုမှသူမဖြေကြားထားတဲ့ စကားတွေကို ပေါ်ပင်စုံပရိသတ်ကြီးအတွက်ကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ် စိုးမြတ်သူဇာက

” မကြီးက စစ်သားရဲ့သမီးဆိုတော့ ဘယ်သူတွေဘာပြောပြော စစ်တပ်ကိုချစ်တယ်ခုလိုတပ်မတော်နေ့လိုမျိုးစစ်ကားတွေနှစ်တိုင်းရိုက်ဖြစ်တယ်

မကြီးက ပြောထားပြီးသားစစ်တပ်နဲ့ပတ်သက်လို့ စစ်ကားတွေဘာတွေရိုက်ချင်တယ်ဆို အချိန်မရွေးပြောပါဘယ်နေရာကပဲ ဖြစ်ဖြစ်ပါဝင်ပေးမယ်အခန်းနည်းလဲကိစ္စမရှိဘူးရိုက်ပေးမယ်

အရင်ကဆို မကြီးက ဗိုလ်ကတော်တို့ တပ်ကြပ်ကတော်တို့ပေါ့ အဲ့လိုမျိုး မျိုးစုံရိုက်ဘူးတယ် မကြီးက တော်တော်များများစစ်ကားတွေမှာ နေရာမျိုးစုံသရုပ်ဆာင်ခဲ့ဖူးပါတယ် ဒီတစ်ခါတော့ မတူတော့ဘူးပေါ့..”

ဆိုပြီးတော့အရင်ကအင်တာဗျူးတစ်ခုမှာဖြေကြားခဲ့တာပဲဖြစ်ပါတယ်နော်

ယခုလဲ စိုးမြတ်သူဇာက ပြည်သူဘက်ကဘာတစ်ခုမှပါဝင်ပေးခဲ့ခြင်းမရှိပါဘူး စစ်တပ်ကိုအရင်ကလိုပဲချစ်ဆဲပဲလို့သုံးသပ်လို့ရပါတယ်နော်

ဝင်ရောက်ဖတ်ရှုခဲ့တဲ့ပရိသတ်ကြီးနဲ့တကွမြန်မာပြည်သူပြည်သားအားလုံး ကပ်ဘေးအပေါင်းမှ ကင်းလွှတ်ပြီးသာယာအေးချမ်းတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေဗျာ

Zawgyi













Add a Comment

Your email address will not be published. Required fields are marked *