MMA ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံ အောင်လအန်ဆိုင်း၏ ဘဝဇတ်ကြောင်း၊ ဘယ်အောင်မြင်မှုမှ မလွယ်ကူခဲ့ပါဘူး

Unicode

MMA ကမ်ဘာ့မစ်ဒယ်၀ိတ်ချန်ပီယံ အောင်လအန်ဆိုင်းဟာ မြစ်ကြီးနား ဇာတိဖွားဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ သူ့ရဲ့ညီအစ်ကို မောင်နှမတွေ အင်တာနေရှင်နယ်ကျောင်းမှာ တက်ရောက်နိုင်ဖို့အတွက် ရန္ကုန္ကို ပြောင်းရွှေ့လာခဲ့ကြပါတယ်။ အောင်လဟာ ငယ်စဉ်ကတည်းက အားကစားဘက်မှာ ဝါသနာကြီးခဲ့သလို၊ ပြိုင်ပွဲမျိုးစုံမှာလဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူပါ။ အဲဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး သူက ကျနော်ငယ်ငယ်က ဘောလုံး၊ ဘောလီဘော၊ ဘတ်စကက်ဘောတို့ဆိုရင် ကစားတိုင်းကို ရှုံးခဲ့တာပါ။ ပြောရရင် ကျနော် ကစားတိုင်း အရှုံးချည်းပဲ ဆိုပါတော့ဗျာ။ ခဏခဏဆိုတော့လဲ တော်တော်လေးကို စိတ်ပျက်စရာကောင်းခဲ့ပါတယ်။

အခုချိန် ပြန်တွေးကြည့်တော့ အဲဒီတုန်းက ရှုံးခဲ့ရတဲ့ အကြောင်းအရာတွေက နည်းပြတွေကြောင့်ပဲလို့ ထင်ပါတယ်။ ကျနော်တို့ဆီက နည်းပြတွေက ဘယ်ဟာက ကိုယ့်ရဲ့ အားသာတဲ့အချက်တွေလဲ၊ အခြေအနေတွေက ဘယ္လိုလဲဆိုတာ သုံးသပ်မှု အားနည်းလွန်းကြပါတယ်။ ပြောရရင် မြန်မာပြည်က နည်းပြတဲ့ပုံစံနဲ့ အခြားနိုင်ငံတွေက နည်းပြတွေရဲ့ ချဉ်းကပ်တဲ့ ပုံစံတွေက အတော်ကြီးကို ကွာခြားလွန်းလှပါတယ်။ ကျနော့်အနာဂတ်မှာတော့ အဲဒီကွာဟနေမှုကို အကောင်းဆုံး ဆက်စပ်နိုင်ဖို့ ကြိုးစားမယ်လို့ ဆုံးဖြတ်ထားပါတယ် လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

အောင်လအန်ဆိုင်းဟာ အခြေခံပညာ အတန်းတွေကို ပြီးဆုံးချိန်မှာတော့ အေမရိကားမွာ ပညာဆက်လက်လေ့လာဆည်းပူးဖို့ စီစဉ်ခဲ့သလို၊ တစ်နေ့နေ့မှာတော့ မြန်မာပြည် ပြန်လည် အလုပ်အကျွေးပြုမယ်ဆိုပြီး အိပ်မက် မက္ထားခဲ့သူပါ။ 2003 ခုနှစ်မှာတော့ သူဟာ Andrews University မွာ စိုက်ပျိုးရေးဆိုင်ရာ ပညာရပ်တွေ လေ့လာဖို့အတွက် မြန်မာပြည်ကို စွန့်ခွာခဲ့ပါတယ်။ တက္ကသိုလ်ရောက်ပြီး တစ်နှစ်အကြာမှာတော့ သူဟာ တက္ကသိုလ်က Gym မွာ ခြေထောက်ကန်နည်းတွေ၊ လက်သီးထိုးနည်းတွေ အပြင်းအထန် လေ့ကျင့်နေခဲ့တဲ့ ဆာမိုအန်နဲ့ တွေ့ဆုံခဲ့ပြီး၊ အဲဒီကစားနည်းမှာ စတင် စိတ်၀င်စားလာခဲ့ပါတယ်။

ဆာမိုအန္က အင်ဒီယားနားမှာရှိတဲ့ Gracie affiliate ဆီ ကျနော့်ကို ခေါ်သွားခဲ့တာဗျ။ အဲဒီနေရာက ကျနော့်တက္ကသိုလ်ကနေ သွားရင် 45 မီးနစ်လောက်တော့ ကြာပါတယ်။ ကျနော် ဘရာဇီး jiu-jitsu ကစားနည်းကို စျပီး လေ့ကျင့်ခဲ့တာ အဲဒီနေရာမှာ ဖြစ်သလို၊ Martial Arts ရော၊ jiu-jitsu ကိုပါ တစ်ခါတည်းစွဲသွားခဲ့ရတာပါ လို့ အောင်လက သူ့ရဲ့ တက္ကသိုလ်ကျောင်းသားဘ၀ အကြောင်းတွေကို ပြောပြသွားခဲ့တာပါ။

2005 ခုနှစ် မေလမှာတော့ အောင်လဟာ သူ့ရဲ့ ပရိုလက်ေ၀့ှကစားသမား ပထမဆုံးပွဲကို သူ့ထက် ခန္ဓာကိုယ် အများကြီးပိုကြီးတဲ့ အီမာဆင် ရှပ်ရှင်းနဲ့ စတင်ထိုးသတ်ခဲ့ပါတယ်။ ပထမ အချီရဲ့ 2.24 စက္ကန့်မှာပဲ သူ့ရဲ့မေးရိုးတွေ ဖုရောင်လွန်းနေတာကြောင့် ဆရာ၀န္က ဆက်လက်ထိုးသတ်ခွင့်မပေးတော့ပဲ ပြဲကို အရှုံးပေးစေခဲ့ပါတယ်။ သို့သော်လဲ အောင်လကတော့ အဲဒီအရှုံးနဲ့ ပတ်သက်ပြီး အဲဒီပြဲကပဲ ကျနော့်ကို Martial Arts လောက်ထဲကို ဆက်လျှောက်စေခဲ့တာပါ။ ထိုးသတ်ရတာ စိတ်လှုပ်ရှားဖို့ကောင်းသလို၊ ရင်ဖိုဖို့လဲ သိပ်ကိုကောင်းလွန်းခဲ့ပါတယ်။ ကျနော့် ရင်ထဲမှာ အဲဒီခံစားချက်တွေကို စြဲသြားခဲ့တာဗ်။ ဒါကြောင့်မို့ လေ့ကျင့်ခန်းတွေကို ဆက်ပြီး အပြီးအထန်လုပ်ခဲ့သလို၊ ပိုပြီးတော့လဲ ကစားပုံက ကောင်းလာခဲ့ပါတယ်။ သိပ်မကြာပါဘူး သူတို့ကနောက်တစ်ပွဲထိုးမလားလို့မေးတော့ နှစ်ခါပြန်တောင် မစဉ်းစားခဲ့ပါဘူး လို့ သူ့ရဲ့ကစားသမားဘ၀အခက်အခဲတွေကို ရှင်းပြခဲ့ပါတယ်။

အဲနောက်မှာတော့ အောင်လဟာ မစ်ဒယ်၀ိန်းတန်းကနေ စတင်ပြန်လည်ထိုးသတ်ခဲ့ပြီး 5 ပွဲဆက်တိုက် နိုင်ပွဲတွေရရှိခဲ့ပါတယ်။ တပြိုင်တည်းမှာပဲ သူဟာ သူ့ရဲ့တက္ကသိုလ်ပညာတွေကို၊ ကောလိပ်နားက မွေးမြူရေးခြံတစ်ခြံမှာ အလုပ်လုပ်ရင်း ဆက်လက်လေ့လာနေခဲ့ပါတယ်။ 2007 ခုနှစ်မှာ အောင်လအန်ဆိုင်းဟာ ဘွဲ့ရခဲ့ပြီး၊ သူ့အစ်မနဲ့ နီးတဲ့ Columbia, Maryland ကိုပြောင်းရွှေ့ခဲ့ကာ၊ ဘွဲ့ပညာနဲ့ သက်ဆိုင်တဲ့ အလုပ်တစ်ခုရှာဖွေခဲ့ပါတယ်။ သို့သော်လဲ အလုပ်မရခင်မှာပဲ Crazy 88 MMA လို့ အမည်ရတဲ့ ကလပ္ကို တွေ့ရှိသွားခဲ့က အဲဒီမွာပဲ ကိုယ်ခံပညာတွေကို ဆက်လက် လေ့ကျင့်နေခဲ့ပါတယ်။ နောက် 2 လ အကြာမှာတော့ သူဟာ ပျားလုပ်သား အလုပ္ကို လုပ်ကိုင်ဖို့ ဖလော်ရီဒါကို ထပ်မံပြောင်းရွှေ့သွားခဲ့ပြန်ပါတယ်။

ပျားလုပ်ငန်းမှာ တစ်နှစ်ခွဲအကြာ ကျင်လည်ခဲ့ပြီးနောက် အလုပ်မှာ ပျော်မွေ့ခြင်းမရှိပဲဖြစ်နေတဲ့ အောင်လဟာ သူ့ဘ၀ရဲ့အလှည့်အပြောင်းဖြစ်စေမယ့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ပါတယ်။ အဲဒါကေတာ့ ပုံမှန်၀င်ငွေ ရရှိနေတဲ့ အလုပ္တစ္ခုကေန အပြီးအပိုင် နှုတ်ထွက်ပြီး၊ သူ ဝါသနာပါရာ Martial Arts ပြိုင်ပွဲမှာ ကမ်ဘာ့ချန်ပီယံဖြစ်ချင်နေတဲ့ သူ့ရဲ့အိပ်မက်ကို ဆက်လက်အကောင်ထည်ဖော်ဖို့ အပြီးအပိုင် ဆုံးဖြတ်ချက် ခ်လိုက္တာပဲ ဖြစ်ပါတယ်။

တဖြေးဖြေးနဲ့ အတွေ့အကြုံတွေ ရင့်ကျက်လာတဲ့ အောင်လအန်ဆိုင်းဟာ 2014 ခုနှစ်မှာတော့ One Championship ပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုံးပြိုင်ဘက် 4 လေးယောက်ကို အနိုင်ယူပြခဲ့ပါတယ်။ 2016 ခုနှစ်၊ ရန်ကုန်မှာ ထိုးသတ်ခဲ့တဲ့ မိုဟာမက်အလီ၊ မိုက်ကယ် ပတ်စတာနက် တို့နဲ့ပွဲစဉ်တွေမှာလဲ သူဟာ အိမ်ရှင်ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရွိခဲ့သလို၊ မြန်မာ ပြည်သူတွေအကြားမှာ ထင်ရှားကြော်ကြားတဲ့သူတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ကျနော် ဒီလိုအနေအထားတွေ လိုချင်လို့၊ ဒီလိုကျော်ကြားမှုတွေကို လိုချင်လို့ ကြိုးစားခဲ့မဟုတ်ပါဘူး။ ကျနော့် ရင်ထဲမှာကိုက ဒီကစားနည်းကို ချစ်မြတ်နိုးလွန်းလို့ ဒီလိုဖြစ်အောင် ကြိုးစားခဲ့တာပါ လို့ အောင်လက ရှင်းပြသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လမှာတော့ အောင်လအန်ဆိုင်းဟာ သူ့ရဲ့ 2014 NAGA ရွှေတံဆိပ်ဆုအပါအ၀င်၊ One Championship လက်မှတ်ပါ၀င်တဲ့ လက်အိတ်တစ်စုံ နဲ့ အျခား ဆက်စပ်ပစ္စည်းတွေကို လေလံတင်ရောင်းချခဲ့ပြီး၊ အဲဒီကေန ရရွိလာတဲ့ ဒေါ်လာ 6000 ကို ကချင်က စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ Shining N-Bat လူမှုကူညီရေး အဖွဲ့အစည်းထံ လှူဒါန်းခဲ့ပါတယ်။

ဇွန်လမှာတော့ အောင်လအန်ဆိုင်းဟာ ONE Middleweight တန်းမှာ ရှုံးပွဲလုံး၀မရှိပဲ ကမ်ဘာ့ချန်ပီယံဆု ရရွိထားတဲ့ ရှရှားနိုင်ငံသား ဗစ်ဒက်ရှ်ကို ရန်ကုန်ပရိသတ်တွေရဲ့ ရှေ့မှောက်မှာ မေက်ပြဲ ပြန်လည်စိန်ခေါ် ထိုးသတ်ခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာတော့ အောင်လဟာ ပထမအချီမှာပဲ ပွဲသိမ်းလုနီးပါးအထိ အသားစီးထိုးသတ်နိုင်ခဲ့သော်လဲ ဗစ္ဒက္က လွယ်လွယ်နဲ့တော့ အရှုံးမပေးခဲ့ပါဘူး။

ကစားသမား နှစ်ဦးစလုံးဟာ ကိုယ်ပိုင် ဗျူဟာတွေနဲ့ ဆက်လက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ အောင်လရဲ့ ပြင်းထန်တဲ့ လက်သီးထိုးချက်၊ ကန်ချက်တွေနဲ့ ခနဓါကိုယ် အောက်ပိုင်း ကြံ့ခိုင်တောင်းတင်းမှုတွေက ဒီပွဲရဲ့ အနိုင်ရလာဒ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဦးတည်စေခဲ့တာပါ။ နောက်ဆုံးမှာတော့ အောင်လအန်ဆိုင်းဟာ သူမျှော်လင့်တောင့်တနေတဲ့ (အနှစ်နှစ် အလလက အိပ်မက်မက်ခဲ့တဲ့) ONE Middleweight World Champion ဆုကြီးကို ချီးမြှင့်ြ့ခင်း ခံခဲ့ရပါတယ်။

အဲဒီအခိုက်အတန့်မှာတော့ အောင်လက ဒါ တကယ်ဖြစ်နေတယ်ဆိုတာတောင် မယုံနိုင်သေးပါဘူး၊ ကျနော့်ဘ၀ တစ်လျှောက်လုံး ကြိုးစားနေခဲ့တာ ဒီအခိုက်အတန့်မျိုးတွေအတွက်ပါ။ အခုတော့ ကျနော့်ရဲ့ အိမ်ရှင်ပရိသတ်တွေရဲ့ ရှေ့မှာ စွမ်းဆောင်ပေးနိုင်ခဲ့ပါပြီ။ အရမ်းအံ့သြဖို့ ကောင်းသလို၊ ပျော်စရာလဲ ကောင်းတယ်ဗျာ လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ဆက်လက်ပြီးသူက ကျနော့် ကစားသမားဘ၀ အစက အရမ်းရှက်ဖို့ကောင်းပါတယ်၊ မြန်မာပြည်က မြို့လေးတစ်မြို့ကနေ အခုလို ကမ်ဘာ့ချန်ပီယံ တစ်ယောက် ဖြစ်လာတာ မယုံကြည်နိုင်လောက်အောင်ပါပဲ။ ဒီကမ်ဘာ့ချန်ပီယံဆုနဲ့အတူ ကျနော့် မြို့က၊ ကျနော့်နိုင်ငံကလူတွေကို စိတ်ဓါတ်ခွန်အားသစ်တွေ မွေးဖွားပေးနိုင်မှာပါ။ ကိုယ့် ဖြစ်ချင်တာတစ်ခုကို စိတ်ရောကိုယ်ပါနှစ်ထားပြီး၊ ကြိုးစားအလုပ်လုပ်မယ်ဆိုရင် ထိပ်ဆုံးအဆင့်ထိရောက်ရှိနိုင်တယ်ဆိုတာ သူတို့ကိုယ်တိုင် မြင်တွေ့ခွင့်ရသွားပြီလေ။ ဒါဟာ လူတိုင်းကို ခွန်အားသစ်တွေ မွေးဖွားပေးနိုင်မှာပါ လို့ ပြောဆိုသွားခဲ့ပါတယ်။

အောင်မြင်မှုတွေ ဆက်လက်ရယူနိုင်ပါစေ။
ရရှိုပြီးသား အောင်မြင်မှုတွေလဲ ဆက်လက်ထိန်းထားနိုင်ပါစေ အောင်လအန်ဆိုင်းရေ။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ်

Add a Comment

Your email address will not be published. Required fields are marked *