“ပြည်သူတွေကို အမှာစကားလေး ပါးလိုက်တဲ့ လွတ်မြောက်နယ်မြေရောက် ဒါရိုက်တာကိုပေါက်”

Unicode

“လျှောက်နေတဲ့လမ်းကနေ ဘယ်တော့မှ နောက်ပြန်လှည့်လာမှာ မဟုတ်ဘူး” ဆိုတဲ့ ဒါရိုက်တာကိုပေါက် လွတ်မြောက်နယ်မြေရောက်ရှိနေပါတယ်

“‘မြန်မာနိုင်ငံကို အသက်မရှိတဲ့ ရွှေ့ပြောင်းလို့မရတဲ့ မြေကြီးတစ်ခုလိုမမြင်ဘဲ သက်ရှိလူသားတစ်ယောက်လိုအစားထိုးခံစားကြည့်စမ်းပါ။

တော်တော်သနားဖို့ကောင်းတယ်။ရင်နာစရာအဖြစ်အပျက်တွေ အများကြီး ကြုံခဲ့ရတယ်။

နှစ်ပေါင်း၇၀ကျော် အနိုင်ကျင့် နှိပ်စက်တာကိုခံခဲ့ရတယ်။အခုလဲခံနေရတုန်းပဲ။

သူ့ရဲ့ နာကျင်ခံစားခဲ့ရတဲ့ဝေဒနာတွေကို ကျနော်တို့ရဲ့အသက်သွေးချွေး ဘဝတို့နဲ့ ရင်းပြီး ကုစားပေးကြရမယ်။

ဒါဟာ သမိုင်းပေးတာဝန်တစ်ခုဖြစ်တယ်။

ဒီတာဝန်ကိုဘယ်သူကမှပေးတာမဟုတ်ဘူး။.

ကျနော်တို့တွေ ကိုယ့်အသိစိတ်နဲ့ကိုယ် လိပ်ပြာလုံလုံနဲ့ပေးဆပ်ရင်း ကိုယ့်သမိုင်းကိုယ်ရေးကြရမယ်။

အခုကျနော်လျှောက်နေတဲ့လမ်းကနေဘယ်တော့မှနောက်ပြန်လှည့်လာမှာလဲ မဟုတ်ဘူး။

အရင်က သက်တောင့်သက်သာ ဘဝတွေထက် ခက်ခဲမယ်ဆိုတာသိတယ်။

သိသိနဲ့ရွေးခဲ့တဲ့ခရီးအတွက် ဘယ်လိုအကြောင်းအရာမျိုးကိုမှ မငြီးညူခဲ့ဘူး။

ဒုက္ခထဲမှာ ကျနော်ပျော်ပါတယ်။အရေးတကြီးပြောချင်တာက ကျနော်တို့ထက်ဆိုးတဲ့ကလေးတွေကအများကြီးပါ။

ကျနော်တ်ို့ဒုက္ခက သူတ်ို့တွေရင်ဆိုင်နေရတာထက်အများကြီးသေးပါတယ်။

မြန်မာပြည်အနှံ့ကလူငယ်တွေ တော်လှန်ရေးရဲဘော်တွေကိုစာနာပေးပါ၊ကူညီပေးပါ၊ထောက်ပံ့ပေးကြပါ။

နောက်ဆုံး မေတ္တာပေးပါ။
ပုံ-လွတ်မြောက်နယ်မြေက ဝါးတဲလေးပေါ်မှာတွေ့ရတဲ့ ကိုကြီးပေါက်….
ကိုပေါက်
၂၉.၈.၂၀၂၁ (မြန်မာပြည်အစွန်အဖျားတစ်နေရာ)
ရဲမင်း(AAC)—လွတ်မြောက်နယ်မြေ….30/8/2021…

Zawgyi

“ေလွ်ာက္ေနတဲ့လမ္းကေန ဘယ္ေတာ့မွ ေနာက္ျပန္လွည့္လာမွာ မဟုတ္ဘူး” ဆိုတဲ့ ဒါရိုက္တာကိုေပါက္ လြတ္ေျမာက္နယ္ေျမေရာက္ရွိေနပါတယ္

“‘ျမန္မာနိုင္ငံကို အသက္မရွိတဲ့ ေ႐ႊ႕ေျပာင္းလို႔မရတဲ့ ေျမႀကီးတစ္ခုလိုမျမင္ဘဲ သက္ရွိလူသားတစ္ေယာက္လိုအစားထိုးခံစားၾကည့္စမ္းပါ။

ေတာ္ေတာ္သနားဖို႔ေကာင္းတယ္။ရင္နာစရာအျဖစ္အပ်က္ေတြ အမ်ားႀကီး ႀကဳံခဲ့ရတယ္။

ႏွစ္ေပါင္း၇၀ေက်ာ္ အနိုင္က်င့္ ႏွိပ္စက္တာကိုခံခဲ့ရတယ္။အခုလဲခံေနရတုန္းပဲ။

သူ႕ရဲ႕ နာက်င္ခံစားခဲ့ရတဲ့ေဝဒနာေတြကို က်ေနာ္တို႔ရဲ႕အသက္ေသြးေခြၽး ဘဝတို႔နဲ႕ ရင္းၿပီး ကုစားေပးၾကရမယ္။

ဒါဟာ သမိုင္းေပးတာဝန္တစ္ခုျဖစ္တယ္။

ဒီတာဝန္ကိုဘယ္သူကမွေပးတာမဟုတ္ဘူး။

က်ေနာ္တို႔ေတြ ကိုယ့္အသိစိတ္နဲ႕ကိုယ္ လိပ္ျပာလုံလုံနဲ႕ေပးဆပ္ရင္း ကိုယ့္သမိုင္းကိုယ္ေရးၾကရမယ္။

အခုက်ေနာ္ေလွ်ာက္ေနတဲ့လမ္းကေနဘယ္ေတာ့မွေနာက္ျပန္လွည့္လာမွာလဲ မဟုတ္ဘူး။

အရင္က သက္ေတာင့္သက္သာ ဘဝေတြထက္ ခက္ခဲမယ္ဆိုတာသိတယ္။

သိသိနဲ႕ေ႐ြးခဲ့တဲ့ခရီးအတြက္ ဘယ္လိုအေၾကာင္းအရာမ်ိဳးကိုမွ မၿငီးၫူခဲ့ဘူး။

ဒုကၡထဲမွာ က်ေနာ္ေပ်ာ္ပါတယ္။အေရးတႀကီးေျပာခ်င္တာက က်ေနာ္တို႔ထက္ဆိုးတဲ့ကေလးေတြကအမ်ားႀကီးပါ။

က်ေနာ္တ္ို႔ဒုကၡက သူတ္ို႔ေတြရင္ဆိုင္ေနရတာထက္အမ်ားႀကီးေသးပါတယ္။

ျမန္မာျပည္အႏွံ႕ကလူငယ္ေတြ ေတာ္လွန္ေရးရဲေဘာ္ေတြကိုစာနာေပးပါ၊ကူညီေပးပါ၊ေထာက္ပံ့ေပးၾကပါ။

ေနာက္ဆုံး ေမတၱာေပးပါ။
ပုံ-လြတ္ေျမာက္နယ္ေျမက ဝါးတဲေလးေပၚမွာေတြ႕ရတဲ့ ကိုႀကီးေပါက္….
ကိုေပါက္
၂၉.၈.၂၀၂၁ (ျမန္မာျပည္အစြန္အဖ်ားတစ္ေနရာ)
ရဲမင္း(AAC)—လြတ္ေျမာက္နယ္ေျမ….30/8/2021…

Add a Comment

Your email address will not be published. Required fields are marked *