အသက်(၈၀)နားနီးနေပေမယ့်လည်း ကိုယ်တိုင်လက်နက်ကိုင်ပြီး တော်လှန်ရေးမှာပါဝင်နေတဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ

Unicode

ယနေ့သြဂုတ်လ (၂၈)ရက်နေ့မှာတော့ ကရင်အမျိုးသားကြီး မန်းဂျော်နီရဲ့ပုံရိပ်တစ်ခုက လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့လာတာ တွေ့ရပါတယ်။

အာဏာရှင်အမြစ်ဖြတ် ချေမှုန်းရေးမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်နေတဲ့ မန်းဂျော်နီက ဧရာဝတီတိုင်းဒေသကြီးရဲ့ဝန်ကြီးချုပ်နေရာကို ထမ်းဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ် ။

မန်းဂျော်နီက ကျန်းမာရေးအခြေအနေကြောင့် တာဝန်ကနေရပ်နားခဲ့ပေမယ့် အခုချိန်အထိ ပြည်သူတွေနဲ့အတူ ရှိနေဆဲ ဖြစ်ပါတယ် ။

မန်းဂျော်နီ (ခ) မန်းမန်းကြီးက အသက် (၇၀)ကျော် (၈၀)နားနီးပေမယ့်လည်း ရဲရင့်ပြတ်သားတဲ့စိတ်ဓာတ်နဲ့ တော်လှန်ရေးမှာ ပါဝင်နေဆဲ ဖြစ်ပါတယ် ။

လက်နက်စွဲကိုင်တော်လှန်မှဖြစ်တော့မယ့် အခြေအနေမှာ နိုင်တဲ့ဝန်ကို ထမ်းရွက်နေတဲ့ မန်းမန်းကြီးက ကရင်လူမျိုးပီပီ ကရင့်တော်လှန်ရေးမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေတာ ဖြစ်ပါတယ်။

ပြည်သူတွေကလည်း မန်းမန်းကြီးရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ ရဲရင့်ပြတ်သားတဲ့စိတ်ဓာတ်ကို လေးစားချီးကျူးနေကြတာ ဖြစ်ပါတယ် ။

အသက်အရွယ်ကို အလေးမထားဘဲ ပြည်သူတွေနဲ့အတူ ယုံကြည်ရာလမ်းကို တစိုက်မတ်မတ် လျှောက်လှမ်းနေတဲ့ မန်းဂျော်နီက ပြည်သူတွေရွေးချယ်ခဲ့တဲ့ ပြည်သူ့ကိုယ်စားလှယ်ပီသခဲ့သူလည်း ဖြစ်ပါတယ်။

တူမဖြစ်သူကလည်း တိုင်းပြည်အတွက် နိုင်တဲ့ဝန်ကိုထမ်းနေတဲ့ မန်းမန်းကြီးကို လေးစားမိကြောင်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

တစ်ချိန်က ဧရာဝတီတိုင်းရဲ့ဝန်ကြီးချုပ်တစ်ဦးဖြစ်ခဲ့တဲ့ ကရင်အမျိုးသားကြီး မန်းဂျော်နီရဲ့ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Zawgyi










Add a Comment

Your email address will not be published. Required fields are marked *