ကား(၇)စီးနဲ့တောင် သယ်ယူရတဲ့အထိ တစ်ဆိုင်လုံးမှာရှိတဲ့ပစ္စည်းမျိုးစုံကို ပြည်သူတွေအတွက် ရက်ရက်ရောရောလှူဒါန်းလိုက်တဲ့ မိသားစု

Unicode

ကိုဗစ်ကူးစက်ရောဂါဆိုးကိုတိုက်ထုတ်နေရချိန်နဲ့  လက်ရှိပြည်တွင်းရေးအခြေအနေတို့ကြောင့် အခြေခံပြည်သူလူထုလည်း စားဝတ်နေရေးတွေကြပ်တည်းကုန်တာဖြစ်ပါတယ်။

ပြည်သူလူထုအချင်းချင်းကတော့အဆင်ပြေတဲ့သူက လိုအပ်သူတွေကို ကူညီပေးရင်း ဒီအခြေအနေကြီးကို ဖြတ်ကျော်နေကြတာဖြစ်ပါတယ်။

မြန်မာပြည်သူလူထုက စေတနာသဒ္ဓါတရားထက်သန်ပြီး လူသားချင်းစာနာထောက်ထားတတ်တဲ့စိတ်လည်း အပြည့်ရှိကြပါတယ်။

ဒါ့ကြောင့် အလှူအတန်းဆိုရင်လက်မနှေးကြတဲ့ မြန်မာပြည်သူတွေက မိမိတို့ရဲ့ချွေးနည်းစာလေးတွေကို မျှဝေပေးနေကြတာဖြစ်ပါတယ်။

မနေ့ကဆိုရင်လည်း ဒိုက်ဦးမြို့၊ရှမ်းစုကျေးရွာ၊ဒဂုံမန်းလမ်းမှာနေထိုင်တဲ့ မိသားစုတစ်စုကတော့ အလှူကြီးတစ်ခုကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီမိသားစုလေးကတော့ ကုန်ခြောက်ဆိုင်ကို ဖွင့်လှစ်ထားပြီး  “ပြည်သူမှပြည်သူသို့ကူညီမည့်အဖွဲ့”ကို ဆက်သွယ်ကာ တစ်ဆိုင်လုံးမှာရှိတဲ့ပစ္စည်းတွေကို ရက်ရက်ရောရောလှူဒါန်းခဲ့တာဖြစ်ပါတယ်။

ကုန်ခြောက်ဆိုင်ဖြစ်တာကြောင့် အခြေခံစားသောက်ကုန်တွေအပြင် မုန့်မျိုးစုံ၊သွားတိုက်ဆေး၊ဆပ်ပြာမှုန့် စတဲ့အမျိုးအစားတွေစုံလင်နေတာပဲဖြစ်ပါတယ်။

တစ်ဆိုင်လုံးမှာရှိတဲ့ပစ္စည်းတွေက များပြားတာကြောင့် ကား(၇)စီးနဲ့တောင် သယ်ရတာဖြစ်ပါတယ်။ဒါ့အပြင် အလှူရှင်မိသားစုက ကူညီမယ့်အဖွဲ့ထံ ငွေသား (၂)သိန်းလည်း လှူဒါန်းခဲ့တာဖြစ်ပါတယ်။

စေတနာသဒ္ဓါတရားထက်သန်စွာနဲ့ ပြည်သူတွေအတွက်လှူဒါန်းလိုက်တဲ့ အလှူရှင်မိသားစုရဲ့ကုသိုလ်ကိုသာဓုခေါ်ရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။Crd

Zawgyi

ကိုဗစ္ကူးစက္ေရာဂါဆိုးကိုတိုက္ထုတ္ေနရခ်ိန္နဲ႕  လက္ရွိျပည္တြင္းေရးအေျခအေနတို႔ေၾကာင့္ အေျခခံျပည္သူလူထုလည္း စားဝတ္ေနေရးေတြၾကပ္တည္းကုန္တာျဖစ္ပါတယ္။

ျပည္သူလူထုအခ်င္းခ်င္းကေတာ့အဆင္ေျပတဲ့သူက လိုအပ္သူေတြကို ကူညီေပးရင္း ဒီအေျခအေနႀကီးကို ျဖတ္ေက်ာ္ေနၾကတာျဖစ္ပါတယ္။

ျမန္မာျပည္သူလူထုက ေစတနာသဒၶါတရားထက္သန္ၿပီး လူသားခ်င္းစာနာေထာက္ထားတတ္တဲ့စိတ္လည္း အျပည့္ရွိၾကပါတယ္။

ဒါ့ေၾကာင့္ အလႉအတန္းဆိုရင္လက္မေႏွးၾကတဲ့ ျမန္မာျပည္သူေတြက မိမိတို႔ရဲ႕ေခြၽးနည္းစာေလးေတြကို မွ်ေဝေပးေနၾကတာျဖစ္ပါတယ္။

မေန႕ကဆိုရင္လည္း ဒိုက္ဦးၿမိဳ႕၊ရွမ္းစုေက်း႐ြာ၊ဒဂုံမန္းလမ္းမွာေနထိုင္တဲ့ မိသားစုတစ္စုကေတာ့ အလႉႀကီးတစ္ခုကိုျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

အဲ့ဒီမိသားစုေလးကေတာ့ ကုန္ေျခာက္ဆိုင္ကို ဖြင့္လွစ္ထားၿပီး  “ျပည္သူမွျပည္သူသို႔ကူညီမည့္အဖြဲ႕”ကို ဆက္သြယ္ကာ တစ္ဆိုင္လုံးမွာရွိတဲ့ပစၥည္းေတြကို ရက္ရက္ေရာေရာလႉဒါန္းခဲ့တာျဖစ္ပါတယ္။

ကုန္ေျခာက္ဆိုင္ျဖစ္တာေၾကာင့္ အေျခခံစားေသာက္ကုန္ေတြအျပင္ မုန႔္မ်ိဳးစုံ၊သြားတိုက္ေဆး၊ဆပ္ျပာမႈန႔္ စတဲ့အမ်ိဳးအစားေတြစုံလင္ေနတာပဲျဖစ္ပါတယ္။

တစ္ဆိုင္လုံးမွာရွိတဲ့ပစၥည္းေတြက မ်ားျပားတာေၾကာင့္ ကား(၇)စီးနဲ႕ေတာင္ သယ္ရတာျဖစ္ပါတယ္။ဒါ့အျပင္ အလႉရွင္မိသားစုက ကူညီမယ့္အဖြဲ႕ထံ ေငြသား (၂)သိန္းလည္း လႉဒါန္းခဲ့တာျဖစ္ပါတယ္။

ေစတနာသဒၶါတရားထက္သန္စြာနဲ႕ ျပည္သူေတြအတြက္လႉဒါန္းလိုက္တဲ့ အလႉရွင္မိသားစုရဲ႕ကုသိုလ္ကိုသာဓုေခၚရင္း ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။Crd

Add a Comment

Your email address will not be published. Required fields are marked *