တံတားဂိတ်မှာ လုံခြုံရေးယူပေးနေတဲ့ ဒုရဲအုပ် အမြောက်တပ် ဗိုလ်မှူး၏ ပါးရိုက်ခြင်းခံရ

Unicode

တံတားဂိတ်စောင့် လုံခြုံရေး ဒုရဲအုပ်ဖြစ်သူအား အမြှောက်တပ် ဗိုလ်မှူးက ပါးရိုက်ပြီး သေနတ်မောင်းတင် ခြိမ်းခြောက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် စစ်တောင်းတံတား(သစ်)စစ်ဆေးရေးဂိတ်တာဝန်ကျနေတဲ့လုံခြုံရေးအဖွဲ့ကိုအမြှောက်တပ် ဗိုလ်မှူးတစ်ဦးကသြဂုတ် ၂၅ ရက်နေ့ ညပိုင်းမှာ ပါးရိုက်ပြီးသေနတ်မောင်းတင်ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ည ၉ နာရီအချိန်ခန့်က စစ်ဆေးရေးဂိတ်ကိုကျိုက်ထိုဘက်မှ ပဲခူးဘက်ကိုမောင်းနှင်းလာတဲ့လင့်ခရူဆာအနက်ရောင်ယာဉ် ၁ စီးရောက်ရှိလာကာယာဉ်ပေါ်ကနေအရပ်ဝတ်နဲ့လူ ၂ ဦး ဆင်းလာပြီး

တစ်ဦးက “မင်းတို့ ငါလာနေတာမသိကြဘူးလား၊ ငါအမြှောက်က်တပ်က ဗိုလ်မှူး”ဟုဆိုကာလုံခြုံရေးတာဝန်ကျ ဒုရဲအုပ် အောင်နိုင်ထွန်းကို ပါး(၅)ချက်၊ ဗိုလ်ကျော်ဇင်ထွန်းကို ပါး (၂)ချက်ရိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ သေနတ်မောင်းတင်ခြိမ်းခြောက်ပြီးဆဲဆိုကြိမ်းမောင်းကာ လုံခြုံရေးဂိတ်မှာတားဆီးထားတဲ့အကာအကွယ်တွေဖယ်ခိုင်းပြီးပဲခူးဘက်ကိုမောင်းနှင်းသွားတယ်လို့သိရပါတယ်။

ညက ဖြစ်တာကတော့ ဆဲဆိုသံတွေလဲ ကြားတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလဲ ပါးရိုက်တာတွေ့တယ်။ ရိုက်တဲ့သူက ဘယ်သူဆိုတာတော့မသိဘူး။

အကောင်ကြီးထဲကပဲ ဖြစ်မယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ပါးရိုက်သူဟာအမှတ်(၉၈)အမြှောက်စစ်ဆင်ရေးဌာနချုပ် လက်အောက်ခံ အမှတ်(၂၀၅)တပ်မှဗိုလ်မှူး တင်ဇော်လှိုင်ဖြစ်တယ်လို့သိရပါတယ်။

Zawgyi

တံတားဂိတ္ေစာင့္ လုံၿခဳံေရး ဒုရဲအုပ္ျဖစ္သူအား အျမႇောက္တပ္ ဗိုလ္မႉးကပါးရိုက္ၿပီး ေသနတ္ေမာင္းတင္ ၿခိမ္းေျခာက္

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္ စစ္ေတာင္းတံတား(သစ္)စစ္ေဆးေရးဂိတ္ တာဝန္က်ေနတဲ့ းလုံၿခဳံေရးအဖြဲ႕ကိုအျမႇောက္တပ္ ဗိုလ္မႉးတစ္ဦးက ၾသဂုတ္၂၅ရက္ေန႕ ညပိုင္းမွာ ပါးရိုက္ၿပီး ေသနတ္ေမာင္းတင္ ၿခိမ္းေျခာက္ခဲ့တယ္လို႔သိရပါတယ္။

အဲဒီ ည ၉နာရီအခ်ိန္ခန႔္ကစစ္ေဆးေရးဂိတ္ကိုက်ိဳက္ထိုဘက္မွ ပဲခူးဘက္ကို ေမာင္းႏွင္းလာတဲ့လင့္ခ႐ူဆာအနက္ေရာင္ယာဥ္ ၁ စီး ေရာက္ရွိလာကာယာဥ္ေပၚကေန အရပ္ဝတ္နဲ႕ လူ၂ ဦးဆင္းလာၿပီး

တစ္ဦးက “မင္းတို႔ငါလာေနတာမသိၾကဘူးလား၊ငါအျမႇောက္က္တပ္က ဗိုလ္မႉး”ဟုဆိုကာလုံၿခဳံေရးတာဝန္က် ဒုရဲအုပ္ ေအာင္နိုင္ထြန္းကို ပါး(၅)ခ်က္၊ဗိုလ္ေက်ာ္ဇင္ထြန္းကို ပါး (၂)ခ်က္ရိုက္ခဲ့တာ ျဖစ္ပါတယ္။

အဲဒီေနာက္မွာေတာ့ ေသနတ္ ေမာင္းတင္ၿခိမ္းေျခာက္ၿပီး ဆဲဆိုႀကိမ္းေမာင္းကာလုံၿခဳံေရးဂိတ္မွာတားဆီးထားတဲ့အကာအကြယ္ေတြဖယ္ခိုင္းၿပီးပဲခူးဘက္ကို ေမာင္းႏွင္းသြားတယ္လို႔သိရပါတယ္။

ညက ျဖစ္တာကေတာ့ ဆဲဆိုသံေတြလဲၾကားတယ္။လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြကိုလဲပါးရိုက္တာေတြ႕တယ္။ ရိုက္တဲ့သူကဘယ္သူဆိုတာေတာ့မသိဘူး။

အေကာင္ႀကီးထဲကပဲ ျဖစ္မယ္”လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။ ပါးရိုက္သူဟာအမွတ္(၉၈)အျမႇောက္စစ္ဆင္ေရးဌာနခ်ဳပ္ လက္ေအာက္ခံ အမွတ္(၂၀၅)တပ္မွ ဗိုလ္မႉးတင္ေဇာ္လွိုင္ ျဖစ္တယ္လို႔သိရပါတယ္။

Add a Comment

Your email address will not be published. Required fields are marked *