အကူအညီတောင်းခံလာတဲ့ ရဲဘော်တွေရဲ့စာကိုဖတ်ပြီး မငြင်းရက်တော့လို့ မိခင်ဖြစ်သူရဲ့ရင်ထိုးလေးကို စျေးတင်ရောင်းချသွားမယ့် ပန်ဆယ်လို
Unicode
တော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာကနေ အားသွန်ခွန်စိုက် ကူညီနေတဲ့ ပန်ဆယ်လိုကတော့ ပြည်ပရောက်နေပေမယ့် မြန်မာပြည်အရေးကို အလေးထားဆောင်ရွက်နေဆဲဖြစ်ပါတယ်
ပန်ဆယ်လိုက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ CDM သမားတွေအတွက် သူမကိုယ်တိုင်လှူဒါန်းသလို အလှူငွေတွေ ကောက်ခံပြီးကူညီပေးနေတာလည်းဖြစ်ပါတယ်
အခုလည်း ပန်ဆယ်လိုက သူမဆီကိုအကူအညီတောင်းခံလာတဲ့ ရဲဘော်လေးတွေရဲ့အကြောင်း ပြောပြထားတာတွေ့ရပါတယ်။
“ကျည်ဆန်တွေ၊ ဆန်၊ ဆီ၊ စားနပ်ရိက္ခာတွေက အရေးကြီးပေမယ့် ကော်ဖီမစ်လေးရရင် သောက်ချင်လို့ထည့်ပေးပါ။မရလည်း ကိစ္စမရှိပါဘူးမကြီး” ဆိုတဲ့ ရဲဘော်လေးတွေရဲ့စကားတွေကို ပန်ဆယ်လိုကမျက်ကွယ်မပြုနိုင်ဘဲဖြစ်နေတာဖြစ်ပါတယ်
ဒီအကြောင်းကိုကြားတဲ့ ပန်ဆယ်လိုရဲ့မိခင်ကလည်း သူမကိုမွေးနေ့လက်ဆောင်ပေးထားတဲ့အမေစုပုံရင်ထိုး/ဆွဲသီးလေးကို ရောင်းလိုက်ပါဆိုပြီးပြောလာခဲ့တာဖြစ်ပါတယ်
ဒါကြောင့် ပန်ဆယ်လို မိခင်ဖြစ်သူရဲ့မွေးနေ့မှာ သူမ လက်ဆောင်ပေးခဲ့တဲ့ အမေစုပုံရင်ထိုးလေးကိုရောင်းချပြီး လိုအပ်နေတဲ့သူတွေကို ကူညီဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်
ဒီပစ္စည်းလေးရဲ့တန်ကြေးက (၅)သိန်း (၈)သောင်းရှိပေမယ့် ကူညီဖို့လိုအပ်နေတာက ဒီထက်မကတာကြောင့် အလှူအတွက် စျေးတင်ရောင်းချသွားမှာဖြစ်ကြောင်း ပန်ဆယ်လိုကပြောထားတာတွေ့ရပါတယ်။ “ရောင်းရငွေ အရင်းရော ပိုရတာရော အကုန်လှူပေးမှာပါ။
အများဆုံးပေးတဲ့လူ ရောင်းပါမယ်။ စျေးပြိုင်မပေးဘဲ တတ်နိုင်သလောက် ကူညီချင်ရင်လည်း ရပါတယ်” ဆိုပြီး ပန်ဆယ်လိုက သူမရဲ့Page ကိုဆက်သွယ်နိုင်ကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပန်ဆယ်လိုက သူမဆီကိုအကူအညီလာတောင်းတဲ့ ရဲဘော်လေးတွေနဲ့အပြန်အလှန်စကားပြောထားတဲ့ Screenshots တွေကို ဖော်ပြပေးထားတာလည်းဖြစ်ပါတယ်
Source & Photo Credit-ပန်ဆယ်လို’s FB Acc
Zawgyi
ဒါ့အပြင် ပန်ဆယ်လိုက သူမဆီကို အကူအညီလာတောင်းတဲ့ ရဲဘော်လေးတွေနဲ့အပြန်အလှန် စကားပြောထားတဲ့ Screenshots တွေကိုွော်ပြပေးထားတာလည်း ဖြစ်ပါတယ် ။
Add a Comment
Your email address will not be published. Required fields are marked *