ဝရမ်းပြေးဖြစ်နေချိန် တစ်သက်လုံးရှာထားခဲ့တဲ့ ချွေးနည်းစာတွေကို မိတ်ဆွေများထံအပ်နှံခဲ့ရာမှ အလိမ်ခံလိုက်ရတဲ့ ဖြူဖြူကျော်သိန်း
Unicode
အဆိုတော်ဖြူဖြူကျော်သိန်းကတော့တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူအမှန်တရားဘက်ကတစ်သားတည်းပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅ကနဲ့မတရားအမှုဖွင့်ထားခြင်းခံရပြီးဘေးကင်းရာကိုတိမ်းရှောင်နေရပါတယ်။
အခုတစ်ခါမှာဆိုရင်လဲဖြူဖြူကျော်သိန်းကအခုလိုခက်ခဲနေတဲ့အချိန်မှာပိုက်ဆံလိမ်ညာယူချင်တဲ့သူတွေကိုသတိကြီးကြီးထားဖို့သူ့ရဲ့အတွေ့အကြုံနဲ့အခုလိုပြောပြလာပါတယ်နော်။ဖြူဖြူကျော်သိန်းကတော့ရေနစ်သူဝါးကူထိူးကြရာဝယ်
၅၀၅ကနဲ့အမှူဖွင့်ခံရလို့မကျန်းမာတဲ့မိအိုဖအိုကိုပစ်ပြီးပုန်းရရှောင်ရ စိတ်ဒုက္ခမျိူးစုံကြုံရ၊ဘာအလုပ်မှမလုပ်ရလို့ဝင်ငွေလုံးဝမရှိရတဲ့ထဲလူယုံသတ်ခံရတာခံရခက်ဆုံးပဲ၊ဒုက္ခရောက်ချိန်မို့ကိုယ်တစ်သက်လုံးရိုးရိုးသားသားရှာထားခဲ့တဲ့ချွေးနည်းစာလေးကိုယုံပြီးခဏအပ်ထားခဲ့မိပါတယ်။လုလိုလို့ပြန်လည်းတောင်းရောရူးချင်ယောက်ဆောင်ပြီးပတ်ပြေးကြရော တစ်ယောက်မဟုတ်ဘူးနော်၊
၂ယောက်တောင်၊ပထမတစ်ယောက်ကတော့သူ့အနေအထားအရဒီပိုက်ဆံကိုမက်လို့ဆိုလည်းထားပါတော့၊နောက်ဆုံးကိုယ့်ပိုက်ဆံကိုယ်ပြန်ရဖို့အရေးရှေ့နေခပါအကုန်ခံပြီးလနဲ့ချီ
သူခိုးဖမ်းသလိုမိတ်ပျက်ခံလိုက်ဖမ်းမှမတတ်သာတဲ့အဆုံးပြန်ပေးလေရဲ့ဆိုပြီးတော့ဝမ်းနည်းစွာရေးသားလာပါတယ်နော်။ဒါ့အပြင်ကိုခုတစ်ယောက်ကတော့ကိုယ်ထက်လည်းချမ်းသာ၊အသိုင်းအဝိုင်းအမြင့်ကလည်းလာတာမို့ဒီပိုက်ဆံလောက်နဲ့တော့နာမည်ပျက်မခံလောက်ဘူးထင်ထားတာ
ခုတော့amazingတင်မကJawDropပါဖြစ်နေရပြီ။ဘယ်သူတွေလဲဆိုတာသာသိရင်ကိုယ့်လိုပဲအားလုံးလည်းshockရသွားကြမယ်ထင်ရဲ့ ဘဝတူမောင်နှမတွေလည်းခုလိုအစစအရာရာခက်ခဲနေချိန်မှာ
လူလိမ်လူကောက်တွေရဲ့လူယုံသတ်ခံရခြင်းကကင်းဝေးကြပါစေဆိုပြီးတော့သူမရဲ့Instagramအကောင့်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။
Photo phyu phyu kyaw thein
Zawgyi
Add a Comment
Your email address will not be published. Required fields are marked *