ဖခင်ကြီး (၁)လပြည့်လပတ်အတွက် ဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့တဲ့ လပြည့်

Unicode

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသားချော လပြည့်ကတော့ ဒီနေ့သြဂုတ်လ (၂၅)ရက်နေ့မှာ ဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့ပါတယ်။

အလှူလေးကတော့ ကွယ်လွန်သွားတဲ့ ဖခင်ကြီး တလပြည့် လပတ်လည်အလှူလေးအနေနဲ့ သူ့ရဲ့နေအိမ်မှာ သံဃာတော်တွေကို ဆွမ်းကပ်လှူခဲ့တာပဲဖြစ်ပါတယ်။

လပြည့်ကတော့ မိဘတွေရှိစဉ်ကလည်း မိဘတွေကို လိုလေသေးမရှိအောင် ထားပြီး သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ကာ မိဘကို လုပ်ကျွေးပြုစုနေတဲ့ သားလိမ္မာလေးပါ။

မိဘတွေကွယ်လွန်သွားချိန်မှာလည်း မိဘတွေအတွက် လိုအပ်တာတွေ ကောင်းမှုကုသိုလ်တွေကို မပျက်မကွက်နဲ့ ပြုလုပ်ပေးနေခဲ့ပြန်ပါသေးတယ်။

CeleZone ပရိသတ်ကြီးရေ လပြည့်ရဲ့ဖခင်ကြီးအတွက် ရည်စူးပြီး ပြုလုပ်ခဲ့တဲ့ ဆွမ်းကပ်အလှူလေးကို ပရိသတ်ကြီးတွေလည်း သာဓုခေါ်ဆိုနိုင်ဖို့ CeleZone ကနေ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

CeleZone ပရိသတ်ကြီးတွေက လပြည့်ရဲ့အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
Source – La Pyae

Zawgyi






Source – La Pyae

Add a Comment

Your email address will not be published. Required fields are marked *