ရိက္ခာတွေပြတ်ပြီးအဖွဲ့ဝင်တွေအဖမ်းခံရတဲ့အပြင် ကူညီမယ့်သူမရှိဘဲ ဒုက္ခရောက်နေတဲ့ PDF လူငယ်လေး တစ်ယောက်ရဲ့ ဗီဒီယို

Unicode

အောက်ဆုံးတွင် ဗီဒီယိုဖိုင်ပါသည်
PDF လူငယ်လေးတွေရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းရုံသာမက အချိန်မရွေးအသက်ဘေးနဲ့ ရင်ဆိုင်နေရတဲ့အနေအထားပါ။

PDF လူငယ်တွေကိုအဓိကကူညီပေးနေတဲ့ KEEP on Smiling ဆိုတဲ့ Facebook Page ဟာ ဒုက္ခရောက်နေတဲ့ PDF လူငယ်လေးတွေကို တတ်စွမ်းသ၍ ကူညီပေးပြီး PDF တွေကလည်း ကျေးဇူးတင်တုံ့ပြန်တဲ့အနေနဲ့ Video လေးတွေနဲ့ ကျေးဇူးတင်စကားပြန်ပြောပေးခဲ့ကြပါ တယ်။

လက်ရှိကူညီထားတဲ့ PDF အဖွဲ့ဟာ စားနပ်ရိက္ခာတွေပြတ်လပ်ပြီး ဒုက္ခရောက်နေတဲ့အပြင် အဖွဲ့ဝင်တစ်ယောက်တည်းဖမ်းဆီးခံခဲ့ရတာကြောင့် အရာအားလုံးကို (၁) ကနေ ပြန်စနေရတဲ့ အခြေအနေဖြစ်နေခဲ့တာကြောင့် လှူဒါန်းပေးကြတဲ့ အလှူရှင်တွေရဲ့ငွေကြေးနဲ့ ငွေကျပ်နှစ်သိန်းခွဲ လှူဒါန်းပေးလိုက်တာကြောင့် အတိုင်းအတာတစ်ခုထိ အဆင်ပြေသွားခဲ့တာတော့ ဝမ်းသာစရာပါပဲ။

တိုင်းပြည်အတွက်စွန့်လွှတ်အနစ်နာခံပြီးပေးဆပ်နေကြတဲ့ PDF လူငယ်လေးတွေနဲ့ CDM သူရဲကောင်းတွေ ဟာ အဖိုးမဖြတ်နိုင်ကြသူတွေပါ။

ဒီလိုလူတွေကို ပြည်သူတွေကလည်း အများကြီးထောက်ပံ့ပေးပြီး အာဏာရှင်ကို ရတဲ့နည်းနဲ့တော်လှန်ပေးနေကြတာပါ။

အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်ပေးနေတဲ့ PDF တွေနဲ့ ဘဝနဲ့ရင်းပြီးတော်လှန်ပေးနေတဲ့ CDM တွေကို ပြည်သူတိုင်းက ထာဝစဉ်ဦးညွှတ်လေးစားလျက်ပါပဲ။
Videoကြည့်ရန်

Zawgyi






Videoကြည့်ရန်

Add a Comment

Your email address will not be published. Required fields are marked *