အဝေးရောက်နေချိန်မှာတောင် အကိုလို ချစ်ရတဲ့ သိန်းလင်းစိုးအတွက် မွေးနေ့ကိတ်လေးရောက်အောင်ပို့ပေးခဲ့တဲ့ ယွန်းယွန်းနဲ့ သဇင်ထူးမြင့်

Unicode

ပရိသတ်ကြီးရေ ဒီနေ့သြဂုတ်လ (၂၄)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် သိန်းလင်းစိုးရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။

ဒီနေ့မှာကျရောက်တဲ့ သိန်းလင်းစိုးရဲ့ မွေးနေ့ရက်လေးအတွက်ကိုတော့ ပရိသတ်တွေရဲ့အချစ်တော်တွေဖြစ်တဲ့ ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့(၂)ယောက်က မွေးနေ့Surprise လေး ပြုလုပ်ပေးခဲ့ပါတယ်။

ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့က လတ်တလောမှာ အဝေးကိုရောက်ရှိနေပေမဲ့လည်း သူတို့အကိုလို ချစ်ရတဲ့ ကိုသိန်းရဲ့ အွေးနေ့လေးအတွက်ကိုတော့ မမေ့မလျော့ဘဲ ကိတ်မုန့်လေးပို့ပြီး မွေးနေ့မှာပျော်ရွှင်စေဖို့ Surprise လေးဖန်တီးပေးခဲ့တာပါ။

ကိုသိန်းကလည်း ခုလိုအချိန်မှာ မထင်မှတ်ထားလောက်အောင် ဂရုတစိုက်နဲ့ သတိတရကို သဲယွန်းလေး (၂)ယောက်က မွေးနေ့ကိတ်ပို့ပေးတဲ့ အတွက် ဝမ်းသာပီတိဖြစ်နေခဲ့ပါသေးတယ်။

သဇင်ထူးမြင့်ကလည်း ကိုသိန်းရဲ့မွေးနေ့ကို အဝေးရောက်နေပေမဲ့မဖြစ်ဖြစ်အောင် ယွန်းယွန်းနဲ့ အတူ ကြံဖန်ပြီးစီစဉ်ပေးခဲ့ကြောင်း ကိုသိန်းသဘောကကျတဲ့အတွက် သူတို့လည်း ပီတိဖြစ်နေခဲ့ပါသေးတယ်။

CeleZone ပရိသတ်ကြီးရေ ဒီနေ့မှာမွေးနေ့ကျရောက်တဲ့ ကိုသိန်းရဲ့ မွေးနေ့လေးအတွက် ဆုမွန်ကောင်းတွေတောင်းပေးခဲ့ပါဦးနော်။
Source – Thein Lin Soe, Thazin Htoo Myint

Zawgyi







Add a Comment

Your email address will not be published. Required fields are marked *