လွတ်မြောက်နယ်မြေတစ်နေရာတွင် ခက်ခက်ခဲခဲချက်ပြုတ်စားသောက်နေရတဲ့ ကိုပေါက်

Unicode

ဒါရိုက်တာ ကိုပေါက်ကတော့ မြန်မာ့နွေဦးတော်လှန်ရေးတွင် ပြည်သူတွေနဲ့အတူအမှန်တရားဘက်ကနေ ရပ်တည်ခဲ့တဲ့အတွက် အာဏာရှင်လူတစ်စုမှ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် အရေးယူ ခံထားရတာဖြစ်ပါတယ်။

သူကတော့အခြေအနေအရပ်ရပ်ကြောင့် မိသားစုနဲ့ ခွဲခွာပြီး ဘေးကင်းလုံခြုံရာသို့ တိမ်းရှောင်နေရတာလပေါင်းများစွာကြာမြင့်နေပြီဖြစ်ပါတယ်။

ပရိသတ်တွေကလည်း လူမှုကွန်ယက်တွင်အချိန်အကြာကြီး ပျောက်ကွယ်နေတဲ့ ကိုပေါက်ရဲ့လုံခြုံရေးအတွက် စိတ်ပူနေကြတာဖြစ်ပါတယ်။

မကြာသေးခင် ရက်ပိုင်းလောက်က ကိုပေါက်ရဲ့ Facebook အကောင့်တွင်အချိန်အတော်ကြာပျောက်ကွယ်နေရတဲ့အကြောင်းရင်းကို ရေးသားပြောပြလာခဲ့တာဖြစ်ပါတယ်။

လုံခြုံရေးအရ (၃) လလောက် ပိတ်ထားခဲ့ရတဲ့ သူ့အကောင့်လေး ပြန်အသက်ဝင်ခွင့်ရတဲ့အတွက် ဝမ်းသာမိကြောင်းနဲ့ Facebook ပေါ်ကနေ ပျောက်နေလို့ စိုးရိမ်စိတ်ပူပေးကြတဲ့ စိတ်တူကိုယ်တူ ချစ်မိတ်ဆွေများကိုလည်းကျေးဇူးတင်မိကြောင်း ရေးသားထားပါတယ်။

သူကိုယ်တိုင်လည်း ကိုဗစ်ရောဂါဝေဒနာကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရပြီး ပြန်လည်ကျန်းမာလာပြီလို့ ပြောပြထားပါတယ်။

ဒီရောဂါဟာ လူ့အသက်ကိုပါ ဒုက္ခပေးတဲ့အတွက် မပေါ့ဆကြဖို့နဲ့ အားလုံး ကျန်းမာဘေးကင်းပြီး ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျစေနိုင်ပါစေလို့ ဆုတောင်းပေးနေတာဖြစ်ပါတယ်။

တော်လှန်ရေးခရီးတစ်ထောက်နားတိုင်း မိတ်ဆွေရင်း ညီအစ်ကိုမောင်နှမပမာကူညီစောင့်ရှောက်ပေးခဲ့သူများအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်းရေးသားထားပါတယ်။

ဒါ့အပြင် တောထဲမှာ နေထိုင်နေရတဲ့ လက်ရှိအခြေအနေကိုလည်း ပုံနှင့်တကွဝေမျှပေးထားတာဖြစ်တဲ့အတွက် အားလုံးလည်း

သိရှိစေဖို့ ဒီသတင်းကိုတင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Aung Min Naing’s Facebook Account

Zawgyi

ဒါရိုက္တာ ကိုေပါက္ကေတာ့ ျမန္မာ့ေႏြဦးေတာ္လွန္ေရးတြင္ ျပည္သူေတြနဲ႕အတူ အမွန္တရားဘက္ကေန ရပ္တည္ခဲ့တဲ့အတြက္ အာဏာရွင္လူတစ္စုမွ ပုဒ္မ ၅၀၅(က) ျဖင့္ အမႈဖြင့္ အေရးယူ ခံထားရတာ ျဖစ္ပါတယ္။

သူကေတာ့အေျခအေနအရပ္ရပ္ေၾကာင့္ မိသားစုနဲ႕ ခြဲခြာၿပီး ေဘးကင္းလုံၿခဳံရာသို႔ တိမ္းေရွာင္ေနရတာ လေပါင္းမ်ားစြာၾကာျမင့္ေနၿပီ ျဖစ္ပါတယ္။

ပရိသတ္ေတြကလည္း လူမႈကြန္ယက္တြင္ အခ်ိန္အၾကာႀကီး ေပ်ာက္ကြယ္ေနတဲ့ ကိုေပါက္ရဲ႕ လုံၿခဳံေရးအတြက္ စိတ္ပူေနၾကတာ ျဖစ္ပါတယ္။

မၾကာေသးခင္ ရက္ပိုင္းေလာက္ကကိုေပါက္ရဲ႕ Facebook အေကာင့္တြင္အခ်ိန္အေတာ္ၾကာ ေပ်ာက္ကြယ္ေနရတဲ့အေၾကာင္းရင္းကို ေရးသားေျပာျပလာခဲ့တာ ျဖစ္ပါတယ္။

လုံၿခဳံေရးအရ (၃)လေလာက္ ပိတ္ထားခဲ့ရတဲ့ သူ႕အေကာင့္ေလး ျပန္အသက္ဝင္ခြင့္ရတဲ့အတြက္ ဝမ္းသာမိေၾကာင္းနဲ႕ Facebook ေပၚကေန ေပ်ာက္ေနလို႔စိုးရိမ္စိတ္ပူေပးၾကတဲ့ စိတ္တူကိုယ္တူ ခ်စ္မိတ္ေဆြမ်ားကိုလည္း ေက်းဇူးတင္မိေၾကာင္း ေရးသားထားပါတယ္။

သူကိုယ္တိုင္လည္း ကိုဗစ္ေရာဂါေဝဒနာကို ခက္ခက္ခဲခဲ ျဖတ္သန္းခဲ့ရၿပီး ျပန္လည္က်န္းမာလာၿပီလို႔ ေျပာျပထားပါတယ္။

ဒီေရာဂါဟာ လူ႕အသက္ကိုပါဒုကၡေပးတဲ့အတြက္ မေပါ့ဆၾကဖို႔နဲ႕ အားလုံး က်န္းမာေဘးကင္းၿပီး ဆႏၵနဲ႕ဘဝ တစ္ထပ္တည္းက်ေစနိုင္ပါေစလို႔ဆုေတာင္းေပးေနတာ ျဖစ္ပါတယ္။

ေတာ္လွန္ေရးခရီးတစ္ေထာက္နားတိုင္း မိတ္ေဆြရင္း ညီအစ္ကိုေမာင္ႏွမပမာ ကူညီေစာင့္ေရွာက္ေပးခဲ့သူမ်ားအားလုံးကိုလည္း ေက်းဇူးတင္ရွိေၾကာင္း ေရးသားထားပါတယ္။

ဒါ့အျပင္ ေတာထဲမွာ ေနထိုင္ေနရတဲ့ လက္ရွိအေျခအေနကိုလည္း ပုံႏွင့္တကြေဝမွ်ေပးထားတာျဖစ္တဲ့အတြက္

အားလုံးလည္း သိရွိေစဖို႔ ဒီသတင္းကိုတင္ဆက္ေပးလိုက္ ရပါတယ္။
Source and Photo Crd-Aung Min Naing’s Facebook Account