ငတ်တော့လဲ မရှက်နိုင်တော့ပါဘူး သားရယ်တဲ့ တစ်နေကုန်မှ ထမင်းတစ်နပ်ပဲစားရတဲ့အထိ ခက်ခဲနေရှာတဲ့ လူရွှင်တော် ဦးရွှေအိုး

Unicode

ကိုဗစ်ကာလမှာ အလုပ်မရှိတာကြောင့် တရက်လုံး ထမင်းတစ်နပ်ပဲ စားရတဲ့အထိ အခြေအနေဆိုးနေတဲ့ လူရွှင်တော်ရွှေအိုးအကြောင်း ပြောပြာလာတဲ့ လူရွှင်တော်မိုးစက်

ဇာတ်သဘင်လောကမှာ ရယ်စရာဟာသပြက်လုံးတွေကို အသံတုနဲ့ပုံဖော်တတ်တဲ့ ဝါရင့်လူရွှင်တော်ဦးရွှေအိုးကိုတော့ ပရိသတ်တွေသိရှိကြမှာပါနော်..။ လူရွှင်တော်ရွှေအိုးကတော့ နိုင်ငံရေးနဲ့ ကိုဗစ်ကာလဖြစ်နေတဲ့ လက်ရှိအချိန်မှာ အခြေအနေတွေအမျိုးမျိုးကြောင့် စီးပွားရေးကြပ်တည်းနေပြီး စားဝတ်နေရေးခက်ခဲနေတယ်လို့ သိရပါတယ်..။

ရောင်းစရာပေါင်စရာတွေလည်း ကုန်သလောက်ဖြစ်ကာ ထမင်းတစ်နပ်ပဲ စားနေရတဲ့အထိ စားဝတ်နေရေးခက်ခဲနေတာကြောင့် လူရွှင်တော်မိုးစက်က အိမ်တိုင်ရာရောက်

အလှူငွေတွေ သွားရောက်လှူဒါန်းခဲ့တာ တွေ့ရပါတယ်..။ လူရွှင်တော်မိုးစက်ကတော့ အလှူငွေတွေသွားရောက်ကူညီခဲ့ရင်း ဦးရွှေအိုးရဲ့လက်ရှိအခြေအနေတွေကိုလည်း အသိပေးဝေမျှထားသလို တိုက်ရိုက်လှူဒါန်းလိုသူတွေအတွက်လည်း ဦးရွှေအိုးရဲ့လိပ်စာတွေကို ပြောပြထားပါသေးတယ်..။ “လူရွှင်တော်ကြီးဦးရွှေအိုးကို ၅၀၀၀၀ ကျပ် လှူဒါန်းပေးခဲ့ပါတယ်…။ ဒီမနက် ပစ္စည်းပို့နေရင်း လူရွှင်တော်ကြီးဦးရွှေအိုးရဲ့ အခက်အခဲကို

မီဒီယာက တင်ထားတာတွေ့တော့ သူငယ်ချင်း မလေးက Metion ခေါ်ပေးတယ်…။ သာကေတ အနော်မာဘက်မှာ ပစ္စည်းပို့ရင်းနဲ့မို့ ဦးရွှေအိုးဆီ ဖုန်းအဆက်အသွယ်ရပြီး ယုဇနဥယျာဉ်ဘက်ကို ဒုန်းစိုင်းဆင်းလာခဲ့တယ်ဗျာ။

တိုက်ခန်းငှားထားတဲ့အပြင် စားဝတ်နေရေးပါ ခက်ခဲ ၊ရောင်းစရာ ပေါင်စရာလဲ ကုန်သလောက်ဖြစ်သွားပြီဆိုတော့ စိတ်တော့မကောင်းပါဘူးဗျာ…။ နာမည်ကြီးအနုပညာရှင်ကြီးတွေ ဒီလိုမြင်တွေ့နေရတော့ တကယ်ရင်ထဲ မကောင်းတာပါ…။ ကျွန်တော် ကိုရဲမိုးသဘင်မှာ ကတော့ အော်ပရာတွေကို သေချာသင်ပြပေးတဲ့

ဆရာတစ်ဆူပါဘဲ ။ ငွေလွှဲကူညီလှူဒါန်းချင်သူများကတော့ ကျွန်တော့် Messenger မှာ လာရောက်ဆက်သွယ်နိုင်ပါတယ်။ တိုက်ရိုက်ဆက်သွယ်လှူဒါန်းချင်သူများကတော့ အခန်း( 003) ၊ တိုက်ခန်း ၂၇ ၊ အပိုင်း ၁ ၊ကံ့ကော်လမ်းသွယ်၊ ယုဇနဥယျာဉ်မြို့တော်သို့… တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။..” ဆိုပြီး လူရွှင်တော်မိုးစက်က ပြောပြထားတာ ဖြစ်ပါတယ်..။

သက်ကြီးအနုပညာရှင်တွေအပြင် အခုကာလမှာ စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက်လည်း ကူညီလှူဒါန်းနေတဲ့ လူရွှင်တော်မိုးစက်ကို အားလုံးက ချီးကျူးအားပေးနေကြတာလည်း ဖြစ်ပါတယ်..။crd-myanmarload

Zawgyi

ကိုဗစ္ကာလမွာ အလုပ္မရွိတာေၾကာင့္ တရက္လုံး ထမင္းတစ္နပ္ပဲ စားရတဲ့အထိ အေျခအေနဆိုးေနတဲ့ လူ႐ႊင္ေတာ္ေ႐ႊအိုးအေၾကာင္း ေျပာျပာလာတဲ့ လူ႐ႊင္ေတာ္မိုးစက္

ဇာတ္သဘင္ေလာကမွာ ရယ္စရာဟာသျပက္လုံးေတြကို အသံတုနဲ႕ပုံေဖာ္တတ္တဲ့ ဝါရင့္လူ႐ႊင္ေတာ္ဦးေ႐ႊအိုးကိုေတာ့ ပရိသတ္ေတြသိရွိၾကမွာပါေနာ္..။ လူ႐ႊင္ေတာ္ေ႐ႊအိုးကေတာ့ နိုင္ငံေရးနဲ႕ ကိုဗစ္ကာလျဖစ္ေနတဲ့ လက္ရွိအခ်ိန္မွာ အေျခအေနေတြအမ်ိဳးမ်ိဳးေၾကာင့္ စီးပြားေရးၾကပ္တည္းေနၿပီး စားဝတ္ေနေရးခက္ခဲေနတယ္လို႔ သိရပါတယ္..။

ေရာင္းစရာေပါင္စရာေတြလည္း ကုန္သေလာက္ျဖစ္ကာ ထမင္းတစ္နပ္ပဲ စားေနရတဲ့အထိ စားဝတ္ေနေရးခက္ခဲေနတာေၾကာင့္ လူ႐ႊင္ေတာ္မိုးစက္က အိမ္တိုင္ရာေရာက္

အလႉေငြေတြ သြားေရာက္လႉဒါန္းခဲ့တာ ေတြ႕ရပါတယ္..။ လူ႐ႊင္ေတာ္မိုးစက္ကေတာ့ အလႉေငြေတြသြားေရာက္ကူညီခဲ့ရင္း ဦးေ႐ႊအိုးရဲ႕လက္ရွိအေျခအေနေတြကိုလည္း အသိေပးေဝမွ်ထားသလို တိုက္ရိုက္လႉဒါန္းလိုသူေတြအတြက္လည္း ဦးေ႐ႊအိုးရဲ႕လိပ္စာေတြကို ေျပာျပထားပါေသးတယ္..။ “လူ႐ႊင္ေတာ္ႀကီးဦးေ႐ႊအိုးကို ၅၀၀၀၀ က်ပ္ လႉဒါန္းေပးခဲ့ပါတယ္…။ ဒီမနက္ ပစၥည္းပို႔ေနရင္း လူ႐ႊင္ေတာ္ႀကီးဦးေ႐ႊအိုးရဲ႕ အခက္အခဲကို

မီဒီယာက တင္ထားတာေတြ႕ေတာ့ သူငယ္ခ်င္း မေလးက Metion ေခၚေပးတယ္…။ သာေကတ အေနာ္မာဘက္မွာ ပစၥည္းပို႔ရင္းနဲ႕မို႔ ဦးေ႐ႊအိုးဆီ ဖုန္းအဆက္အသြယ္ရၿပီး ယုဇနဥယ်ာဥ္ဘက္ကို ဒုန္းစိုင္းဆင္းလာခဲ့တယ္ဗ်ာ။

တိုက္ခန္းငွားထားတဲ့အျပင္ စားဝတ္ေနေရးပါ ခက္ခဲ ၊ေရာင္းစရာ ေပါင္စရာလဲ ကုန္သေလာက္ျဖစ္သြားၿပီဆိုေတာ့ စိတ္ေတာ့မေကာင္းပါဘူးဗ်ာ…။ နာမည္ႀကီးအႏုပညာရွင္ႀကီးေတြ ဒီလိုျမင္ေတြ႕ေနရေတာ့ တကယ္ရင္ထဲ မေကာင္းတာပါ…။ ကြၽန္ေတာ္ ကိုရဲမိုးသဘင္မွာ ကေတာ့ ေအာ္ပရာေတြကို ေသခ်ာသင္ျပေပးတဲ့

ဆရာတစ္ဆူပါဘဲ ။ ေငြလႊဲကူညီလႉဒါန္းခ်င္သူမ်ားကေတာ့ ကြၽန္ေတာ့္ Messenger မွာ လာေရာက္ဆက္သြယ္နိုင္ပါတယ္။ တိုက္ရိုက္ဆက္သြယ္လႉဒါန္းခ်င္သူမ်ားကေတာ့ အခန္း( 003) ၊ တိုက္ခန္း ၂၇ ၊ အပိုင္း ၁ ၊ကံ့ေကာ္လမ္းသြယ္၊ ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္သို႔… တိုက္ရိုက္ဆက္သြယ္လႉဒါန္းနိုင္ပါတယ္။..” ဆိုၿပီး လူ႐ႊင္ေတာ္မိုးစက္က ေျပာျပထားတာ ျဖစ္ပါတယ္..။

သက္ႀကီးအႏုပညာရွင္ေတြအျပင္ အခုကာလမွာ စားဝတ္ေနေရးခက္ခဲေနၾကတဲ့ ျပည္သူေတြအတြက္လည္း ကူညီလႉဒါန္းေနတဲ့ လူ႐ႊင္ေတာ္မိုးစက္ကို အားလုံးက ခ်ီးက်ဴးအားေပးေနၾကတာလည္း ျဖစ္ပါတယ္..။crd-myanmarload

Add a Comment

Your email address will not be published. Required fields are marked *