ဘယ်နေရာရောက်ရောက် သွေးအေးမသွားဘဲ အဆုံးထိတိုက်ပွဲ ဝင်သွားမှာဖြစ်ကြောင်း ပုံနှင့်တကွ သက်သေပြလိုက်တဲ့ မြနှင်းရည်လွင်

Unicode

ဘယ်နေရာရောက်ရောက် သွေးအေးမသွားဘဲ အဆုံးထိတိုက်ပွဲ ဝင်သွားမှာဖြစ်ကြောင်း ပုံနှင့်တကွ သက်သေပြလိုက်တဲ့ မြနှင်းရည်လွင်

ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရဲရဲဝံ့ဝံ့ရပ်တည်ကြသူများထဲတွင် သရုပ်ဆောင် မြနှင်းရည်လွင်တစ်ယောက်လည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ သူမဟာ နွေဦးတော်လှန်ရေးအစပိုင်းတွင် လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် အာဏာရှင်လူတစ်စုမှ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွံဆိုအရေးယူခံထားရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဘေးကင်းလုံခြုံတဲ့နေရာတွင် နေထိုင်နေပြီး တော်လှန်ရေးတိုက်ပွဲများအတွက် ကျရာအခန်းကဏ္ဍကနေ ပါဝင်ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း မြနှင်းရည်လွင်ရဲ့ Facebook Story တွင် ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ဘယ်နေရာရောက်ရောက် သွေးအေးမသွားဘဲ အဆုံးထိတိုက်ပွဲ ဝင်သွားမှာဖြစ်ကြောင်းလက်သုံးချောင်းထောင်ထားတဲ့ သူမရဲ့ ပုံလေးတစ်ပုံကို တင်ထားတာ ဖြစ်ပါတယ်။

မြနှင်းရည်လွင်ဟာ ပြည်သူ့အစိုးရ NUG မှ ထုတ်လွှင့်မယ့် Radio အစီအစဉ်များတွင်လည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လက်အောက်တွင်ရှိတဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန Facebook Page တွင်လည်း အစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ယူဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

အနုပညာရှင်ဖြစ်ပေမယ့် အရေးကြုံလာတဲ့အခါ ပြည်သူတွေနဲ့အတူ ဓမ္မဘက်ကနေ အခိုင်အမာရပ်တည်ပေးခဲ့ကြတဲ့ အနုပညာရှင်များအားလုံးဟာ တကယ်ကို လေးစားဂုဏ်ယူစရာကောင်းလှပါတယ်။

အရေးတော်ပုံအောင်မြင်သွားတဲ့အခါ ပြည်သူတွေနဲ့အတူ ရပ်တည်ပေးခဲ့ကြတဲ့ အနုပညာရှင်တိုင်းကို အရင်ကထက်ပိုပြီး ချစ်ခင်အားပေးကြဖို့ လိုအပ်ကြောင်း ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Crd Mmload

Zawgyi

ဘယ္ေနရာေရာက္ေရာက္ ေသြးေအးမသြားဘဲ အဆုံးထိတိုက္ပြဲ ဝင္သြားမွာျဖစ္ေၾကာင္း ပုံႏွင့္တကြ သက္ေသျပလိုက္တဲ့ ျမႏွင္းရည္လြင္

ျပည္သူေတြနဲ႕အတူ အမွန္တရားဘက္ကေန ရဲရဲဝံ့ဝံ့ရပ္တည္ၾကသူမ်ားထဲတြင္ သ႐ုပ္ေဆာင္ ျမႏွင္းရည္လြင္တစ္ေယာက္လည္း အပါအဝင္ပဲ ျဖစ္ပါတယ္။ သူမဟာ ေႏြဦးေတာ္လွန္ေရးအစပိုင္းတြင္ လမ္းေပၚထြက္ၿပီး ဆႏၵထုတ္ေဖာ္ခဲ့တာေၾကာင့္ အာဏာရွင္လူတစ္စုမွ ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြံဆိုအေရးယူခံထားရတာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ေဘးကင္းလုံၿခဳံတဲ့ေနရာတြင္ ေနထိုင္ေနၿပီး ေတာ္လွန္ေရးတိုက္ပြဲမ်ားအတြက္ က်ရာအခန္းက႑ကေန ပါဝင္ကူညီေဆာင္႐ြက္ေပးေနတာ ျဖစ္ပါတယ္။

မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း ျမႏွင္းရည္လြင္ရဲ႕ Facebook Story တြင္ ပုံေလးတစ္ပုံ တင္ထားတာ ျဖစ္ပါတယ္။ ဒါကေတာ့ ဘယ္ေနရာေရာက္ေရာက္ ေသြးေအးမသြားဘဲ အဆုံးထိတိုက္ပြဲ ဝင္သြားမွာျဖစ္ေၾကာင္းလက္သုံးေခ်ာင္းေထာင္ထားတဲ့ သူမရဲ႕ ပုံေလးတစ္ပုံကို တင္ထားတာ ျဖစ္ပါတယ္။

ျမႏွင္းရည္လြင္ဟာ ျပည္သူ႕အစိုးရ NUG မွ ထုတ္လႊင့္မယ့္ Radio အစီအစဥ္မ်ားတြင္လည္း တစ္ေထာင့္တစ္ေနရာကေန ပါဝင္ကူညီေနတာ ျဖစ္ပါတယ္။

ဒါ့အျပင္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG)လက္ေအာက္တြင္ရွိတဲ့ ျပည္ထဲေရးႏွင့္ လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီးဌာန Facebook Page တြင္လည္း အစီအစဥ္တင္ဆက္သူအျဖစ္ တာဝန္ယူေဆာင္႐ြက္ေပးေနတာ ျဖစ္ပါတယ္။

အႏုပညာရွင္ျဖစ္ေပမယ့္ အေရးႀကဳံလာတဲ့အခါ ျပည္သူေတြနဲ႕အတူ ဓမၼဘက္ကေန အခိုင္အမာရပ္တည္ေပးခဲ့ၾကတဲ့ အႏုပညာရွင္မ်ားအားလုံးဟာ တကယ္ကို ေလးစားဂုဏ္ယူစရာေကာင္းလွပါတယ္။

အေရးေတာ္ပုံေအာင္ျမင္သြားတဲ့အခါ ျပည္သူေတြနဲ႕အတူ ရပ္တည္ေပးခဲ့ၾကတဲ့ အႏုပညာရွင္တိုင္းကို အရင္ကထက္ပိုၿပီး ခ်စ္ခင္အားေပးၾကဖို႔ လိုအပ္ေၾကာင္း ေျပာၾကားရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။
Crd Mmload

Add a Comment

Your email address will not be published. Required fields are marked *