စစ်​ကောင်စီကို လက်စား​ချေဖို့ အမှု တခု ထပ်တိုးလာပြီလို့ ​ဒေါသ​ပေါက်ကွဲစွာပြောဆိုလိုက်တဲ့ မင်း​မော်ကွန်း…

Unicode

သေဆုံးသွားတဲ့ ​ခွေး​လေး အတွက် စစ်​ကောင်စီကို လက်စား​ချေဖို့ အမှု တခု ထပ်တိုးလာပြီလို့ ​ဒေါသ​ပေါက်ကွဲစွာ ဆိုတဲ့ မင်း​မော်ကွန်း။

၂၀၂၁ခုနှစ်၊သြဂုတ်၂၃ရက်။

အကယ်ဒမီ မင်သား :” မင်း​​မော်ကွန်း”ဟာ စစ်​ကောင်စီကို ​တော်လှန်မှု​ကြောင့် ယခုအခါ လွတ်​မြောက်​နယ်​မြေသို့ မိသားစု ၃ဦး အတူတကွ တိမ်း​ရှောင်​နေရတာပဲဖြစ်ပါတယ်။ ယခုလို ​တိမ်း​ရှောင်ခဲ့ရာမှာ သူ့ရဲ့ အချစ်​တော် ​ခွေး​လေး မာယာလည်း ပါဝင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

မ​နေ့က သြဂုတ်၂၂ရက်ညမှာ “မင်း​မော်ကွန်း”၏ ​ခွေးက​လေး ‘မာယာ’ဟာ ကြမ်းတမ်းလှတဲ့ ​တော​တောင်ထဲမှာ ​သေဆုံးသွားခဲ့ရပြီ ဖြစ်လို့ ​ယခုလို ဒေါသ​ပေါက်ကွဲ​နေခြင်းပဲဖြစ်ပါတယ်။

ဒါရိုက်တာ ကို​ပေါက်က လည်း ​ခွေး​လေး မာယာအတွက် ကဗျာ​လေး တပုဒ် ​ရေးဖွဲ့ ခဲ့ပါတယ်။

မာယာတေးသွား

မြူတွေဝေတဲ့ လပြည့်
ဝါခေါင်ရဲ့ဝေလီဝေလင်းမှာ
မင်းနဲ့ဆုံမယ်မှန်းမသိခဲ့ဘူးလေ၊

ခရီးတွေကမိုင်ချီတော့
မင်းကလေးလိုက်နိုင်ပါ့မလားလို့ စိတ်ပူတယ်၊

အန္တရာယ်တွေက လက်တကမ်းမှာ
ကြိုကြိုစောင့်နေတော့
မင်းပန်းမှားလည်းစိုးတယ်၊

မင်းရဲ့ပင့်သက်ရှိုက်သံတွေကြား
မောမောပန်းပန်းပြေးကြရတော့
မင်းအဆင်ပြေပါ့မလားလဲ စိတ်ပူတယ်၊

တော်လှန်ရေးမှာ
ခဏတွေ့ရပေမယ့်
တသက်မမေ့အောင်လုပ်ရက်တယ် မာယာ၊

မင်းလေးရဲ့မျက်ဝန်းတွေကတောက်ပရက်တယ်
ဆုံသူတ်ိုင်းက မင်းကိုပဲအရုဏ်စွဲလို့
အခက်အခဲတစ်ချို့လည်း
မင်းမျက်ဝန်းကြောင့်ကျော်ခဲ့တယ်၊

ပန်းတိုင်ရောက်ခါနီးမှ
ထားရက်ခဲ့တာလား မာယာ၊

လေပြည်တိုက်တိုင်း
ဟိုဘက်ကမ်းက ဖားစည်သံတွေ
မင်းလေးကြားပါစေ၊

မာယာရေ
ဒေါနတောင်တန်းနဲ့သံလွင်မြစ်ကြီးကမင်းလေးရဲ့ ပင့်သက်ရှိုက်သံတွေကိုမာယာတေးသွားတစ်ပုဒ်လို
အကြိမ်ကြိမ်ဆိုညည်းနေအုံးမှာ…..

ကိုပေါက်
၂၂.၈.၂၀၂၁

(တော်လှန်ရေးခရီးတစ်ထောက်မှ တရက်တာပဲတွေ့လိုက်ရပြီးအခက်အခဲတွေအတူတူကျော်ဖြတ်ရင်း ကျဆုံးသွားတဲ့ မာယာအတွက် အမှတ်တရ)

တိရိစ္ဆာန်​လေး​တွေကို ချစ်မြတ်နိုးသူတ​ယောက် ဖြစ်သည်မို့ ယခုကဲ့သို့ ​​စစ်​ခေါင်း​ဆောင်အ​ပေါ် ဒေါသ​ပေါက်ကွဲခဲ့တာပဲပါ။ ​​ကျည်ဆံအစစ်၊လက်နက်အစစ်ဖြင့် လက်စား​ခြေဖို့ ပြန်လာမည်ဟု ပြည်သူချစ်တဲ့ မင်းသား တ​ယောက်က ယခုလို ​ကြွေး​​​ကျော်ခဲ့ ခြင်းလည်း ဖြစ်ပါသည်။

Credit

Zawgyi






မာယာတေးသွား

မြူတွေဝေတဲ့ လပြည့်




တော်လှန်ရေးမှာ
ခဏတွေ့ရပေမယ့်

ဆုံသူတိုင်းက မင်းကိုပဲအရုဏ်စွဲလို့
အခက်အခဲတစ်ချို့လည်း

ထားရက်ခဲ့တာလား မာယာ၊

လေပြည်တိုက်တိုင်း
မင်းလေးကြားပါစေ၊

မာယာရေ

ကိုပေါက်
၂၂.၈.၂၀၂၁



Credit

Add a Comment

Your email address will not be published. Required fields are marked *